အဖွင့် စာမျက်နှာ
Thursday, 24 July 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
Login Form





Lost Password?
No account yet? Register
ရယူရန်
ဓာတ်ပုံ
Syndicate
Who's Online
Newsflash
ဤကွန်ယက်စာမျက်နှာပေါ်တွင် တင်ပြထားသော အကြောင်းအရာ အများစုမှာ PDF ဖိုင်မှတဆင့် ပြန်လည် ကူးယူဖော်ပြထားခြင်းဖြစ်သဖြင့် စာလုံးပေါင်းသတ်ပုံ နှင့် အခြားနားမလည်နိုင်သော စာလုံးအက္ခရာများပါရှိတတ်သည်ကို နားလည်ပေးကြရန် တောင်းပန်အပ်ပါသည်။ သို့ဖြစ်ပါ၍ အချက်အလက် အမှန်ကို သိလိုက မူလ PDF ဖိုင်များကိုသာရယူကြရန် အသိပေးအပ်ပါသည်။
 
Latest News
ဒီချုပ် ရွေးကောက်ပွဲ ဝင်သင့်ဟု စစ်အစိုးရ သတင်းစာပြော Print E-mail

ဒီချုပ် ရွေးကောက်ပွဲ ဝင်သင့်ဟု စစ်အစိုးရ သတင်းစာပြော
(မဇ္ဈိမသတင်းဌာနမှ ကူးယူဖော်ပြသည်)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ပြည်တွင်း၌ ထိပ်တိုက်တွေ့ရေး လမ်းစဉ်ကို ဆက်မလုပ်ဘဲ စစ်အစိုးရ ဖွဲ့စည်းပုံကို လက်ခံကာ ရွေးကောက်ပွဲ ဝင်ရောက် အရွေးခံသင့်သည်ဟု စစ်အစိုးရ အာဘော် သတင်းစာတွင် ယနေ့ ဖော်ပြလိုက်သည်။ စစ်အစိုးရ အာဘော်ကို ထင်ဟပ်စေသော မြန်မာ့အလင်း သတင်းစာတွင် ဆောင်းပါးရှင် မောင်ကာဠု၏ “ဟုတ်ပါ့မလား၊ မောင်ကာဠု” ခေါင်းစဉ်ဖြင့် ရေးသားထားရာတွင် “ပြည်သူကို ယုံရင်၊ ဒီမိုကရေစီ အစစ်အမှန်ကို ယုံရင် ရွေးကောက်ပွဲ ယှဉ်ပြိုင်ဖို့က လွဲလို့ အခြား ဆူပူတာ၊ ထိပ်တိုက် ရင်ဆိုင်တာ၊ ပြည်ပနဲ့ ပေါင်းပြီး ပြည်တွင်းမှာ တိုက်ကွက်ဆင်တာမျိုး မလုပ်သင့်တော့ဘူး” ဟု ပါရှိသည်။ အမျိုးသား ညီလာခံကို ကျင်းပခဲ့ခြင်းမှာ ၁၉၄၇၊ ၁၉၇၄ အခြေခံ ဥပဒေ နေရာတွင် “ခိုင်မာကောင်းမြတ် ပြည်ဝစုံလင်သော အခြေခံ ဥပဒေ ရေးဆွဲရေး” အတွက် တရားဝင် ပါတီများ၊ ၁၉၉ဝ ရွေးကောက်ခံ ကိုယ်စားလှယ်များနှင့် တိုင်ပင်ဆောင်ရွက်ရန် မူချခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ၎င်းအပြင် ၁၉၉၃၊ အမျိုးသား ညီလာခံသို့ အန်အယ်ဒီမှ ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးသန်းထွန်း၊ ဦးညွန့်ဝေ စသော ခေါင်းဆောင်များအပြင်၊ အခြား အန်အယ်ဒီ ရွေးချယ်ခံ (၁ဝဝ) နီးပါး တက်ရောက်ခဲ့ပြီး အခြေခံမူ (၁ဝ၄) ချက် ချမှတ်ခြင်း၊ နိုင်ငံတော် သမတဆိုင်ရာ မူများ ရေးဆွဲခြင်း၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စု သတ်မှတ်ရေး အပိုင်းအထိ ပါဝင် ရေးဆွဲခဲ့သည်ဟု ဆိုထားသည်။

သို့သော် ၁၉၉၅ ခုနှစ်၊ ဇူလိုင်လတွင် ဒေါ်စု ပြန်လွတ်လာပြီးနောက် အဖွဲ့ချုပ်မှ ကိုယ်စားလှယ် (၈၆) ဦး စလုံး ညီလာခံမှ ထွက်သွားကြောင်း၊ အဖွဲ့ချုပ်၏ သပိတ်မှောက်ခြင်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုစဉ်က အမေရိကန် သံအမတ်ကြီး မယ်ဒလင်း အောဘရိုက်တို့၏ တွေ့ဆုံပြီးမှ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း စသည်ဖြင့် စွပ်စွဲထားသည်။  အန်အယ်ဒီ ခေါင်းဆောင်တဦး ဖြစ်သူ ဦးသိန်းညွန့်က “ဆောင်းပါးတွေနဲ့ ပတ်သက်လို့ ကျနော်တို့ အသေးစိတ် မပြောလိုဘူး။ ဒီနေ့ အစိုးရက တရားဝင် ထုတ်ပြောလာရင် ကျနော်တို့ အသေးစိတ် ပြန်ပြောမယ်။ ဆောင်းပါး တွေနဲ့ ပတ်သက်လို့ ပြောစရာတခု ရှိတာက အဖြစ်မှန်ကို မသိဘဲ ရေးနေတာလို့ပဲ ပြောပါရစေ” ဟု ပြောသည်။ ရွေးကောက်ပွဲတွင် အန်အယ်ဒီက ရွေးကောက်ပွဲ ဝင်မည်၊ မဝင်မည် ကိစ္စနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဥာဏ်ဝင်းက “အဲဒီအဆင့်က ပြောဖို့ စောပါသေးတယ်။ ဘာဖြစ်လိုလဲ ဆိုတော့ ဖွဲ့စည်းပုံက အတည်ဖြစ်လား၊ မဖြစ်လား မသိသေးဘူး။ ရွေးကောက်ပွဲဆိုတာ အဝေးကြီးပါ။ ဒီအချိန်မှာ ဒီဥစ္စာကို ဘာမှ ပြောစရာ မရှိသေးပါဘူး” မဇ္ဈိမသို့ ပြောကြားခဲ့သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ယမန်နေ့ ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေး ဝန်ကြီး၊ ဦးအောင်ကြည်တို့ တွေ့ဆုံ ဆွေးနွေးနေချိန်တွင် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲ ဝင်ခွင့်မပြုဟု ပြောဆိုလိုက်သဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် တိုင်းပြည် တည်ငြိမ်ရေးကို ထိခိုက်စေနိုင်သည်ဟု သတိပေးခဲ့သည်။ အန်အယ်လ်ဒီက ၁၉၉၅ ခုနှစ်တွင် ညီလာခံမှ မိမိတို့သဘောဖြင့် ထွက်ခွာလာခြင်း မဟုတ်ဘဲ ညီလာခံသို့ တင်ပြထားသော အချက်များအပေါ် ညီလာခံ ကျင်းပရေးကော်မရှင်က လက်မခံဘဲ အန်အယ်ဒီကို ညီလာခံမှ ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်ဟု ပြောသည်။

စစ်အစိုးရသည် ညီလာခံကို ကာကွယ်သည့် ဥပဒေတရပ် ပြဌာန်းခဲ့ပြီး ညီလာခံကို ဝေဖန်လျှင် ထောင်ဒဏ်အနှစ် (၂ဝ) အထိ အပြစ်ပေးနိုင်ကြောင်း အမိန့်ထုတ်ခဲ့သည်။ လေ့လာဆန်းစစ်သူများက ၂ဝဝ၄ ခုနှစ် ညီလာခံသို့ တက်ရောက်ခဲ့သော ကိုယ်စားလှယ်များ အားလုံးသည် စစ်အစိုးရ စိတ်ကြိုက် ရွေးထားသော ကိုယ်စားလှယ်များသာ ဖြစ်ပြီး ၎င်းတို့ အနက်တွင် ၁၉၉ဝ ရွေးကောက်ခံ ကိုယ်စားလှယ်၏ ပါဝင်မှု အချိုးအဆမှာ နည်းလွန်းသည်ဟု ထောက်ပြကြသည်။ ၁၉၉၃၊ ဇန်နဝါရီတွင် စတင်ခဲ့သော ညီလာခံတွင် ကိုယ်စားလှယ် (၇ဝ၂) ဦး တက်ရောက်ခဲ့သည့်အနက် ၁၉၉ဝ ရွေးကောက်ခံ ကိုယ်စားလှယ် (၉၉) ဦးသာ ပါဝင် တက်ရောက်ခဲ့သည်။ ၂ဝဝ၄ ညောင်နှစ်ပင်တွင် ညီလာခံ ကိုယ်စားလှယ် (၁ဝ၈၁) ဦးအနက် ရွေးကောက်ခံ ကိုယ်စားလှယ် (၁၃) ဦးကိုသာ စစ်အစိုးရက ဖိတ်ကြားခဲ့သည်။ အဆိုပါ ညီလာခံသို့ အပစ်အခတ်ရပ် အဖွဲ့များလည်း တက်ရောက်ခဲ့ပြီး မွန်ပြည်သစ် ပါတီသည် ညီလာခံ၏ လုပ်ထုံးလုပ်နည်းများကို လက်မခံနိုင်သဖြင့် ၂ဝဝ၅ ခုနှစ်တွင် ညီလာခံမှ ပြန်ထွက်ခဲ့သည်။ ညီလာခံ ကျင်းပနေစဉ် အတွင်း ငြိမ်းအဖွဲ့ (၁၇) ဖွဲ့အနက်မှ (၁၃) ဖွဲ့ လက်မှတ်ထိုးကာ အဆိုပြုချက်တခု တင်ပြခဲ့သော်လည်း စစ်အစိုးရဘက်က ညီလာခံ ပြီးဆုံးချိန်အထိ တုံ့ပြန်မှု မပြုခဲ့ပေ။

 
< Prev   Next >
 
Top! Top!