www.mamboteam.com
အဖွင့် စာမျက်နှာ arrow သတင်း arrow ပြည်တွင်းသတင်း arrow ဒေါ်စု ရွေးကောက်ပွဲ ဝင်ခွင့်မရ ဆိုခြင်းအပေါ် အဖွဲ့ချုပ်တုံ့ပြန်
Friday, 05 September 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
ရယူရန်
ဓာတ်ပုံ
Newsflash
The contents on this site contain Burmese Unicode, so if you can not see the contents on this site please download Zawgyi-One font from Here . If you want to see some more details please just have a look here
 
Latest News
ဒေါ်စု ရွေးကောက်ပွဲ ဝင်ခွင့်မရ ဆိုခြင်းအပေါ် အဖွဲ့ချုပ်တုံ့ပြန် Print E-mail

ဒေါ်စု ရွေးကောက်ပွဲ ဝင်ခွင့်မရ ဆိုခြင်းအပေါ် အဖွဲ့ချုပ်တုံ့ပြန်
(မဇ
္ဈိမသတင်းဌာနမှ ကူးယူဖော်ပြသည်

၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင် အရွေးခံခွင့်မရှိ ဟူသော ပြောဆိုချက်အပေါ် “ပုဂ္ဂိုလ်ရေး ထိုးနှက်ချက်” ဟု ဆိုကာ စစ်အစိုးရအ နေဖြင့် ပြောပိုင်ခွင့် မရှိဘဲ ပြောခြင်းဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယနေ့ တုံ့ပြန်လိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော် ဖခင်ကြီး၊ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့မှ မွေးဖွားလာသော မြန်မာနိုင်ငံသားတဦး ဖြစ်သဖြင့် ယခု ပြောဆိုမှုသည် ဒေါ်အောင်ဆန်းစုကြည် အပေါ် နိုင်ငံရေးနှင့် ပုဂ္ဂိုလ်ရေး ထိုးချက်နှက် ဖြစ်သည်ဟု အဖွဲ့ချုပ်က ပြောသည်။ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက “ဒီလို ပြောကြားခြင်းဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေလည်း မရှိ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေလည်း မရှိသေးတဲ့ အချိန်မှာ ပြောပိုင်ခွင့် မရှိတဲ့ ပုဂ္ဂိုလ်တဦးက ပြောတာ ဖြစ်တယ်။ အခုလို ပြောကြားခြင်းဟာ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအရ ထိုးနှက်ချက်ဖြစ်ပြီး ပုဂ္ဂိုလ်ရေးကို ပြောဆိုတဲ့ ပြောဆိုချက် ဖြစ်တယ်” ဟု ပြောသည်။  ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ရှိခြင်း၊ မရှိခြင်း ကိစ္စသည် ရွေးကောက်ပွဲ ဥပဒေအရ (သို့မဟုတ်) ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြောမည်ဖြစ်ပြီး ဥပဒေ မရှိသေးသော အချိန်တွင် ပြောကြားခြင်းသည်  ပြောပိုင်ခွင့်မရှိဘဲ ပြောခြင်းဟုလည်း ဦးဥာဏ်ဝင်းက ပြောသည်။

ထို့အပြင် စစ်အစိုးရ၏ ကန့်သတ်ချက်သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာချက် အပိုဒ် (၂) နှင့် (၂၁) တို့တွင် ပါဝင်သော အချက်များကို ချိုးဖောက်မှု ဖြစ်ရုံမျှမက၊  အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် နိုင်ငံတော် တည်ငြိမ်ရေးကို ထိခိုက်စေနိုင်ကြောင်း အန်အယ်ဒီက သတိပေးသည်။ ဦးဥာဏ်ဝင်းက “ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့၏ တိုင်းပြည်အကျိုးအတွက် စကားပြောနေတဲ့ အချိန်မှာ အခုလို မပြောသင့်၊ မပြောထိုက်တဲ့ဟာကို ပြောတာ ဖြစ်တဲ့အတွက် အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ နိုင်ငံတော် တည်ငြိမ်ရေးကို ထိခိုက်စေနိုင်တယ်” ဟု ပြောသည်။ ယနေ့ ထုတ်ပြန်ချက်သည် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ဝင်ခွင့်ပေးပါက အန်အယ်ဒီက ရွေးကောက် ပွဲဝင်မည့် သဘောလား ဟူသော မေးမြန်းချက်အပေါ် ဦးဥာဏ်ဝင်းက “အဲဒီအဆင့်က ပြောဖို့ စောပါသေးတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဖွဲ့စည်းပုံက အတည်ဖြစ်လား၊ မဖြစ်လား မသိသေးဘူး။ ရွေးကောက်ပွဲဆိုတာ အဝေးကြီးပါ။ ဒီအချိန်မှာ ဒီဥစ္စာကို ဘာမှ ပြောစရာ မရှိသေးပါဘူး” ဟု တုံ့ပြန်သည်။ “ကျနော်တို့ အခုထိရှိတဲ့ ဥပဒေထဲမှာ လုံးဝမပါဘူး။ အမျိုးသား ညီလာခံက ထုတ်တဲ့ အခြေခံမူထဲမှာ သမတ အရည်အချင်းနဲ့ ပတ်သက်လို့ ပါတယ်။ ကျန်တဲ့ လွှတ်တော် ကိုယ်စားလှယ်ထဲမှာ မပါဘူး” ဟု ဦးဥာဏ်ဝင်းက ပြောသည်။

 
< Prev   Next >
 
Top! Top!