www.mamboteam.com
အဖွင့် စာမျက်နှာ arrow မော်ကွန်းတိုက် arrow ရွေးကောက်ပွဲမှာ ဒေါ်စု မပါဝင်ကြောင်း စစ်အစိုးရ ဆုံးဖြတ်ချက် အာဆီယံစိုးရိမ်
Tuesday, 07 October 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
ရယူရန်
ဓာတ်ပုံ
Newsflash
The contents on this site contain Burmese Unicode, so if you can not see the contents on this site please download Zawgyi-One font from Here . If you want to see some more details please just have a look here
 
ရွေးကောက်ပွဲမှာ ဒေါ်စု မပါဝင်ကြောင်း စစ်အစိုးရ ဆုံးဖြတ်ချက် အာဆီယံစိုးရိမ် Print E-mail

ရွေးကောက်ပွဲမှာ ဒေါ်စု မပါဝင်ကြောင်း စစ်အစိုးရ ဆုံးဖြတ်ချက် အာဆီယံစိုးရိမ်
(ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်)

လာမယ့် ၂၀၁၀ မှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ခွင့်မပေးဖို့  မြန်မာစစ်အစိုးရက ဆုံးဖြတ်ချက်ချလိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ အာဆီယံနိုင်ငံတွေဘက်က စိုးရိမ်ပူပန်နေတဲ့အကြောင်းပြော လိုက်ပါတယ်။ ဒီ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်းရေးဆွဲ ပြီးစီးပြီလို့ မနေ့တုံးက မြန်မာစစ်အစိုးရက ကြေငြာတဲ့နောက်ပိုင်းမှာ အခုလိုမျိုး တုန့်ပြန် ပြောဆိုမှုတွေ ထွက်ပေါ်လာတာပါ။ အာဆီယံနိုင်ငံတွေရဲ့ ထုံးစံအတိုင်း တယောက်ရဲ့မူဝါဒကို နောက်တယောက်က ၀င်ပြီးတော့ မစွက်ဖက်ဘူးလို့ဆိုတဲ့ မူဝါဒကတော့ ဆက်ပြီးတော့ ဆုပ်ကိုင်ထားကြတုံးပါပဲ။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် နာအိုးမိ မာတစ် (Naomi Martig) ဟောင်ကောင်ကနေ သတင်းပေးပို့ထားတာကို ဦးကျော်အောင်လွင်က တင်ပြထားပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ အ၀င်မခံဘူးဆိုတဲ့ကိစ္စဟာ လက်ရှိ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်း၊ ဒေသတွင်းနိုင်ငံရေးအခင်းအကျင်း၊ မြန်မာပြည်ထဲက နိုင်ငံရေးအခင်းအကျင်းတွေနဲ့ အံဝင်ခွင်ကျမဖြစ်ဘူး၊ လွဲချော်နေတယ်လို့ စင်ကာပူနိုင်ငံခြားရေး ၀န်ကြီး George Yeo က မနေ့တုံးက ပြောလိုက်ပါတယ်။ စင်ကာပူနိုင်ငံဟာ လက်ရှိ အာဆီယံအသင်းရဲ့ ဥက္ကဋ္ဌနိုင်ငံဖြစ်ပြီးတော့ အခု အာဆီယံ ၁၀ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးလည်း စင်ကာပူမှာပဲ ကျင်းပနေတာပါ၊

အာဆီယံရဲ့မူဝါဒတွေအတိုင်း တပါးတိုင်းပြည်ရဲ့ ပြည်တွင်းရေးကို နိုင်ငံက ၀င်မစွက်ဖက်ဘူးဆိုတာကတော့ ဆက်ပြီးတော့ စွဲကိုင်ထားတဲ့ မူဝါဒပါပဲလို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီင်္း George Yeo ကပြောပါတယ်။ AMPIC လို့ခေါ်တဲ့ မြန်မာ့အရေး အာဆီယံ လွှတ်တော်အမတ်များအဖွဲ့က အမှုဆောင်ညွှန်ကြားရေးမှူး ရိုရှန် ဂျေဆင် (Roshan Jason) ကတော့ အာဆီယံဟာ မြန်မာပြည်အပေါ်မှာ ထားတဲ့သဘောထား အားနည်းနေတယ်လို့ ဝေဖန်ပါတယ်။ “ဘာဖြစ်လို့လည်းဆိုတော့ မကြာခင်ကပဲ သဘောတူလက်မှတ်ရေးထိုးခဲ့ကြတဲ့ အာဆီယံပဋိညာဉ် စာတမ်းမှာ ဒေသတွင်း နိုင်ငံတွေက လူ့အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ဖို့ဆိုပြီး ပါဝင်ပါတယ်၊ အာဆီယံနိုင်ငံတွေ အနေနဲ့ ဒေသတွင်းနိုင်ငံတွေက လူ့အခွင့်အရေးတွေကို လေးစားလိုက်နာပါ့မယ်လို့ ပြောဆိုထားတဲ့ ပေးထားတဲ့ ကတိက၀တ်တွေရှိပါတယ်၊ အခုတော့ ဒီကတိတွေအတိုင်း မလုပ်ဘူးဆိုတဲ့ သဘော ကျနော်မြင်ရပါတယ်။” ရိုရှန် ဂျေဆင်က ပြောသွားခဲ့တာပါ၊ မြန်မာပြည်က လူ့အခွင့်အရေးအခြေအနေတွေ အပေါ်မှာပြောဆိုနေတာတွေကို ကြည့်ရင် အာဆီယံကနေပြီးတော့ ပိုအားကောင်းတဲ့ လုပ်ဆောင်မှုတွေ ဖြစ်လာနိုင်လိမ့်မယ်လို့ သူ မျှော်လင့်မထားတဲ့ အကြောင်းလည်းဂျေဆန်ကပြောပါတယ်။ “အာဆီယံဒေသတွင်း နိုင်ငံတွေထဲမှာကိုပဲ လူ့အခွင့်အရေချိုးဖေါက်မှုတွေက သူ့အဆင့်နဲ့သူ မတူတဲ့ပုံစံတွေနဲ့ ရှိနေကြတာပါ၊ အာဏာရှင်တွေက အရပ်ဝတ်လဲပြီးတော့ အရပ်သား နိုင်ငံရေး အုပ်စုတွေ ဖွဲ့ပြီးတော့ လုပ်ကိုင်နေတာတွေ၊ တိုင်းပြည်ကို အုပ်ချုပ်နေတာတွေလည်း ရှိနေတုံးပါပဲ၊ သူ့ဥပဒေနဲ့သူ လူ့အခွင့်အရေးတွေကို အဆင်ပြေသလို ချိုးဖောက်နေတဲ့နိုင်ငံတွေဆိုတော့ မြန်မာပြည်အရေး အာဆီယံက ထိထိရောက်ရောက် လုပ်လာလိမ့်မယ်လို့ မထင်ပါဘူး။” AIPMC  လို့ခေါ်တဲ့ မြန်မာ့အရေး အာဆီယံလွှတ်တော် အမတ်များအဖွဲ့က အမှုဆောင် ညွှန်ကြားရေးမှူး ရိုရှန် ဂျေဆင်က နေပြီးတော့ ဗွီအိုအေကိုပြောသွားခဲ့တာပါ။

 
< Prev   Next >
 
Top! Top!