www.mamboteam.com
အဖွင့် စာမျက်နှာ arrow သတင်း arrow ပြည်တွင်းသတင်း arrow အခြေခံဥပဒေမူကြမ်း ရေးဆွဲပြီးကြောင်း စစ်အစိုးရကြေညာ၊ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ၀င်ခွင့်မပေး
Sunday, 12 October 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
ရယူရန်
ဓာတ်ပုံ
Newsflash
The contents on this site contain Burmese Unicode, so if you can not see the contents on this site please download Zawgyi-One font from Here . If you want to see some more details please just have a look here
 
Latest News
အခြေခံဥပဒေမူကြမ်း ရေးဆွဲပြီးကြောင်း စစ်အစိုးရကြေညာ၊ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ၀င်ခွင့်မပေး Print E-mail

အခြေခံဥပဒေမူကြမ်း ရေးဆွဲပြီးကြောင်း စစ်အစိုးရကြေညာ၊
ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ  ၀င်ခွင့်မပေး

(ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်)

မြန်မာစစ်အစိုးရက ဦးစီးကျင်းပ ရေးဆွဲနေတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်း ရေးဆွဲလာတာ ပြီးဆုံး သွားခဲ့ပါပြီလို့ အခုည မြန်မာ့အသံ ရေဒီယိုထုတ်လွှင့်ချက်တွေမှာ ဖော်ပြထားပါတယ်။ မူကြမ်းရေးဆွဲပြီးသွားတဲ့အခါ နောက်လာမယ့် မေလကျရင် ပြည်သူလူထုရဲ့ ဆန္ဒခံယူပွဲမှာ အဲဒီမူကြမ်းကို အတည်ပြုရေးလုပ်မယ်၊ ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲ နောက်တကြိမ်ထပ်ကျင်းပမယ်လို့ မကြာခင်တုန်းကပဲ မြန်မာစစ်အစိုးရက ကြေညာထားတာပါ။ ၁၉၉၀ ခုနှစ်တုန်းကလည်း ရွေးကောက်ပွဲတခုကို မြန်မာပြည်မှာ စစ်အစိုးရကပဲ ဦးစီး ကျင်းပပေးခဲ့ပါတယ်။ အဲဒီတုန်းက အန်န်အယ်လ်ဒီပါတီက မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့ပေမယ့် ရွေးကောက်ပွဲရလဒ်ဟာ အခုအချိန်အထိ အကောင်အထည်မဖော်နိုင်ဘဲ ဖြစ်နေခဲ့တာပါ။

မြန်မာစစ်အစိုးရကျင်းပခဲ့တဲ့ အမျိုးသားညီလာခံထဲမှာ အန်အယ်လ်ဒီပါတီက ပထမပိုင်းမှာ ပါခဲ့ပေမယ့် နောက်ပိုင်းမှာ နုတ်ထွက်သွားခဲ့ပါတယ်။ အခုလာမယ့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ အန်န်အယ်လ်ဒီပါတီရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခွင့် မပေးဘူးလို့ စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ဒီကနေ့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးကို ပြောဆိုတဲ့အကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဘာဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ၀င်ယှဉ်ပြိုင်ခွင့် မပေးရသလဲဆိုရင် ၁၉၇၄ ခု အခြေခံဥပဒေအရ နိုင်ငံခြားသားနဲ့ အိမ်ထောင်ပြုထားတဲ့သူ၊ နိုင်ငံခြားသားသမီးတွေ ရှိတဲ့သူကို ရွေးကောက်ပွဲဝင်ခွင့်မရှိဘူးလို့ ဦးဉာဏ်ဝင်းက ပြောဆိုထားတာဖြစ်ပါတယ်။

 
< Prev   Next >
 
Top! Top!