www.mamboteam.com
အဖွင့် စာမျက်နှာ
Sunday, 12 October 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
Login Form





Lost Password?
No account yet? Register
ရယူရန်
ဓာတ်ပုံ
Syndicate
Who's Online
Newsflash
The contents on this site contain Burmese Unicode, so if you can not see the contents on this site please download Zawgyi-One font from Here . If you want to see some more details please just have a look here
 
Latest News
စစ်အစိုးရရဲ့ အခြေခံဥပဒေ ဆန္ဒခံယူပွဲ ပြည်သူအတွက် အကျိုးမရှိနိုင်ကြောင်း အန်အယ်လ်ဒီ သတိပေး Print E-mail
စစ်အစိုးရရဲ့ အခြေခံဥပဒေ ဆန္ဒခံယူပွဲ ပြည်သူအတွက် အကျိုးမရှိနိုင်ကြောင်း အန်အယ်လ်ဒီ သတိပေး
(ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်) 

မြန်မာစစ်အစိုးရက ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွေလုပ်မယ်၊ ရွေးကောက်ပွဲအသစ်တွေ လုပ်ပေးမယ်ဆိုပြီး မကြာသေးခင်ကပဲ ပြောဆိုလိုက်တာဟာ တိုင်းပြည်အတွက်အကျိုးထက် အပြစ်သာများလိမ့်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က သတိပေးပြောဆိုလိုက်ပါတယ်။ ဒီလိုသာ တဖက်သတ် လုပ်ကိုင်မယ် ဆိုရင် အန်အယ်လ်ဒီအနေနဲ့ လူထုနဲ့အတူ ဒီမိုကရေစီရတဲ့အထိ ဆက်လက် လှုပ်ရှားသွားမယ်လို့လည်း အန်အယ်လ်ဒီက ပြောဆိုလိုက်ပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။ မြန်မာစစ်အစိုးရကကြီးမှူးပြီး ကျင်းပပြီးဆုံးသွားတဲ့ အမျိုးသားညီလာခံက ထွက်ပေါ်လာတဲ့ အခြေခံဥပဒေမူကြမ်းကို လာမယ့်မေလထဲမှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွေ ကျင်းပပြီး အတည်ပြုဖို့၊ နောက် ၂၀၁၀ ခုနှစ်ကြရင် ရွေးကောက်ပွဲ အသစ်တွေ ပြန်လည်ကျင်းပပေးဖို့ ထုတ်ပြန်ကြေညာခဲ့တာတွေဟာ တကယ်တမ်း တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို ပြေလည်စေမှာမဟုတ်ဘူးဆိုပြီး အန်အယ်လ်ဒီက ပြောဆိုလိုက်တာပါ။ သက်ဆိုင်သူတွေနဲ့ ဆွေးနွေးတိုင်ပင်တာတွေ မရှိဘဲ အခုလို အာဏာပိုင်တွေဘက်က တဖက်သတ် ကြေညာပြောဆိုလိုက်တာဟာ အကျိုးမရှိနိုင်တဲ့အကြောင်း အန်အယ်လ်ဒီက အထူးကြေညာချက်တစောင် ထုတ်ပြန်ပြောဆိုခဲ့တာနဲ့ ပတ်သက်လို့  ပြန်ကြားရေးအဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးသိန်းညွန့်က အခုလိုပြောပါတယ်။

“အခု ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေးဟာ ကျနော်တို့တိုင်းပြည်ရဲ့ အဓိက ကွင်းဆက်ပြဿနာကြီး။ ဒီအဓိက ကွင်းဆက်ပြဿနာကြီးကို အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ဘောင်အတွင်းမှ တွေ့ဆုံဆွေးနွေးကြပြီး အဖြေရှာပြီး လုပ်မှသာလျှင် ဒီကိစ္စကို အများပြည်သူအားလုံး ပူးပေါင်းပါဝင်ပြီး အတည်ပြုနိုင်မှာပါ။ အဲဒီအတည်ပြုနိုင်မှသာ၊ အဓိကကွင်းဆက်ကြီးကို ကိုင်နိုင်မှသာ ကျနော်တို့တိုင်းပြည် ယနေ့ရင်ဆိုင်နေရတဲ့ အခြားပြဿနာတွေ ပဋိပက္ခတွေကို ဖြေရှင်းနိုင်မှာပါ။ ဒါကြောင့် အခု အခြေခံ ဥပဒေကိစ္စဆိုတာ ကျနော်တို့တိုင်းပြည်ရဲ့ သေရေးရှင်ရေးကိစ္စကြီး။ အဲတော့ သေရေးရှင်ရေး ကိစ္စကြီးမှာ အာဏာပိုင်တွေ တဖက်သတ်ဆောင်ရွက်ရုံနဲ့ ကျနော်တို့တိုင်းပြည်ရဲ့ ပြဿနာကြီး ပြေလည်မှာမဟုတ်ဘူး။ အမျိုးသားပြန်လည်သင့်မြတ်ရေး ရမှာမဟုတ်ဘူး” တကယ်တော့ ၁၉၉၀ ပြည့်နှစ်တုန်းက မြန်မာစစ်အစိုးရ အာဏာပိုင်တွေက ရွေးကောက်ပွဲတွေ ကျင်းပပေးခဲ့ဘူးပေမယ့် ရွေးကောက်ပွဲရလဒ်တွေကို အသိအမှတ်မပြုသလို အဲဒီအချိန်ကပေးခဲ့တဲ့ ကတိက၀တ်တွေကိုလည်း ပျက်ကွက်ခဲ့တယ်လို့  အန်အယ်လ်ဒီရဲ့ ကြေညာချက်မှာ ပြောဆိုထားတာပါ။ အခုနောက်ဆုံး အစိုးရရဲ့ ကြေညာချက်တွေ ထွက်ပေါ်လာတဲ့ အချိန်ဟာလည်း အမျိုးသားပြန်လည်သင့်မြတ်ရေး အခြေအနေတွေ မရှိတဲ့အချိန်မှာ ပေါ်ပေါက်လာတာလို့လည်း ဦးသိန်းညွန့်က ဆိုပါ
တယ်။                                     

“အခုထုတ်ပြန်လိုက်တဲ့ ကြေညာချက်နှစ်ခုစလုံးက ကျနော်တို့ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဏာပိုင်တွေနဲ့ စကားပြောနေတဲ့အချိန်မှာ ထုတ်ပြန်ခဲ့တာ။ အဲဒီလို စကားပြောတဲ့အဆင့်ကနေ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှု မရှိတဲ့ကာလမှာ ဒါတဖက်သတ်ကြေညာချက်ထုတ်တယ်။ အဲဒီကြေညာချက်ထုတ်တဲ့အခါမှာ ဒီကြေညာချက်ဟာ အာဏာပိုင်တွေကို ပြန်မေးရမယ့်အချက်ကတော့ ၉၀ ခုနှစ်ရွေးကောက်ပွဲ ရလဒ်ကို ဘယ်လို သဘောထားသလဲ။ အဲဒီသဘောထားကလည်း ဘာကြောင့်ထားသလဲ။ ဒါက ပြည်သူလူထုကို အာဏာပိုင်တွေက ဒီကြေညာချက်ထုတ်တဲ့အခါမှာ ဦးစွာရှင်းလင်းဖို့ တာဝန်ရှိတယ်။ “နောက်တချက်က အခုထုတ်ပြန်လိုက်တဲ့အချိန်မှာ ဖွဲ့စည်းပုံအခြေခံမူကြမ်းကိုလည်း ထုတ်ပြန်ထားခြင်းမရှိသေးဘူး။ ဒီမူကြမ်းကို အတည်ပြုမယ့် ဥပဒေလည်း ထုတ်ပြန်ထားခြင်း မရှိသေးဘူး။ အဲဒီအပြင် ဒီအခြေခံဥပဒေဆိုတာလည်း ပြည်သူက လုပ်ပိုင်ခွင့်ပေးထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ကြေညာချက် ၁/၉၀ အရ ရေးဆွဲထားခြင်းမဟုတ်ဘူး” မကြာခင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွေ ကျင်းပပြီး အခြေခံဥပဒေမူကြမ်းကို အတည်ပြုမယ်လို့ ကြေညာထားပေမယ့်လည်း လူထုအပါအ၀င် သက်ဆိုင်သူတွေအနေနဲ့ တိုင်းပြည်အတွက် အရေးကြီးတဲ့ ဒီလိုကိစ္စမျိုးမှာ ထဲထဲဝင်ဝင် ပါဝင်နိုင်တဲ့ အခွင့်အလမ်းတွေ မရှိတာကြောင့်လည်း အန်အယ်လ်ဒီအနေနဲ့ အခုလို သူ့ရဲ့ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ထုတ်ပြန်ပြောဆိုရတာလို့ ဦးသိန်းညွန့်က ပြောပါတယ်။ ဒီလိုသာ သူတို့သဘောနဲ့သူတို့ ကြေညာထားတဲ့အတိုင်း ဆက်လုပ်သွားမယ်ဆိုရင် ပေါ်ထွက်လာမယ့် အကျိုးဆက်တွေအတွက် အာဏာပိုင်တွေမှာသာ တာဝန်ရှိမယ်လို့လည်း သတိပေးလိုက်ပါတယ်။

“ဒီကြေညာချက်များအရ ဆက်လက်ပြီးတော့ သွားမယ်ဆိုရင် ပြည်သူ့ဆန္ဒကို လျစ်လျူရှုတဲ့သဘော ဖြစ်သွားမယ်။ ဒီအချက်ဟာ မဖြစ်သင့်ဘူး။ နောက်တခါ ကိုယ်ထုတ်ပြန် ထားတဲ့ဥပဒေတွေကို ကိုယ်လိုက်နာရမယ်။ ဒါ့အပြင် ဒီ့ထက်ပိုအရေးကြီးတာက ကျနော်တို့ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိဖို့ ဆောင်ရွက်ပေးနေတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဥက္ကဋ္ဌရဲ့ ကြေညာချက်၊ အတွင်းရေးမှူးရဲ့ ကြေညာချက်အရဆိုရင် အခြေခံဥပဒေဆိုတာ သက်ဆိုင်သူအားလုံး ပူးပေါင်းပါဝင်ရမယ်၊ ပွင့်လင်းမြင်သာရမယ်၊ မြန်မာနိုင်ငံလူထုရဲ့ သဘောထားတွေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လို့ရရမယ်။ အခု ဒီကြေညာချက်အရဆိုရင် ဗမာလူထု၊ လွှတ်တော်ကိုယ်စားလှယ်တွေရော ပါဝင်ဖို့ အခွင့်အလမ်း ပိတ်ဆို့ထားသလို ဖြစ်သွားပါမယ်။ အဲဒီလိုဆောင်ရွက်မှုမျိုးက ကျနော်တို့တိုင်းပြည်ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အထောက်အကူမပြုဘူး။ နိုင်ငံရေးအရ အဓိပ္ပာယ်ပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးရေးကိုလည်း ထိခိုက်စေတယ်။ အဲဒီလိုအချက်များကို ဆောင်ရွက်မယ်ဆိုရင် တဖက်သတ်ဆောင်ရွက်တဲ့ အာဏာပိုင်တွေပေါ်မှာသာ ကျနော်တို့တိုင်းပြည်ရဲ့ သမိုင်းဆိုင်ရာ တာဝန်ရှိမှု ဖြစ်လာတော့မယ်” တကယ်တော့ မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံတကာနဲ့ ဒီမိုကရေစီရေး အင်အားစုတွေကပါ တိုက်တွန်းနေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လက်ခံဆောင်ရွက်လေ့မရှိသလို သူတို့ချမှတ်ထားတဲ့ မူဝါဒလမ်းစဉ် ၇ ရပ်ကသာ တိုင်းပြည်အတွက် သင့်တော်တဲ့ ဒီမို ကရေစီပြုပြင်ပြောင်းလဲရေး လမ်းစဉ်အဖြစ် တစိုက်မတ်မတ် ပြောဆိုနေတာပါ။ ဒီလို အခြေအနေမျိုးမှာ အခုလို အန်အယ်လ်ဒီက တိုက်တွန်းပြောဆိုမှုတွေအပေါ် လက်မခံ ပယ်ချမယ်ဆိုရင် အန်အယ်လ်ဒီဘက်က ရှေ့ဆက်ဆောင်ရွက်နိုင်မယ့် အခြေအနေမျိုးတွေ ရှိနိုင်ပါသလား။

ဦးသိန်းညွန့်ကတော့ …

“ကျနော်တို့အဖွဲ့ချုပ်ကို ထူထောင်ခဲ့တာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရရှိဖို့။ အဲဒီလို တဖက်သတ် ဆောင်ရွက်ချက်တွေက ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရမယ့်ကိစ္စကို ထိခိုက်တဲ့အချက်ဆိုရင်တော့ ကျနော်တို့အဖွဲ့ချုပ်က ကျနော်တို့အဖွဲ့ချုပ်ဖွဲ့တဲ့ ရည်မှန်းချက်အတိုင်း လူထုကိုအားကိုးပြီး ဆက်လက်ပြီး လူထုနဲ့အတူ ရုန်းကန်လှုပ်ရှားသွားရမှာပါ” အခြေခံဥပဒေရေးရာကိစ္စတွေအတွက် မကြာသေးခင်ကမှ ဖွဲ့စည်းလိုက်တဲ့ အန်အယ်လ်ဒီရဲ့ အထူးပြန်ကြားရေးအဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးသိန်းညွန့် ပြောပြသွားတာဖြစ်ပါတယ်။ အန်အယ်လ်ဒီဘက်က အစိုးရရဲ့ ကြေညာချက်တွေကို လက်မခံနိုင်ကြောင်း ပြောဆိုနေချိန်နဲ့ မရှေးမနှောင်းဆိုသလိုပဲ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေကလည်း အစိုးရက ကမကထလုပ် ကျင်းပမယ့် ဆန္ဒခံယူပွဲတွေကို ဆန့်ကျင်သွားဖို့ တိုက်တွန်းနှိုးဆော်မှုတွေကလည်း ရှိနေတာပါ။

 
< Prev   Next >
 
Top! Top!