|
ရာဇသံ ကိုးဆယ်ပြည့်နှစ် ရွေးကောက်ပွဲကို အငြိုးသဖွယ် ညစ်လို့ ဘေးရောက်သွားအောင် တမျိုးဖယ်ပစ်ဖို့ မကြိုးစားပါနဲ့ ... ဒို့အသည်းကြားက မဲတပြားကို တရွေးသားမှ မလျှော့နိုင်ဘူးဟဲ့။ ရွေးကောက်ပွဲရဲ့ ရလဒ်များကို မှေးမှိန် ပျောက်လို့ အဆုံးသတ်သွားအောင် သေးသိမ်နှောက်ဖိုဏ္ဍ မစဉ်းစားပါနဲ့ ... ဒို့အသည်းကြားက မဲပြားအထက်မှာ အသက် သွေးချွေးတွေ စတေး ထားလေရဲ့။
“ပြည်သူ့ဆန္ဒ ဒို့ဆန္ဒဟေ့ ပြည်သူ့အာဏာ ဒို့အာဏာဟေ့ ပြည်သူ့အစိုးရ ဒို့အစိုးရဟေ့” မရိုးသားတဲ့ ကလိမ်ဥာဏ် အရှုတ်နဲ့ အဆိုးများမယ့် အလိမ်သဏ္ဌာန် သရုပ်ကို စစ်ဗိုလ်ချုပ်တွေ ဇွတ်လုပ်နေရင် ဒို့တမျိုးသားလုံး အကုန် အုံကြွလို့ သူပုန် အစုံ ထကာ တိုက်ဖျက်ပစ်မယ် ကိုးဆယ်ပြည့်နှစ် ရွေးကောက်ပွဲဟာ ဒဏ္ဍာရီလာ ပုံပြင် မဟုတ်ဘူး။ ရန်နိုင်ထွန်း NLD – LA (Korea) |