www.mamboteam.com
အဖွင့် စာမျက်နှာ arrow သတင်း arrow အထွေထွေ arrow ဖဒိုမန်းရှာ လုပ်ကြံခံရ၍ ကွယ်လွန်
Wednesday, 08 October 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
ရယူရန်
ဓာတ်ပုံ
Newsflash
The contents on this site contain Burmese Unicode, so if you can not see the contents on this site please download Zawgyi-One font from Here . If you want to see some more details please just have a look here
 
Latest News
ဖဒိုမန်းရှာ လုပ်ကြံခံရ၍ ကွယ်လွန် Print E-mail

ဖဒိုမန်းရှာ လုပ်ကြံခံရ၍ ကွယ်လွန်
(ဧရာဝတီအင်တာနက်မဂ္ဂဇင်းမှ ကူးယူဖော်ပြသည်)

ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) အထွေထွေအတွင်းရေးမှူုး ဖဒိုမန်းရှာသည် ယနေ့ ညနေပိုင်းတွင် ထိုင်းနိုင်ငံ မဲဆောက်မြို့နေအိမ်၌ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရမှုကြောင့် ကွယ်လွန်သွားကြောင်း သိရသည်။ ညနေ ၄း ၃၀ နာရီ ခန့်က နေအိမ်ရှေ့သို့ လူ ၂ ဦး ရောက်ရှိလာကာ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံမှုကြောင့် အသက် ၆၅ နှစ်ရှိ ဖဒိုမန်းရှာသည် ဒဏ်ရာ ပြင်းထန်စွာ ရရှိပြီး ကွယ်လွန်သွားကြောင်း၊ လုပ်ကြံသူများကိုမူ မသိရှိရသေးကြောင်း ကေအန်ယူ တွဲဖက် အထွေထွေအတွင်းရေးမှူး ဒေးဗစ်တာကပေါ က ဧရာဝတီသို့ ပြောသည်။ “လူ ၂ ယောက် အိမ်ပေါ်ကို လှေကားကနေ တက်လာပြီး ကရင်လိုနှုတ်ဆက်တယ်၊ ပြီးတော့ သေနတ်နဲ့ ဖဒိုမန်းရှာရဲ့ ရင်ညွန့်ကို ၂ ချက်ပစ်တာ နေရာမှာတင် ပွဲချင်းပြီး သေသွားတာ”ဟု မျက်မြင် ကရင်အမျိုးသမီး တဦး ကလည်း ပြောသည်။ အဆိုပါ သေနတ်သမား ၂ ဦးမှာ ဖဒိုမန်းရှာ၏ အိမ်ရှေ့သို့ ကားတစီးဖြင့် ရောက်ရှိ လာခြင်းဖြစ်ကြောင်း၊ အခင်းဖြစ် ပွားချိန်တွင် အိမ်အောက်၌ တခြားသူ တဦးလည်း ရှိနေကြောင်း သိရသည်။

ဖဒိုမန်းရှာသည် ၂၀၀၀ ခုနှစ်က ပြုလုပ်သည့် ၁၂ ကြိမ်မြောက် ကွန်ဂရက်မှ စတင်၍ ကေအန်ယူ အထွေထွေ အတွင်းရေးမှူးဖြစ်ခဲ့ပြီး မြန်မာစစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် ပါဝင်ခဲ့သူဖြစ်သည်။ ၎င်းသည် ကရင်အမျိုးသား ခေါင်းဆောင်များထဲတွင် တိုင်းရင်းသားများနှင့် မြန်မာများအကြား အလေးစားခံရသူ တဦးလည်း ဖြစ်သည်။ ဖဒိုမန်းရှာမှာ ရန်ကုန်တက္ကသိုလ်သို့ ၁၉၆၂ ခုနှစ်တွင် စတင်ရောက်ရှိခဲ့ပြီး ဆဲဗင်းဇူလိုင် အရေးအခင်း နှင့်လည်း ကြုံခဲ့ရ သည်။ ၁၉၆၆ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ သမိုင်းဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ပြီးနောက် တောခို၍ ကရင့်တော်လှန်ရေးတွင် ပါဝင်ခဲ့သည်မှာ ကွယ်လွန်ချိန်အထိဖြစ်သည်။ ဖဒိုမန်းရှာသည် ရေဆန် ဟူသော ကလောင်အမည်ဖြင့် စာများရေးသားခဲ့သော စာရေးဆရာ တဦးလည်းဖြစ်သည်။ ဖဒိုမန်းရှာ ကွယ်လွန်ချိန်တွင် သမီး ၂ ဦးနှင့် သား ၁ ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။

 
< Prev   Next >
 
Top! Top!