www.mamboteam.com
အဖွင့် စာမျက်နှာ arrow မော်ကွန်းတိုက် arrow အန်အယ်လ်ဒီခေါင်းဆောင် ဦးတင်ဦးကို အကျယ်ချုပ်သက်တမ်း ထပ်တိုး
Sunday, 12 October 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
ရယူရန်
ဓာတ်ပုံ
Newsflash
The contents on this site contain Burmese Unicode, so if you can not see the contents on this site please download Zawgyi-One font from Here . If you want to see some more details please just have a look here
 
အန်အယ်လ်ဒီခေါင်းဆောင် ဦးတင်ဦးကို အကျယ်ချုပ်သက်တမ်း ထပ်တိုး Print E-mail

အန်အယ်လ်ဒီခေါင်းဆောင် ဦးတင်ဦးကို အကျယ်ချုပ်သက်တမ်း ထပ်တိုး
(ခေတ်ပြိုင်ဂျာနယ်မှ ကူးယူဖော်ပြသည်)

အမျိုးသားဒီိမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးကို နအဖစစ်အစိုးရက နေအိမ်အကျယ်ချုပ် သက်တမ်း (၁) နှစ် ထပ်တိုးလိုက်ကြောင်း ရန်ကုန်မှလာသော အေပီသတင်းတွင် ဖော်ပြသည်။ အကျယ်ချုပ် သက်တမ်း တိုးလိုက်ကြောင်းကို  ပြည်ထဲရေးတာဝန်ရှိသူများက ဦးတင်ဦး၏အိမ်သို့ ယမန်နေ့က လာရောက် အသိပေးခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသူ ဦးတင်ဦး၏ ဆွေမျိုးတဦးကို ကိုးကား၍ သတင်းတွင် ဖော်ပြသည်။ သက်တမ်းတိုး အမိန့်ကို စစ်အစိုးရက လူသိရှင်ကြား ထုတ်ပြန်ကြေညာခြင်းမရှိဘဲ နေအိမ်သို့သွားရောက်၍ ဖတ်ပြခြင်း ဖြစ်ကြောင်း သိရသည်။ ဦးတင်ဦး နေအိမ်အကျယ်ချုပ် ကျခံနေရသည်မှာ (၄) နှစ်ရှိပြီဖြစ်ပြီး ၎င်း၏အိမ်သို့ ဧည့်သည်များ လာရောက်ခွင့်မရှိသလို ပုံမှန်ဆေးကုသခွင့်လည်းမရရှိဟု ဦးတင်ဦး၏ ဆွေးမျိုးတဦးက ပြောသည်။

ပြီးခဲ့သည့် ဇန်န၀ါရီ (၃၀) ရက်က ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ တွေ့ဆုံမှု၌ ဦးတင်ဦးကို ပါဝင်ခွင့်ပေးရန် အန်အယ်လ်ဒီက တောင်းဆိုခဲ့သော်လည်း အာဏာပိုင်များက ခွင့်မပြုခဲ့ကြောင်း အန်အယ်လ်ဒီမှ သိရသည်။ အသက် (၈၁) နှစ်အရွယ် ဦးတင်ဦးသည် အန်အယ်လ်ဒီပါတီကို စတင်တည်ထောင်ရာတွင် ပါဝင်သူတဦးဖြစ်သည်။ ၂၀၀၃ ခု မေလက ဒီပဲယင်းအရပ်၌ ဒေါ်အောင်ဆန်းစုကြည် နှင့် အတူ နအဖ လက်ကိုင်တုတ်များ၏ အကြမ်းဖက် တိုက်ခိုက်ခံရပြီး ကလေးမြို့အကျဉ်းထောင်၌ ထိန်းသိမ်းခံရသည်။ ၂၀၀၄ ဖေဖော်ဝါရီ (၁၃) ရက်၌  ၎င်းအား နေအိမ်အကျယ်ချုပ်ဖြင့် ပြောင်းလဲထိန်းသိမ်းခဲ့သည်။       ။

 
< Prev   Next >
 
Top! Top!