www.mamboteam.com
အဖွင့် စာမျက်နှာ arrow မော်ကွန်းတိုက် arrow ဖျက်၍ မပျက်နိုင်သော သူရဲကောင်းမှတ်တမ်း
Wednesday, 08 October 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
ရယူရန်
ဓာတ်ပုံ
Newsflash
ဤကွန်ယက်စာမျက်နှာပေါ်တွင် တင်ပြထားသော အကြောင်းအရာ အများစုမှာ PDF ဖိုင်မှတဆင့် ပြန်လည် ကူးယူဖော်ပြထားခြင်းဖြစ်သဖြင့် စာလုံးပေါင်းသတ်ပုံ နှင့် အခြားနားမလည်နိုင်သော စာလုံးအက္ခရာများပါရှိတတ်သည်ကို နားလည်ပေးကြရန် တောင်းပန်အပ်ပါသည်။ သို့ဖြစ်ပါ၍ အချက်အလက် အမှန်ကို သိလိုက မူလ PDF ဖိုင်များကိုသာရယူကြရန် အသိပေးအပ်ပါသည်။
 
ဖျက်၍ မပျက်နိုင်သော သူရဲကောင်းမှတ်တမ်း Print E-mail

ဖျက်၍ မပျက်နိုင်သော သူရဲကောင်းမှတ်တမ်း
(ဧရာဝတီအင်တာနက်မဂ္ဂဇင်းမှ ကူးယူဖော်ပြသည်)
ရေးသားသူ - အေးချမ်းမြေ့

ထိုစဉ်က ကျမ၏အသက်မှာ ခုနစ်နှစ်ခန့်သာရှိဦးမည်။ ကျမအစ်ကိုက ၁၁ နှစ်ခန့် အရွယ်။ ကျမတို့မောင်နှမ ကစားနေကြရင်း အစ်ကိုက ကျမကို မေးခွန်းတခု ပဟေဠိဖွက်သည့်သဘော မေးသည်။ “ကမ္ဘာပေါ်က ပေါက်သမျှအီးတွေထဲမှာ ဘယ်သူ့အီးကအမွှေးဆုံးလဲသိလား” ဟူ၍ဖြစ်၏။ ကျမက မဆိုင်းမတွ ကောက်ကာ ငင်ကာပင်ဖြေလိုက်သည်။ “သိတာပေါ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့အီးလေ” ဟူ၍။ မေးခွန်းမေးသည့် အကိုတော်တော်ကြောင်သွားခဲ့သည်။ သူ့အဖြေက ကိုယ်ပေါက်တဲ့အီး ကိုယ်အမွှေးဆုံးဟူ၍ဖြစ်ကြောင်း နောက်မှ သိလိုက်ရသည်။ ကျမတို့မောင်နှမ၏ မေးခွန်းနှင့် အဖြေကို ဘေးမှ တိတ်တဆိတ် နားထောင် နေသော အဖေက မျက်ရည်ထွက်အောင်ပင် ရယ်ခဲ့၏။ အဲဒီအဖြစ်အပျက်ကလေး ကို ကျမ၏အစ် ကိုကတော့ သတိရသေးရဲ့လားမသိပါ။ ကျမကတော့ ဒီနေ့ထက်တိုင် မမေ့နိုင်ခဲ့။ ကျမငယ်ငယ်က အဲဒီအတိုင်းပင်ထင်ခဲ့မိသည်။ ဗိုလ်ချုပ်လုပ်သမျှ အကုန်ကောင်းသည်။ ဗိုလ်ချုပ်ပေါက်သည့် အီးကပင် ကမ္ဘာပေါ်တွင်အမွှေးဆုံးဖြစ်လိမ့်မည်ဟု။ ကျမတို့ကလေးများ ထင်မည်ဆိုလည်း ထင်လောက်သည်။ ဗိုလ်ချုပ်အောင်ဆန်း ဆိုတာ ကျမတို့ကလေးများ၏ နှလုံးသားနုနု ကလေးများထဲတွင် သူရဲကောင်း။ အဲဒီလိုသိဖို့ ကျမတို့ မူလတန်းဆရာ၊ ဆရာမများက သင်ကြားပေးခဲ့သည်။

“ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ၊ တထောင့်ကိုးရာ တဆယ့်ငါး ရှေ့နေဦးဖာသား” အစချီသည့် ကဗျာလေးကို အလွတ် ကျက်ကြသည်။ အပြိုင်အော်ကြသည်။ ယနေ့သည် ကျမတို့မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို မွေးဖွားခဲ့သော ဖေဖော်ဝါရီ၁၃ရက်ဖြစ်ပါသည်။ သို့သော် ကျမတို့ ငယ် ငယ်က ကျက်ခဲ့ အော်ခဲ့သော ကဗျာလေးကို တတိယတန်း ကျောင်းသင်္ခန်းစာပြဌာန်း စာအုပ်များထဲမှ ဖယ်ထုတ်လိုက်ကြပြီ။ ထိုကဗျာလေးက ဗိုလ်ချုပ်အကြောင်းကို ကျစ်လျစ်သိပ်သည်းစွာ ဖော်ပြပေးခဲ့သဖြင့် ကျမတို့ကလေးများ ဗိုလ်ချုပ်အကြောင်းကို အလိုလိုနေရင်းအကျဉ်းချုပ်သိရှိနိုင်ခဲ့သည်။ ယနေ့ကလေးများကတော့ ဗိုလ်ချုပ်အောင်ဆန်း ဆိုသည်ကို ပါဝါရိန်းဂျား လောက်ပင်သိမည် မထင်တော့။ ကျမတို့ငယ်ငယ်က သူရဲကောင်းမှာ ဗိုလ်ချုပ်အောင်ဆန်းဖြစ်ခဲ့သော်လည်း ယနေ့ကလေး များအတွက် စပိုင်ဒါမင်းက သူရဲကောင်းဖြစ်နေတော့သည်။ ကျမတို့ငယ်ငယ်က ဗိုလ်ချုပ်အကြောင်း ကျဘန်းစကားပြောပြိုင်ရသည်။ ဗိုလ်ချုပ်၏ပုံတူ အဆွဲပြိုင် ကြရတာမှတ်မိသည်။ ဗိုလ်ချုပ်၏ ဓာတ်ပုံများ အိမ်တိုင်းမှာ ချိတ်ဆွဲထားကြသည်။ ကျမတို့သုံးသော ပိုက်ဆံများတွင် ဗိုလ်ချုပ်၏ဓာတ်ပုံများ ပါရှိသည်။ ဗိုလ်ချုပ်မွေးနေ့ကို ကလေးများနေ့အဖြစ် သတ်မှတ်ထားသည်။

လက်ရှိစစ်အစိုးရက ဗိုလ်ချုပ်၏ပုံရိပ်ကို ကလေးများ၏ ရင်ထဲသို့မဝင်စေရန် နည်းမျိုးစုံဖြင့် ပိတ်ဆို့တားဆီးနေသည်။ ကျောင်းများတွင်ဗိုလ်ချုပ်အကြောင်း မသင်ပေးကြတော့။ ငွေစက္ကူများပေါ်တွင် ဗိုလ်ချုပ်၏ ဓာတ်ပုံများနေရာ၌ တောတိရစ္ဆာန် ခြင်္သေ့ပုံများ နေရာယူခဲ့ပြီ။ မြန်မာနိုင်ငံ ကလေးများနေ့ဆိုတာလည်း ဘယ်သူကမှ သတိမရတော့။ ယခုလက်ရှိတွင် အသက်၃၀ ကျော်အရွယ်ရှိ မိဘဖြစ်သူများကသာ လက်ဆင့်ကမ်းသင်ပြမပေးလျင် ဗိုလ်ချုပ်အောင်ဆန်း ဆိုသည့် မြန်မာ့သူရဲကောင်းတယောက်၏ ပုံရိပ်များ မှေးမှိန်ပျောက်ကွယ်ရတော့မည်။  အသက်၄၀ အရွယ်ရှိ ကိုထွန်းထွန်းကတော့ သူ၏သားနှစ်ယောက်ကို ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ပုံပြင်သဖွယ် အမြဲတမ်းပြောပြလေ့ရှိသည်ဟု ဧရာဝတီကိုပြောသည်။ ၎င်းတို့ငယ်စဉ်က ဆရာဆရာမများကျေးဇူးကြောင့် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း သေသေချာချာသိခွင့်ရခဲ့သည်ဟုဆိုသည်။ “အခုလက်ရှိ မိဘတွေကသာ ကလေးတွေကိုပြောမပြဘူးဆိုရင် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း သိကြတော့မှာမဟုတ်ဘူး” ဟု သူကပြောပြသည်။ ကိုထွန်းထွန်းမှာ ဗိုလ်ချုပ်ကိုအားကျပြီး စစ်တပ်ထဲသို့ ဝင်ခဲ့ သူဖြစ်သည်။ သို့ရာတွင် လက်ရှိစစ်အစိုးရ ကို မုန်းတီးမိပြီး စစ်တပ်မှထွက်ခဲ့သည်ဟုဆိုသည်။

“ကျနော်တို့ငယ်ငယ်ကတော့ ဆရာ ဆရာမတွေကကျောင်းမှာ အမြဲပြောပြတယ်။ နောက်ပိုင်း ဗိုလ်ချုပ်ရဲ့ ပုံရိပ်ကို အစိုးရက ဖျောက်ဖျက်ပစ်ချင်တော့ ကျောင်းတွေမှာ မသင်ပေးတော့ဘူး။ အသက်၂၅နှစ်လောက်က နေအောက်ပိုင်း ကလေးတွေဆို ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ကောင်းကောင်းမသိကြတော့ဘူး” ဟု ကိုထွန်းထွန်းက စိတ်မကောင်းစွာပြောပြသည်။ “တလောက တက္ကသိုလ်နောက်ဆုံးနှစ်တက်နေတဲ့ ညီမတယောက်ကို မေးကြည့်တာ အာဇာနည်ကိုးဦး ဆိုတာ ဘယ်သူတွေ လဲတောင် မသိတော့ဘူး။ သူက မူလတန်းကလေးတွေကို စာပြပေးနေတဲ့ ဆရာမလေ” ဟု ၎င်းကဆက်ပြောသည်။ ရန်ကုန်မြို့ရှိ ပုဂ္ဂလိကမူကြိုကျောင်းအုပ်ကြီးတဦးကမူ လက်ရှိစစ် အစိုးရအနေနှင့် ဗိုလ်ချုပ်အောင်ဆန်းကို ပြည်သူများက မေ့ပျောက်သွားစေရန်ရည်ရွယ်၍ တမင်ဖျောက်ဖျက်ထားခြင်း ဖြစ်သည်ဟု ပြောသည်။ ရန်ကုန်မြို့တွင် ဖေဖော်ဝါရီလဆန်းကတည်းက ၁၄ရက်နေ့တွင် ကျရောက်မည့် ချစ်သူများနေ့အတွက် ကြိုတင်ပြင်ဆင်နေ ကြသော်လည်း ဖေဖော်ဝါရီ ၁၃ရက်နေ့တွင် ကျရောက်မည့် ဗိုလ်ချုပ်မွေးနေ့ကိုမူ မည်သူမျှ သတိမမူမိကြကြောင်း စာရေး ဆရာမတဦးကပြောသည်။

“စီးတီးအက်ဖ်အမ်က ချစ်သူများနေ့အတွက်သီချင်းတွေ လွှင့်ပေးတယ်၊ စာအုပ်တွေထုတ်ကြတယ်။ ဈေးဆိုင် တွေဆိုရင် လည်း ချစ်သူများနေ့ကိုရည်ရွယ်ပြီး ပရိုမိုးရှင်းတွေလုပ်ကြတယ်။ လွတ်လပ်ရေးခေါင်းဆောင်ကြီး တယောက်လုံးရဲ့မွေးနေ့ ဆိုတာကိုတော့ ဘယ်သူမှမသိတော့ဘူး” ဟု ၎င်းကပြောသည်။ ဆက်လက်၍ ၎င်းက လူများအနေနှင့် ဗိုလ်ချုပ်အကြောင်း ကို မမှတ်မိရုံမဟုတ်ဘဲ လုံးဝမသိတော့ခြင်းဖြစ်ကြောင်း ပြောပြ သည်။ “ကျမတို့နဲ့အတူတူ ဖေဖော်ဝါရီ၁၃ဟာ ဗိုလ်ချုပ်မွေးနေ့ပါ လို့ ဆိုခဲ့တဲ့သူတွေတောင် ဗိုလ်ချုပ်ဘာလဲမသိကြ တော့ဘူး။ ကလေးတွေဆိုရင် အဝေးကြီးပေါ့” ဟု သူကပြောသည်။ ၎င်း၏တူမငယ်ကလေးများဆိုလျင် မြဝတီရုပ်မြင်သံကြားမှ တပတ်လျင်၂ရက်ထုတ်လွှင့်ပြသနေသော ကာတွန်းဇာတ်လမ်းတခုမှ ငါးကလေး ဖောက်ဖောက်ကို သူရဲကောင်းအဖြစ် အလွန်သဘောကျကြသည်ဟု ဆိုသည်။ “ကလေးတွေက ဗိုလ်ချုပ်ဆိုတာမသိတော့ဘူး၊ အိမ်မှာပြောပြလည်း သူတို့က ပုံပြင်တပုဒ်လိုပဲသိတော့မှာလေ။ ကျောင်းမှာ သင်္ခန်းစာအဖြစ်သင်ရမှ သူတို့အတွက် သေသေချာချာသိနိုင်မှာ” ဟု ၎င်းကဆက်ပြောသည်။ ကိုထွန်းထွန်းက သူတို့ငယ်စဉ်က ဗိုလ်ချုပ်မွေးနေ့တွင် ကလေးများနေ့အဖြစ် ပျော်ပွဲရွှင်ပွဲများကျင်းပခဲ့ခြင်း၊ စာစီစာကုံးပြိုင်ပွဲ၊ ကျဘန်းစကားပြောပွဲ၊ ဗိုလ်ချုပ်ပုံတူ ပန်းချီပြိုင်ပွဲများ ပြုလုပ်ခဲ့ကြခြင်းတို့ကို သတိတရပြောပြသည်။

“ကျနော်တို့ သမိုင်းဆရာမဆို သင်္ခန်းစာနဲ့ဆိုင်ဆိုင်မဆိုင်ဆိုင် ဗိုလ်ချုပ်အကြောင်း အမြဲတမ်းပြောပြနေတာ” ဟု ကိုထွန်းထွန်း ကပြောသည်။ ဆက်လက်၍သူက ဗိုလ်ချုပ်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်ဖြစ်နေ သောကြောင့် လက်ရှိစစ်အစိုးရက ဖျောက်ဖျက်ပစ်ရန်ပိုမို ကြိုးစားခြင်းဖြစ်ဟန်တူသည်ဟုဆိုသည်။ ပြည်ပရှိအတိုက်အခံ သတင်းမီဒီယာများကတော့ ဗိုလ်ချုပ်မွေးနေ့အတွက် အထူးအစီအစဉ်များ၊ ဗိုလ်ချုပ်အကြောင်း ဖော်ပြ ရေးသားချက်များ စီစဉ်တင်ဆက်လျှက်ရှိသည်။ ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင်လည်း ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်ကို ဖော်ဆောင်သော ကလေးများနေ့အစီအစဉ် ပြုလုပ်ကျင်းပသည်။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ရောက်ရှိနေသောမြန်မာများစုပေါင်း၍လည်း မြန်မာနိုင်ငံကလေးများနေ့ အစီအစဉ်များ ကျင်းပကြောင်း မယ်တော်ဆေးခန်း မှ ဒေါက်တာသီဟမောင်က ပြောသည်။ ဗိုလ်ချုပ်၏ငယ်မည်မှာ မောင်ထိန်လင်းဖြစ်သည်၊ ဗိုလ်ချုပ်ကို ၁၉၁၅ ဖေဖော်ဝါရီ၁၃တွင် မိခင်ဒေါ်စုက မွေးဖွား ခဲ့သည်။ ဖခင်မှာဦးဖာဖြစ်သည်။ လွတ်လပ်ရေးကြိုးပမ်းနေဆဲကာလ ၁၉၄၇ခုနှစ် ဇူလိုင်၁၉ရက်နေ့တွင် ကွယ်လွန်ခဲ့သည် စသည်ဖြင့် ဗိုလ်ချုပ်အကြောင်း အကျဉ်းချုပ်ကို “အောင်ဆန်းဇာနည်” အမည်ရသည့် တတိယတန်းဖတ်စာအုပ်ထဲမှ ကဗျာလေးတွင် ဖတ်ရှုလေ့လာခဲ့ရသည်။


 
< Prev   Next >
 
Top! Top!