| ၉၃ နှစ်ပြည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဂုဏ်ပြုအမှတ်တရ မိန့်ခွန်းကောက် နုတ်ချက်များ |
|
|
|
၉၃ နှစ်ပြည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဂုဏ်ပြုအမှတ်တရ မိန့်ခွန်းကောက် နုတ်ချက်များ
အလိမ်မခံကြနဲ့တော့
* * * * * * * * * * ရဲနိုင်မှ ဖြစ်မယ်
(၁၉၄၇ ခုနှစ် ဧပြီလ (၅)ရက်နေ့ ညနေ (၆)နာရီ (၃၃)မိနစ် အချိန်တွင် ရန်ကုန်အသံလွှင့်ဌာနမှနေ၍ တိုင်းပြည်သို့ အသံလွှင့်ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက် …) * * * * * * * * * * တော်လှန်ရေးရဲ့ တကယ့်အလုပ်ကို လုပ်ကြစမ်းပါ
* * * * * * * * * * မလျှော့တမ်းဇွဲနဲ့ လုပ်သွားရမယ်
ဘာလဲဆိုတော့ ကျနော်တို့ ဂျပန်ခေတ်တုန်းက ပုသိမ်ဘက်ကို သွားတဲ့အခါ လှေပြိုင်ပွဲတခုရှိတယ်။ လှေပြိုင်ပွဲ လုပ်ခဲ့တယ်။ လှေပြိုင်ပွဲလုပ်တဲ့အခါမှာ ဘာဖြစ်သလဲဆိုတော့ လှေတွေ ပြိုင်လိုက်တာ နှစ်စင်းပြိုင်တဲ့အခါမှာ နိုင်တဲ့အစင်းက ပန်းတိုင်မရောက်သေးဘူး ရှေ့ကို နဲနဲရောက်တယ် ဆိုရင်ပဲ တက်ထောင်တယ်၊ ကြွားတယ်။ တခါ ရှုံးတဲ့ နောက်ကနေတဲ့ လှေကလည်းပဲ ပန်းတိုင်မရောက်သေးဘူး။ ကြိုးစားချင် ကြိုးစားနိုင်သေးတယ်။ မကြိုးစားချင်တော့ဘူး။ ရှုံးတော့မှာပါပဲကွာဆိုပြီး ခြေပစ်လက်ပစ်နဲ့ တက်မခတ်ချင်တော့ဘူး။ ဒါဟာ ဘာလဲဆိုရင် တကယ် တိုင်းပြည်ထူထောင်တဲ့နေရာမှာ လွတ်လပ်တဲ့လူမျိုးနဲ့ ထိုက်တန်တဲ့ စိတ်ဓာတ်မျိုးမဟုတ်ဘူး။ အဲဒီစိတ်ဓာတ်မျိုးဟာ ကျွန်ဖြစ်မယ့် စိတ်ဓာတ်မျိုး၊ ကျွန်ရဲ့ စိတ်ဓာတ်မျိုး၊ ဒီစိတ်ဓာတ်မျိုး ရှိနေသမျှကာလပတ်လုံး ကျုပ်တို့ဗမာတွေ ကျွန်ဖြစ်နေမှာပဲ။ လွတ်လပ်ရေးရရင်လည်း မြန်မြန် ကျွန်ပြန်ဖြစ်မှာပါပဲ။ နောက်ဆုံးတနေ့ မရှုံးတဲ့တိုင်အောင်၊ ကျွန်မဖြစ်တဲ့တိုင်အောင် ခုနကလို ဖာသယ်လွတ်လပ်ရေး ဖြစ်နေမှာပဲ။ ဘယ်လိုလဲဆိုရင် အကျင့်က … အဲဒီလို နဲနဲလေး နိုင်လာတယ်၊ ရှေ့က သာလာတယ်ဆိုရင် တက်ထောင်ချင်တဲ့ အကျင့်ရှိတယ်။ လှေတစင်းဟာ အဲဒီလို ရှေ့ကသာလာလို့ တက်ထောင်မိတာနဲ့ ပွဲတပွဲမှာ ရှုံးကို သွားတယ်။ အဲဒီလိုဖြစ်တယ်။ ပြီးတော့ ဘောလုံးပွဲကိုကြည့်၊ ကျနော်တို့ ဗမာတွေ ဘောလုံးပွဲမှာ ကန်ကြတဲ့အခါမှာဆိုရင် ကိုယ်က ပထမ စဂိုးသွင်းရတယ်ဆိုရင် အတော် အားတက်လာတယ်။ အားတက်လာတာနဲ့၊ ကန်တာနဲ့၊ ပြုတာနဲ့ နောက်တခါ အဲဒီလိုဖြစ်တဲ့အခါမှာ တော်တော်လေး ဂိုးလေးများလာတယ်ဆိုရင် လျော့လျော့ပေါ့ပေါ့ ကန်ချင်လာတယ်။ ငါနိုင်မှာပဲဆိုပြီး အဲဒါနဲ့နေပြီး၊ တဘက်ကနေပြီး နောက်ဆုံးအပြီးသတ်မှာ ကပ်ပြီး ပြန်ပြီးတော့ ဂိုးသွင်းသွားလို့ သရေဖြစ်ဖြစ် ၊ ရှုံးတာဖြစ်ဖြစ် ဖြစ်သွားတာမျိုးလည်း ကျနော်တို့ ဘောလုံးပွဲရာဇ၀င်မှာ ခင်ဗျားတို့ ပြန်စဉ်းစားရင်တော့ တွေ့မှာပဲ။ ဒါတင် မကသေးဘူး၊ ဒီရှုံးသွားတဲ့ လူကလည်း ဘောလုံးကန်လို့ရှိရင် ပထမပိုင်းမှာ၊ နာရီဝက်မှာ ရှုံးသွားရင်တော့ တော်သေးရဲ့။ ကျန်သေးတဲ့ ဒုတိယနာရီဝက်မှာ ကန်လို့ (၁၀) မိနစ်လောက်ကြာတော့ ကိုယ့်ဘက်က ဂိုးမသွင်းနိုင်ဘူးဆိုရင်၊ အဲဒီအခါကျရင် လူကိုချတယ်။ ဒါ ကျနော်တို့ဗမာတွေ ဘောလုံးကန်တဲ့ ဘောလုံးပွဲအကျင့်ပဲ။ အဲဒါ sporting spirit မရှိဘူး ။ ဒါဘာလဲ ဆိုလို့ရှိရင် “ဗမာတွေစိတ်ထဲမှာ ဗမာတွေဟာ စိတ်ဓာတ်ထက်တယ် ဘာညာနဲ့ တလွဲဆံပင်ကောင်းနေတယ် ဆိုတာနဲ့ အတူတူပဲ။ ဒီစကားဟာ ဒီနေရာမှာ သုံးဖို့ဟာတွေပဲ။ ဗမာတွေစိတ်ဓာတ်က မဟုတ်တဲ့နေရာမှာ သွားပြီး ကောင်းနေတယ်။ တကယ့်နေရာတွေကျတော့ အသုံးမကျဘူး။” ဗမာပြည် လွတ်လပ်ရေးရအောင် ဆိုတာမျိုးမှာ အသုံးမချတတ်ဘူး။ ဗမာ- ဗမာချင်း ချဖို့မှာ လုပ်ချင်တယ်။ အဲဒါမျိုးတွေ လုပ်ချင်တယ်။ ဒါမျိုးတွေလုပ်ချင်လို့ ဘယ်တော့မှ အကျိုးမရှိဘူး။ ဒီတိုင်းပြည် ဘယ်တော့မှ ပြန်လည် မထူထောင်နိုင်ဘူး။ ဒီတိုင်းပြည် ဘယ်တော့မှ မလွတ်လပ်နိုင်ဘူး။ လွတ်လပ်ရင်လည်း ဘယ်တော့မှ ကျကျနန လွတ်လပ်ရေး မဖြစ်နိုင်ဘူး။ အဲဒီတော့ကာ ကျနော်တို့ အဲဒီစိတ်ဓာတ်မျိုးကို လုံးဝဖျောက်ပစ်ဖို့ လိုတယ်။ ကျနော်တို့ဟာ ဘာအလုပ်ပဲ လုပ်လုပ်၊ နောက်ဆုံးတနေ့ ပြီးတဲ့အချိန်မှာ ရှုံးမယ်ထင်တယ် ဖြစ်စေ၊ နိုင်မယ်ထင်တယ် ဖြစ်စေ မလျှော့တမ်းဇွဲနဲ့ လုပ်သွားရမယ်။ (၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၃)ရက်နေ့ မြို့တော်ခန်းမကြီး၌ ကျင်းပသည့် ပြည်သူ့အစည်းအဝေးကြီးတွင် ပြောကြားသော ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံးမိန့်ခွန်းထဲမှ ကောက်နုတ်ချက် …) |
| < Prev | Next > |
|---|











