www.mamboteam.com
အဖွင့် စာမျက်နှာ arrow မော်ကွန်းတိုက် arrow အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်-၂
Wednesday, 08 October 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
ရယူရန်
ဓာတ်ပုံ
Newsflash
The contents on this site contain Burmese Unicode, so if you can not see the contents on this site please download Zawgyi-One font from Here . If you want to see some more details please just have a look here
 
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်-၂ Print E-mail

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်-၂
(ဒေါက်တာလွဏ်းဆွေဘလော့မှ ကူးယူဖော်ပြသည်)
ပေးပို့သူ - အောင်ဇေယျ

သာသနာတော်ရောင် ထွန်းပြောင်ရေး 
(၁၉၄၆၊ ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် အလယ်ပစ္စယံညီလာခံကြီး၌ မြွက်ကြားခဲ့သော မိန့်ခွန်းမှ ကောက်နုတ်ချက် …)

“ကျွန်ုပ်တို့၏ တိုင်းပြည်တွင် သံဃာတော် အရှင်သူမြတ်များသည် ရာဇ၀င်တလျှောက်လုံး ကျွန်ုပ်တို့လူမျိုး၏ ရှေ့က မားမားမတ်မတ်ရပ်လျက် မြင့်မြတ်သော အမှုမျိုးကိုသာ ပြုခဲ့ကြပေ၏။ ရှေးခေတ်များတွင် သံဃာတော် အရှင်မြတ်များသည် ကျွန်ုပ်တို့တမျိုးလုံးကို ပညာသင်ပေးရန် တာဝန်ကို ထမ်းဆောင်ခဲ့ကြပေသည်။ ယခု ခေတ်၌ပင် တောရွာများတွင် သံဃာတော် အရှင်သူမြတ်များ ပညာသင်ကြားပေးလျက် ရှိကြသောကြောင့် မြောက်များစွာသော အမျိုးသားတို့သည် စာပေတတ်မြောက်ကြပေ၏။ အချုပ်မှာ သံဃာတော် အရှင်မြတ် များ၏ စေတနာလုံ့လကြောင့် ကျွန်ုပ်တို့၏ စိတ်ဓာတ်မြင့်မြတ်မှု အသွင်အပြင် ယဉ်ကျေးမှုတို့သည် အထူး သဖြင့် တိုးတက်ခဲ့လေသည်။ ထိုအကြောင်းများကြောင့် ကျွန်ုပ်တို့၏ သံဃာတော် အရှင်မြတ်များသည် ကျွန်ုပ်တို့၏ ထူးကဲသော ကျေးဇူးဥပကာရများကို ခံတော်မူထိုက်ကြပါပေ၏။ ကျွန်ုပ်တို့နိုင်ငံတွင် များသော အားဖြင့် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည် ကိုးကွယ်ကြသည် ဖြစ်သောကြောင့် အခြား ဘာသာတရားများကို မထိခိုက်စေဘဲ ပြောလိုသည်မှာ နှစ်ပေါင်း ၂၅၀၀ အတွင်း လိမ်းကပ်၍လာခဲ့သော ချေးညော်တို့ကို ကျွန်ုပ်တို့ ပွတ်တိုက်ခဲ့နိုင်ပါလျှင် ဗုဒ္ဓဘာသာ သာသနာရောင်သည် ကမ္ဘာပေါ်တွင် အထွန်းပြောင်ဆုံး ဖြစ်လာလိမ့်မည်ဟူ၍ ယူဆရပေမည်။

သို့ဖြစ်သောကြောင့် ယခု သံဃာတော် အရှင်မြတ်များအား သီးခြား၍ လျှောက်ထားလိုပါသည် ဘုရား။ အရှင်သူမြတ်များ ဘုရား …။ အရှင်ဘုရားတို့သည် အလွန်ထူးကဲသော ဗုဒ္ဓသာသနာတော်ထမ်း ရဟန်းမြတ်များ ဖြစ်တော် မူကြပါသည်။ အရှင်ဘုရားတို့က သာသနာတော်ရောင် ထွန်းပြောင်အောင် အားထုတ်တော်မူကြပါ။ ကမ္ဘာလောကကြီးကို သာသနာရောင် အလင်းပေးတော်မူကြပါ။ သို့မှသာလျှင် ကမ္ဘာသူကမ္ဘာသားတို့ မေတ္တာတရားပွားများ၍ သမစိတ္တနှင့် ညီရင်းအကို မောင်ရင်းနှမကဲ့သို့ နေနိုင်ကြပါလိမ့်မည်။ အရှင်သူမြတ်များကို ဘုရားတပည့်တော်တို့ ကိုးကွယ်ဆည်းကပ်ပါသည်။ တကမ္ဘာလုံး ကိုးကွယ်ဆည်းကပ်သည်ကိုလည်း မြင်ချင်ပါသည်။ တပည့်တော်တို့ နိုင်ငံတွင်သာမက တကမ္ဘာလုံးမှာပင် မေတ္တာတရား သမစိတ္တ သဘောထားတို့ကို ပြုပြင်နိုင်သော စွမ်းပကား အရှင်ဘုရားတို့မှာ ရှိပါသည်။ ဤစွမ်းပကားတို့ကို သုံးရာ၌ အောင်မြင်တော်မူပါလျှင် မနုဿလူတမျိုးလုံး အစဉ်အဆက် နှစ်ပရိစ္ဆေဒ ရှည်လျားစွာ ရှိခိုးပူဇော်ကြပါလိမ့်မည်။ ဤကဲ့သို့ ဆောင်ရွက်မှုသည် သာသနာဖက်ကသာ ကြည့်၍ မြင့်မြတ်သည် မဟုတ်ပါ။ တပည့်တော်တို့၏ နိုင်ငံနှင့်လူမျိုးအတွက် အမြင့်မြတ်ဆုံးသော နိုင်ငံရေးကို ဆောင်ရွက်ရာလည်း ရောက်ပါသည်ဘုရား။ တပည့်တော်တို့ နိုင်ငံအရပ်ရပ်သို့ ကြွရောက်တော်မူပြီးလျှင် မေတ္တာတရား ညီညွတ်ရေးတရားများကို ဟောတော်မူကြပါ။ မြင့်မြတ်သော လွတ်လပ်ရေးတရားကိုလည်း ဟောတော်မူကြပါ။

မြင့်မြတ်သော လွတ်လပ်ရေးဆိုရာ၌ လွတ်လပ်စွာ ဘာသာတရား ကိုးကွယ်နိုင်မှု၊ လွတ်လပ်စွာ ဘာသာတရားကို ကာလ ဒေသမရွေး ဟောပြောနိုင်မှု၊ ကြောက်ရွံ့စိုးရိမ် ပူပန်ခြင်းမှ ကင်းလွတ်မှု၊ လူအလူနဘ၀မှ လွတ်မြောက်မှု စသည်တို့ ဖြစ်ပါသည်။ အရှင်သူမြတ်တို့သည် သုံးလူ့ထွဋ်ထား မြတ်စွာဘုရား သြ၀ါဒပေးတော်မူခဲ့သည့်အတိုင်း “အပ္ပမာ ဒေန သမ္ပာဒေထ” မမေ့မလျော့ဘဲ အစဉ်ထာဝရ အားထုတ်ကြဖို့ တပည့်တော်တို့ ဗမာလူမျိုး တစ်မျိုးလုံးကို ဆိုဆုံးမတော်မူကြပါဘုရား။ ဤသို့သော မိမိကိုယ်ကို မိမိသာလျှင် အားကိုးမှုဖြင့် တပည့်တော်တို့၏ လူမျိုးသည် လောကုတ် လောကီ နှစ်လီသော အကျိုးထူးများကို ခံစားနိုင်အောင် ဆောင်ရွက်နိုင်ကြပေလိမ့်မည်။ အရှင်မြတ်များ၌ ဤကဲ့သို့သော မွန်မြတ်သည့် တာဝန်ဝတ္တရားများ ရှိပါသည်။ ဤမွန်မြတ်သော တာဝန်ဝတ္တရားများကို ကျေပွန်အောင် ထမ်းဆောင်တော်မူကြပါ ဘုရား။ တပည့်တော်တို့မှာ အရှင်သူမြတ်များကို ရိုသေလေးမြတ်စွာ တိုက်တွန်းစကား လျှောက်ထားခြင်းကိုသာ ပြုနိုင်ပါသည်။ ဆောင်ရွက်ဖို့ တာဝန်ကျေပွန်မည် မကျေပွန်မည် ဟူသော ပြဿနာမှာ အရှင်မြတ်များသာ ဖြေရှင်းနိုင်ကြပေလိမ့်မည်။”

 
< Prev   Next >
 
Top! Top!