www.mamboteam.com
အဖွင့် စာမျက်နှာ arrow သတင်း arrow ပြည်တွင်းသတင်း arrow ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဆုတောင်းပွဲ ကျောင်းသားလူငယ်များကျင်းပ
Tuesday, 07 October 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
ရယူရန်
ဓာတ်ပုံ
Newsflash
ဤကွန်ယက်စာမျက်နှာပေါ်တွင် တင်ပြထားသော အကြောင်းအရာ အများစုမှာ PDF ဖိုင်မှတဆင့် ပြန်လည် ကူးယူဖော်ပြထားခြင်းဖြစ်သဖြင့် စာလုံးပေါင်းသတ်ပုံ နှင့် အခြားနားမလည်နိုင်သော စာလုံးအက္ခရာများပါရှိတတ်သည်ကို နားလည်ပေးကြရန် တောင်းပန်အပ်ပါသည်။ သို့ဖြစ်ပါ၍ အချက်အလက် အမှန်ကို သိလိုက မူလ PDF ဖိုင်များကိုသာရယူကြရန် အသိပေးအပ်ပါသည်။
 
Latest News
ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဆုတောင်းပွဲ ကျောင်းသားလူငယ်များကျင်းပ Print E-mail

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး
ဆုတောင်းပွဲ  ကျောင်းသားလူငယ်များကျင်းပ
(ခေတ်ပြိုင်ဂျာနယ်မှ ကူးယူဖော်ပြသည်)

မျိုးဆက်သစ် လူငယ်များအစည်းအရုံး (Generation Wave) နှင့် Freedom Fighter အဖွဲ့မှ ကျောင်းသူ ကျောင်းသားများနှင့် နအဖ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံနေရသူများ၏မိသားစုဝင်များ ပူးပေါင်းကာ ယနေ့ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ရန်ကုန်မြို့ရှိ စေတီ ပုထိုးများတွင် ဖယောင်းတိုင်ထွန်းညှိ ဆုတောင်းပွဲ ပြုလုပ်သည်။ “ဒီနေ့ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ ဖြစ်တယ်။ (၉၃) နှစ်မြောက် မွေးနေ့ဖြစ်တယ်။ ဒါကို အစိုးရက လုံးဝဖော်ပြ အသိမှတ်ပြုထားခြင်း မရှိဘူး။ ရာဇ၀င်မှာ မှေးမှိန်သွားအောင် လုပ်နေတယ်။ ဒါကို ကျနော်တို့က မကျေနပ်လို့ ဗိုလ်ချုပ်မွေးနေ့ကို ဆုတောင်းတဲ့အနေနဲ့ ဘုရားမှာ ဆီမီးပူဇော် ကန်တော့တာပါ။

နောက် စက်တင်ဘာတော်လှန်ရေးကို စစ်အစိုးရက အကြမ်းဖက် နှိမ်နင်းပြီးတဲ့ေ နာက်ပိုင်းမှာ အဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်သားတွေ လွတ်မြောက်ဖို့အတွက် သူတို့ရဲ့ မိသားစုဝင်တွေကို ကျနော်တို့က ဖိတ်ကြားပြီး သူတို့တွေလာရောက် ဆုတောင်းတာကို ကျနော်တို့က အရန်အင်အားအနေနဲ့ ပူးပေါင်းပါဝင်ကြတာပါ” ဟု GW အဖွဲ့ဝင်တဦးဖြစ်သူ ကိုကျော်ကျော်က ပြောသည်။ အဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များက ရွှေတိဂုံ၊ မယ်လမု၊ ဗိုလ်တထောင်၊ ကမ္ဘာအေး စသည့်တန်ခိုးကြီးဘုရားများတွင် အဖွဲ့များခွဲ၍ ဆုတောင်းပွဲများပြုလုပ်ကြောင်း သိရသည်။ “ကျနော်တို့အဖွဲ့ကတော့ ရွှေတိဂုံဘုရားသွားတယ်၊ ထောင့်ရှစ်ထောင့်စလုံးမှာပေါ့။ ဖယောင်း တိုင်တွေ ထွန်းဆုတောင်းကြတယ်။  အဖမ်းအဆီးတော့မရှိဘူး။ ရွှေတိဂုံဖြစ်နေလို့ စောင့်ကြည့် တာမျိုးတော့ ရှိပါတယ်” ဟု ကိုကျော်ကျော်က ပြောသည်။ ထို့အပြင် ယနေ့မနက်ပိုင်း (၈) နာရီနှင့် (၁၀) နာရီအတွင်း၌လည်း  လှည်းတန်းဦးထွန်းလင်း ခြံလမ်းတွင်  GW အဖွဲ့နဲ့ Freedom Fighter အဖွဲ့တို့ ပူးပေါင်းပြီး ဗိုလ်ချုပ်ပုံပါသည့် လက်ကမ်း စာစောင်များကို ဝေငှကြောင်း သိရသည်။      ။

 
< Prev   Next >
 
Top! Top!