အဖွင့် စာမျက်နှာ
Friday, 25 July 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
Login Form





Lost Password?
No account yet? Register
ရယူရန်
ဓာတ်ပုံ
Syndicate
Who's Online
We have 1 guest online
Newsflash
ဤကွန်ယက်စာမျက်နှာပေါ်တွင် တင်ပြထားသော အကြောင်းအရာ အများစုမှာ PDF ဖိုင်မှတဆင့် ပြန်လည် ကူးယူဖော်ပြထားခြင်းဖြစ်သဖြင့် စာလုံးပေါင်းသတ်ပုံ နှင့် အခြားနားမလည်နိုင်သော စာလုံးအက္ခရာများပါရှိတတ်သည်ကို နားလည်ပေးကြရန် တောင်းပန်အပ်ပါသည်။ သို့ဖြစ်ပါ၍ အချက်အလက် အမှန်ကို သိလိုက မူလ PDF ဖိုင်များကိုသာရယူကြရန် အသိပေးအပ်ပါသည်။
 
Latest News
အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်မြောက်ရန် နအဖတွင် အဓိကတာဝန်ရှိဟု အန်အယ်လ်ဒီကြေညာ Print E-mail

အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်မြောက်ရန် နအဖတွင် အဓိကတာဝန်ရှိဟု အန်အယ်လ်ဒီကြေညာ
(ခေတ်ပြိုင်ဂျာနယ်မှ ကူးယူဖော်ပြသည်)

  

အဖွဲ့ချုပ်ရုံး၌ကျင်းပသော ပြည်ထောင်စုနေ့ အခမ်း အနား တက်ရောက်သည့် တိုင်းရင်းသားအချို့ 

အမျိုးသားပြန်လည်သင့်မြတ်ရေး အကောင်အထည်ဖော်ရန် နအဖစစ်အစိုးရတွင် အဓိက တာဝန်ရှိကြောင်းနှင့် တွေ့ဆုံဆွေးနွေးရေး အမြန်ဆုံးလုပ်ဆောင်ရန် အမျိုးသား ဒီမိုက ရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က (၆၁) နှစ် မြောက် ပြည်ထောင်စုနေ့ ကြေညာချက်၌ တောင်းဆိုသည်။ “အမျိုးသားပြန်လည်သင့်မြတ်ရေးကို အကောင် အထည်ဖော်ရန်၊ နိုင်ငံရေးအဓိပ္ပာယ်ပြည့်ဝသော တွေ့ဆုံဆွေးနွေးရေးကို မနှေးအမြန် ကျင်းပရန်၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီသည်လည်း ပြည်သူလူထုထဲတွင် အပါအ၀င်ဖြစ်သလို အခြား ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မြန်မာ၊ မွန်၊ ရခိုင်၊ ရှမ်း၊ တိုင်းရင်းသားလူမျိုးစုများသည်လည်း ပြည်သူလူထုဖြစ်ကြသဖြင့် အချင်းချင်းတွေ့ဆုံဆွေးနွေးကြရန်” စသည်ဖြင့် တောင်းဆိုထားသည်။ တွေ့ဆုံဆွေးနွေးရာတွင် ပါဝင်ရမည့် အန်အယ်လ်ဒီခေါင်းဆောင် ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်း စုကြည်၊ ခွန်ထွန်းဦးနှင့် ရှမ်းခေါင်းဆောင်များအား ခြွင်းချက်မရှိလွှတ်ပေးရန်၊ ၁၉၉၀ ပြည့် ရွေး ကောက်ပွဲအနိုင်ရ ဖျက်သိမ်းခံတိုင်းရင်းသားပါတီများကို မှတ်ပုံတင်ခွင့်ပေး၍ လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့်ပေးရန်လည်း တောင်းဆိုသည်။

ပြည်ထောင်စုနေ့အထိမ်းအမှတ် အန်အယ်လ်ဒီက ဗဟိုဌာနချုပ်၌ အခမ်းအနားကျင်းပရာ တိုင်းရင်းသား ခေါင်းဆောင်များ၊ ၀ါရင့်နိုင်ငံရေးသမားကြီးများနှင့် သံတမန်များ တက်ရောက်ကြပြီး အန်အယ်လ်ဒီပါတီဝင်များက တွေ့ဆုံဆွေးနွေးရေးနှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ဟစ်ကြွေးတောင်းဆို ဆန္ဒပြကြကြောင်း သိရသည်။ ၈၈ မျိုးဆက်ကျောင်းသားများကလည်း ယနေ့ ပန်ကြားလွှာထုတ်ပြန်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ တမျိုးသားလုံးလွတ်မြောက်ရေးနှင့် စစ်မှန်သော ပြည်ထောင်စုပေါ်ထွန်းရေး လှုပ်ရှားမှုများတွင် တိုင်းရင်းသားညီအစ်ကိုတော်များအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီအင်အားစုများနှင့် အတူ လက်တွဲကြိုးပမ်းသွားရန် တိုက်တွန်းသည်။ နအဖခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကမူ ၎င်း၏ ပြည်ထောင်စုနေ့သ၀ဏ်လွှာ၌ အဆိုးမြင်ဝါဒီများက ပြည်ထောင်စုကြီးကို အင်အားချည့်နဲ့ပြိုကွဲစေရန် သပ်လျှိုသွေးခွဲနေကြောင်းနှင့် ပိတ်ဆို့ဟန့်တားမှု အဖုံဖုံတို့ဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးအောင် ပြုလုပ်လျက်ရှိကြောင်း စွပ်စွဲထားပြီး မူဝါဒလမ်းစဉ် (၇)ရပ်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ပြည် ထောင်စုတိုင်းရင်းသားအားလုံး ၀ိုင်းဝန်းကြိုးပမ်းကြရန် ပြောကြားသည်။ ၁၉၄၇ ခု ဖေဖော်ဝါရီ (၁၂) ရက်တွင် ရှမ်းပြည်နယ် ပင်လုံမြို့၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များက ဗြိတိသျှကိုလိုနီလက်အောက်မှ တောင်တန်းနှင့်ပြည်မ တပြိုင်တည်း လွတ်လပ်ရေးယူရန် သဘောတူ လက်မှတ်ရေးထိုးသည့်နေ့ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ထားသည်။       ။

 
< Prev   Next >
 
Top! Top!