www.mamboteam.com
အဖွင့် စာမျက်နှာ arrow မော်ကွန်းတိုက် arrow ကချင်ပြည်နယ်အတွင်း နအဖဆန့်ကျင်စာများ ဖြန့်ဝေ
Tuesday, 07 October 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
ရယူရန်
ဓာတ်ပုံ
Newsflash
The contents on this site contain Burmese Unicode, so if you can not see the contents on this site please download Zawgyi-One font from Here . If you want to see some more details please just have a look here
 
ကချင်ပြည်နယ်အတွင်း နအဖဆန့်ကျင်စာများ ဖြန့်ဝေ Print E-mail

ကချင်ပြည်နယ်အတွင်း နအဖဆန့်ကျင်စာများ ဖြန့်ဝေ
(ခေတ်ပြိုင်ဂျာနယ်မှ ကူးယူဖော်ပြသည်)

ယနေ့ကျရောက်သော (၆၁) နှစ်မြောက် ပြည်ထောင်စုနေ့တွင် ကချင်ပြည်နယ်အတွင်းရှိ မြို့ကြီးများတွင် စစ်အစိုးရဆန့်ကျင်ရေး စာရွက်စာတမ်းများ ဖြန့်ဝေခြင်း၊ ပိုစတာများ ကပ်ခြင်းတို့ကို ကျောင်းသားလူငယ်များက ပြုလုပ်ကြသည်။ တိုင်းပြည်၏ အကျပ်အတည်းအား သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာသွားရန်နှင့် စစ်မှန်သောဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန်အပါအ၀င် အချက် (၅) ချက်ပါ ကြေညာချက်ကို မြစ်ကြီးနား၊ မိုးကောင်းနှင့် မိုးညှင်းမြို့နယ်တို့တွင် ဖြန့်ဝေခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ကချင်ပြည်နယ်အခြေစိုက် ကချင်ပြည်လုံးဆိုင်ရာ ကျောင်သားလူငယ်များအဖွဲ့မှ ခေါင်းဆောင် တဦးက “အဓိက ကျနော်တို့ပုံဖော်ချင်တာ ပြည်ထောင်စုနိုင်ငံတော်ကြီးပါ။ အခုက အဲဒီအနှစ် သာရပျောက်နေတယ်လေ။ လက်ရှိ နအဖပြောတဲ့ ရုဒ်မက်ဆိုတာလည်း ကျနော်ကတော့ မယုံဘူးဗျ၊ ဖြစ်လည်းဖြစ်လာမှာမဟုတ်ဘူး၊ အရင်တုန်းကလည်း သူတို့ ဒီလိုပဲ ပြောနေတာပဲ၊ ဖြစ်လာရင်လည်း စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတော်ဆီကို ပို့ဆောင်ပေးမှာမဟုတ်ဘူးလေ” ဟု ပြောသည်။ အာဏာပိုင်များက မြစ်ကြီးနားမြို့တွင် ပြည်ထောင်စုနေ့ အခမ်းအနားပြုလုပ်ခြင်းမရှိဘဲ အောင်ပွဲရ ကချင်ပြည်နယ် ဘောလုံးအသင်းအား ကြိုဆိုရန်အတွက် တအိမ်တယောက် မတက်မနေရ ဆင့်ခေါ်ထားကြောင်း သိရသည်။

ပြည်တွင်း ကျောင်းသားလူငယ်များ၏ လှုပ်ရှားမှုများနှင့် ပတ်သက်၍ ပြည်ပအခြေစိုက် ကချင် ကျောင်သားလူငယ်များ အဖွဲ့ ဒု-ဥက္ကဋ္ဌ လီယိုနတ်က လူငယ်ကျောင်းသားများအနေဖြင့် တတ်နိုင်သည့်ဘက်မှ နိုင်ငံရေးလှုပ်ရှားမှုများကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ သာမန်ပြည်သူလူထုအတွင်းတွင်သာမက ဘာသာရေးအဖွဲ့အစည်းများ၊ အစိုးရ၀န်ထမ်း အသိုင်းအ၀န်းများသို့ပါ လှုံ့ဆော်သွားမည်ဖြစ်ကြောင်း ပြောသည်။  ၎င်းက “ကျနော်တို့လူငယ်တွေအနေနဲ့ အလွှာအမျိုးမျိုးက ပူးပေါင်းပါဝင်နိုင်အောင် လုပ်သွား ဖို့ရှိတယ်။ မကြာခင်လုပ်မယ့် နအဖရဲ့ ဆန္ဒခံယူပွဲကိုလည်း ပိုစတာနဲ့ပဲဖြစ်ဖြစ်၊ လူထုရှင်းလင်း ပွဲတွေနဲ့ဖြစ်ဖြစ် ရသလောက် ဆန့်ကျင်သွားဖို့ ပြင်ဆင်ထားတယ်” ဟု ပြောသည်။(၆၁) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားများကို မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများ၊ တိုင်းရင်းသားအရေး လှုပ်ရှားသူများက ပြည်းတွင်းပြည်ပတွင် ကျင်းပခဲ့ကြပြီး လက်ရှိ နိုင်ငံရေးအခြေအနေနှင့်ပတ်သက်၍ သဘောထားများ ထုတ်ပြန်ခဲ့ကြသည်။      ။

 
< Prev   Next >
 
Top! Top!