www.mamboteam.com
အဖွင့် စာမျက်နှာ arrow ရုပ်သံ arrow ရွှေဝါရောင် မှတ်တမ်း
Sunday, 12 October 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
ရယူရန်
ဓာတ်ပုံ
Newsflash
The contents on this site contain Burmese Unicode, so if you can not see the contents on this site please download Zawgyi-One font from Here . If you want to see some more details please just have a look here
 
ရွှေဝါရောင် မှတ်တမ်း Print E-mail

ရွှေဝါရောင် မှတ်တမ်း
(မဇ္ဈိမသတင်းဌာနမှ ကူးယူဖော်ပြသည်)

စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးအကြောင်းကို မြန်မာပြည်သူ အများစု သိပြီးဖြစ်သလို ကမ္ဘာပြည်သူတွေကလည်း မြန်မာပြည် အကြောင်း ပိုမိုသိရှိလာကြ စိတ်ဝင်စားလာကြပါတယ်။ နောက်ဆုံးမှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီကို မြန်မာပြည် စေလွှတ်ရတဲ့ အထိ ဖြစ်သွားခဲ့ရပါတယ်။ ဒီလိုဖြစ်သွားရတဲ့ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးဟာ အမှန်တကယ်တော့ လွယ်လွယ်နဲ့ ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ ရဟန်း သံဃာတော်တွေ ဦးဆောင်မှုကြောင့် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ အမှန်အတိုင်း တိတိကျကျ ပြောရမယ်ဆိုရင် ရဟန်းသမဂ္ဂ အဖွဲ့အစည်း ၄ ဖွဲ့ကို စုပေါင်း ဖွဲ့စည်းထားတဲ့ “မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာတပ်ပေါင်းစု အဖွဲ့ကြီးရဲ့ ဦးဆောင်မှုနဲ့ အညီသံဃာတော် များရဲ့ စည်းလုံးညီညွတ်မှု ရဲရင့်သတ္တိရှိမှုတို့ကြောင့် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစုအဖွဲ့ကြီး စတင် ဖွဲ့စည်းခဲ့တဲ့ ရက်စွဲက ၉-၉-၂၀၀၇ ဆိုတော့ ရက်-လ-ခုနှစ်ကို တခုစီဖြစ်ဖြစ် အားလုံးပေါင်းပဲဖြစ်ဖြစ် ၉ ဂဏာန်း ဖြစ်နေပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာတပ်ပေါင်းစု အဖွဲ့ကြီးက နအဖ စစ်အစိုးရကို စက်တင်ဘာ ၁၇ ရက်နေ့ နောက်ဆုံးထားပြီး တောင်းဆိုချက် ၄ ချက်ကို လိုက်လျောဖို့ ပြောဆိုထားပါတယ်။ မလိုက်လျောပါက ၁၈-၉-၂၀၀၇ နေ့မှာ သပိတ်မှောက် ကံဆောင်မှာ ဖြစ်တဲ့အကြောင်း သတင်းဌာန အသီးသီးမှ တဆင့် ကြေညာပြီး ဖြစ်ပါတယ်။ သပိတ်မှောက်ဖို့ ရက်စွဲ က ၁၈-၉-၂၀၀၇ ရဆိုတော့ ရက်-လ-ခုနှစ်တွေကို တခုစီပဲ ဖြစ်ဖြစ်အားလုံးပေါင်းပဲ ဖြစ်ဖြစ် ကြည့်ရင် ၉ ဂဏန်းဖြစ်ပါတယ်။ စက်တင်ဘာ ၁၈ ရက်နေ့ဟာ နအဖ စစ်အစိုးရ အာဏာသိမ်းတာ ၁၉ နှစ် ဖြစ်တဲ့အတွက် နအဖ အတွက် အလွန် အရေးကြီးပါတယ်။ သံဃာတော်များကလည်း  စတင်ကံဆောင်ဖို့ သတ်မှတ်ထားတဲ့ အတွက် သံဃာတော်များ အနေနဲ့ အထူး အရေးကြီးလှပါတယ်။ ၁၈ ရက်နေ့ ၅ နာရီလောက်ကတည်းက သံဃာ့ တပ်ပေါင်းစုက ဦးဆောင် သံဃာတော်တွေဆီကို သတင်းထောက်တွေက ဖုန်းဆက်မေးကြပါတယ်။ ကံဆောင်ပွဲ ဖြစ်မလား၊ ဖြစ်မလား၊ ပေါ့ … နံနက် ၇ နာရီ အမေးခံရ ၈၊ ၉၊ ၁၀ နာရီ စသည်ပေါ့ ဆက်တိုက် မေးနေကြတယ်၊ တပ်ပေါင်းစုနဲ့ ဦးဆောင် သံဃာတော်တွေ ခေါင်းကျိန်းကုန်ကြပြီလေ၊ မလုပ်နိုင်ရင် မဖြစ်ခဲ့ရင် သံဃာ တပ်ပေါင်းစုရဲ့ သာသနာ တခုလုံး ကမ္ဘာမှာ အရှက်ရမဲ့ အလုပ် ဖြစ်နေတယ်၊ သတင်းထောက်တွေက မေးတိုင်း ကံဆောင်ပွဲ ဖြစ်မှာပါ၊ မပူပါနဲ့၊ အခြေအနေ ကောင်းပါတယ် ဆိုတာပဲ ဖြေနိုင်ပါတယ်။ အားရကျေနပ်တဲ့ အဖြေတော့ မပေးနိုင်ခဲ့ပါဘူး၊ နံနက် ၁၂ လောက် အထိ ဖြေနေပေမယ့် ရဲရဲ မပြောရဲတာတော့ အမှန်ပါပဲ။

ဒီလို စိတ်လှုပ်ရှားမှုမျိုး ၈-၈-၈၈ ကို ဖြတ်သန်းခဲ့ဖူးသူတိုင်း ကြုံဖူးပါတယ်၊ ရှစ်လေးလုံး ဖြစ်မယ်လို့ သတင်းမီဒီယာက ကြိုတင် အော်ထားပေမဲ့ ဘယ်သူမှ ပုံသေ မပြောရဲကြပါဘူး၊ နံနက် ၇နာရီ ၈နာရီ လောက်အထိ မသေချာပါဘူး၊ ဒါပေမယ့် နံနက် ၉ နာရီမှာတော့ အလုပ်သမား၊ ကျောင်းသား ပြည်သူတွေ စုပေါင်းပြီး ကမ်းနားလမ်းတလျှောက် ချီတက်လာတဲ့ အခါမှာတော့ ရင်ထဲက အမောတွေ ပြေခဲ့ဖူးပါတယ်။ ၁၉၉၀ခု အောက်တိုဘာ ၃ ရက်၊ ၁၃၅၂ ခုနှစ် သတင်းကျွတ် လပြည့်နေ့ ပထမအကြိမ် ရန်ကုန် ငါးထပ်ကြီးဘုရား မှာ န၀တ ကို သံပိတ်မှောက် ကံဆောင်စဉ်ကလဲ ညနေ ၃ နာရီ ကံဆောင်ပွဲ စတင်ဖို့ စီစဉ်ထားတော့ တပ်တွေ စစ်ကားတွေ ပိတ်ဆို့တဲ့ ကြားကပဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ အခု စက်တင်ဘာ ၁၈ ရက် ရွှေဝါရောင် သပိတ်မှောက် ကံဆောင်ပွဲရဲ့ စိတ်လှုပ်ရှားမှုကတော့ နေ့ ၁၂ နာရီ ဆွမ်းစား ပြီးကြပြီး အခြေအနေကို လိုက်ကြည့်တယ်၊ ဘာမှမထူးသေးဘူး၊ ဒါပေမယ့် သင်္ဃန်းကျွန်း၊ ကျိုက္ကဆံမှာ သံဃာတွေ စုနေတယ်၊ ရွှေတိဂုံ မှာ သံဃာတွေ ရောက်လာကြတယ်။ ကျိုက္ကဆံဘုရားက ရဟန္တာသိမ်ကြီးကို အာဏာပိုင်တွေက ပိတ်လိုက်ကြတယ်၊ သင်္ဃန်းကျွန်း သံဃာတော်တွေဟာ မဂ္ဂင်ကျောင်းနားက သမိုင်းဝင် ကျောက်စာတော် ဘုရားပေါ်ကို တက်လိုက်ကြပါတယ်၊ အာဏာပိုင်တွေ၊ ကြံ့ဖွတ်တွေ၊ စွမ်းအားရှင်တွေ အလုပ်ရှုပ်ကုန်ကြပြီ။

သံဃာတော်များက ကျောက်စာတော် ဘုရားရင်ပြင်ပေါ်မှာ တည်တည် ငြိမ်ငြိမ် တိတ်ဆိတ် ငြိမ်သက်နေတယ်၊ ဘာသံမှ မကြားရ။ ဟော အသံတွေက ကြားရတယ်။ ဘာသံပါလိမ့် နားထောင် ကြည့်ကြပါ၊ အချိန်က ၁၈-၉-၂၀၀၇ နေ့၊ ၁း၃၀နာရီပါ။ အသံက သုကာသုမေ ဘန္တေ သံဃော… ကမ္မ၀ါ ဖတ်သံတွေ ကြားရတယ်၊ စစ်အစိုးရကို သပိတ်မှောက် ကံဆောင်နေတဲ့ ကမ္မ၀ါ ဖတ်သံတွေပါ။ သိပ်မကြာပါဘူး၊ ဖုန်းတွေဆက်တိုက် ၀င်လာတယ်၊ ရွှေတိဂုံဘုရားမှာ သံဃာတော်တွေ ကံဆောင်မေတ္တာပို့၊ လမ်းလျှောက် ထွက်တဲ့ အကြောင်း။ နောက်တော … တောင်ကုတ်က ဆက်တယ်၊ ပုခုက္ကူ၊ ကျောက်ပန်းတောင်း နယ်မြို့နယ်တွေက ကံဆောင်တဲ့ အကြောင်း ဆက်ပါတယ်။

ဖုန်းတွေ ဆက်တိုက်လာနေတယ်။ ဒီတခါ လာတာကတော့ သတင်းမီဒီယာတွေက ဖြစ်ပါတယ်။ ဖြေပေးရတာက “မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာတပ်ပေါင်းစု အဖွဲ့ကြီး” ရဲ့ စိတ်လှုပ်ရှားဖွယ် နေ့တနေ့ကို ကျော်ဖြတ်ခဲ့ပြီ ဆိုတာပါ နောက်ရက်တွေကတော့ …

 မြန်မာပြည်သူများ အမြန် လွတ်မြောက်နိုင်ကြပါစေ။

 

(စာရေးသူသည် ရွှေဝါရောင် တော်လှန်ရေးကို ဦးဆောင်သူ ဆရာတော်တပါး ဖြစ်သည်။)

 
< Prev   Next >
 
Top! Top!