အဖွင့် စာမျက်နှာ
Thursday, 24 July 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
Login Form





Lost Password?
No account yet? Register
ရယူရန်
ဓာတ်ပုံ
Syndicate
Who's Online
Newsflash
The contents on this site contain Burmese Unicode, so if you can not see the contents on this site please download Zawgyi-One font from Here . If you want to see some more details please just have a look here
 
Latest News
ဒေါ်အောင်ဆန်းစုကြည်အကြောင်း ပေါင်စတာလင်ငွေ (၅) သန်း အကုန်အကျခံ ရုပ်ရှင်ရိုက်မည် Print E-mail

ဒေါ်အောင်ဆန်းစုကြည်အကြောင်း ပေါင်စတာလင်ငွေ (၅) သန်း အကုန်အကျခံ ရုပ်ရှင်ရိုက်မည်
(
ခေတ်ပြိုင်ဂျာနယ်မှ ကူးယူဖော်ပြသည်)

ဒေါ်အောင်ဆန်းစုကြည် 
 
မင်းသမီး မီချဲယို

အင်ဒီဟာရီးစ်၏ Left Bank Pictures ကုမ္ပဏီသည် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀ ဇာတ်ကြောင်းကို ဘီဘီစီအတွက် ပေါင်စတာလင်ငွေ (၅)သန်း အကုန်အကျခံ ရိုက်ကူးတော့မည်ဖြစ်သည်။ Left Bank သည် Crouching Tiger, Hidden Dragon ဇာတ် ကားများဖြင့် နာမည်ကြီးခဲ့သည့် မင်းသမီး မီချဲယိုကို ခေါင်း ဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်ရန် ဆွေးနွေးနေဆဲ ဖြစ်သည်။ “ဒီဇာတ်ကားဟာ နိုင်ငံရေးဇာတ်လမ်း တပုဒ်အဖြစ် သာမကပါဘူး၊ ကြေကွဲစရာ အချစ်ဇာတ်လမ်းတပုဒ်လည်း ဖြစ်ပါတယ်။ ဇာတ်ကောင်ဟာ အောက်စ်ဖို့ဒ်မှာ ဘွဲ့ရတယ်။ အင်္ဂလိပ်လူမျိုးတယောက်နဲ့ အိမ်ထောင်ကျပြီး သားနှစ် ယောက်ရတယ်။ ဇာတ်ကောင်ဟာ အမိတိုင်းပြည်ကို သွားရောက်ကူညီဖို့ လအနည်းငယ်ကြာ သွားခဲ့ရာကနေ အနှစ် (၂၀) အကျယ်ချုပ်ဘ၀နဲ့ အကျဉ်းစံ ဖြစ်ခဲ့ရတယ်” ဟု အင်ဒီဟာရီးစ်က ပြောသည်။

၎င်းက “ပြီးတော့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးလည်း ဖြစ်တယ်။ သူ့ကို မျှော်လင့်ချက်သင်္ကေတအဖြစ် မြင်ကြတဲ့ တိုင်းပြည်ကိုချစ်တဲ့ သူ့ရဲ့အချစ်ရယ်၊ မိသားစုကို ချစ်တဲ့ အချစ်ရယ်ကြားမှာ ဘ၀နာခဲ့ရတယ်။ သူ့ရဲ့ ခင်ပွန်းဖြစ်သူကလည်း သူ့အတွက် (၁၀) နှစ်လုံးလုံး ကူညီလုပ်ကိုင်ပေးခဲ့ပေမယ့် သူရှိတဲ့ တိုင်းပြည်ကို ၀င်ခွင့်မရတော့ဘဲ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ရတယ်။ သူချစ်တဲ့ သားနှစ်ယောက် နဲ့လည်း သူစိမ်းပြင်ပြင်တွေလို ခွဲခွာနေခဲ့ရတယ်။ ကျနော်တို့တတွေ ပြောနေတဲ့ အဲဒီဇာတ် ကောင်ကတော့ အာရှရဲ့ နယ်လ်ဆင်မင်ဒဲလားပဲ ဖြစ်ပါတယ်” ဟု ဆက်လက်ပြောဆိုသည်။ Crouching Tiger, Hidden Dragon ဇာတ်ကားများဖြင့် နာမည်ကြီးခဲ့သူ မီချဲယိုသည် ဒေါ်အောင် ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ရမည့် ဇာတ်ကောင်အနေအထားကို စိတ်ဝင်စား သဘောပေါက်သော်လည်း နှစ်ဦးနှစ်ဖက် ဆက်လက်ဆွေးနွေးနေဆဲပင်ဖြစ်သည်။ ဇာတ်ကားအတွက် ရိုက်ကူးကုန်ကျမည့်ငွေကို နိုင်ငံတကာ ဈေးကွက်တွင် ကြိုတင်ရောင်းချငွေနှင့် ကုမ္ပဏီပိုင်ငွေတို့ကို အသုံးပြုမည် ဖြစ်သည်။

ယခုဇာတ်ကားစီမံကိန်းသည် ဘီဘီစီအတွက် ရိုက်ကူးသော Left Bank ၏ နောက်ဆုံးပေါ် ကုန်ကျစရိတ်အများဆုံး ရင်းနှီးမှုလည်းဖြစ်သည်။ ကုမ္ပဏီသည် Wallander ဆိုသည့် စုံထောက်ဇာတ်လမ်းတွဲကို ပေါင်စတာလင် (၆) သန်း အကုန်ကျခံရိုက်ကူးနေပြီဖြစ်ပြီး စုံထောက်မော့ဆက်လက်သစ်အဖြစ် ကက်နက်သ် ဘရန်နက်ဂ် သရုပ်ဆောင်မည် ဖြစ်ကြောင်း မကြာသေးခင်က ထုတ်ဖော်ပြောကြားခဲ့သည်။ BBC Worldwide သည် Left Bank တွင် (၂၅) ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံငွေ ပိုင်ဆိုင်ထားပြီး ရုပ်သံထုတ်လုပ်မှုများ အားလုံးနှင့်ပတ်သက်လျှင်လည်း အထူးသီးသန့် ဖြန့်ချိရေးကို ပေးအပ် ထားပြီးဖြစ်သည်။      ။

 
< Prev   Next >
 
Top! Top!