| အကြွင်းမဲ့ ယုံကြည်ချက် |
|
|
|
အကြွင်းမဲ့ ယုံကြည်ချက် အမေရေ... အမေရေ... အမေ့အရည်အချင်း ကျွန်တော်သိ ပြည်သူသိ ကမ္ဘာကတောင် သိတယ် သူတို့အရည်အချင်း ကျွန်တော်မသိ ပြည်သူမသိ ဘယ်သူမှ မသိ...။ အမေရေ... အမေက ချစ်တတ်တယ် လူတိုင်းအပေါ် စေတနာထားတယ် ကျွန်တော်တို့လည်း အမေ့ကို ချစ်တယ် သူတို့...? ဘယ်သူ့ကို ချစ်ဖူးတုန်း ဘယ်တုန်းက ညှာတာဖူးတုန်း အလှည့်ကျရင် မနွဲ့ စတမ်းပေါ့ကွာ... စစ်ဗိုလ်အရင့်အမာကြီးတွေ မျက်ရည်ဝဲရင် ကြည့်မကောင်းဘူး။ အမေရေ... အမေ့အတ္ထုပ္ပတ္တိ တဲ့ စာအုပ်တွေထွက်တယ် ရုပ်ရှင်တွေ ရိုက်မယ် သူတို့လည်း ရေးကြမလို့ အမေကြားဖူးမှာပါ... အလီသန်းရွှေနဲ့ ခိုးသားလေးဆယ် တဲ့... ဇာတ်အိမ်ကတော့ ခိုင်တယ် အမေရေ... စားတယ်...အိပ်တယ်...နိုးတယ်...ခိုးတယ် စားတယ်...အိပ်တယ်...နိုးတယ်...ခိုးတယ်။ အမေရေ... ကျွန်တော်တို့ လူတစ်လုံး သူတစ်လုံးဖြစ်လာအောင် ကြိုးစားပေးမိလို့ ဆိုပြီး မျက်ကွယ်ကို အမေရောက်နေရတာ တော်တော်ကို ကြာသွားခဲ့ပြီ အဲဒါတောင်မှ နိုင်ငံတော် အာဏာကို ဖြတ်လမ်းက လိုချင်တယ် ဆိုပြီး ခွေးတွေ ၀ိုင်းဟောင်တာ ခံရသေးတယ်နော်။ အမေရေ... အမေ့ ဖြတ်လမ်းကြီးကလည်း ရှည်လှချည်လားဗျာ... အမေ့ကို လူတိုင်းက ပန်းတိုင်ရောက်စေချင်လှပြီ။ မျိုသိပ်မရတဲ့ ဆန္ဒတွေ ပွင့်အံထွက်တဲ့နေ့တော့ အမေ့ကို ငါတို့ကိုယ်တိုင် ကျောပိုးပြီး ပန်းတိုင်ကို လိုက်ပို့မယ်...။
ဖိုးလမင်း |
| < Prev | Next > |
|---|












