အဖွင့် စာမျက်နှာ arrow မော်ကွန်းတိုက် arrow ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်များ၏ သတင်းနှင့်ဓာတ်ပုံ ငွေမင်ဖုံးခံရ
Friday, 29 August 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
ရယူရန်
ဓာတ်ပုံ
Newsflash
The contents on this site contain Burmese Unicode, so if you can not see the contents on this site please download Zawgyi-One font from Here . If you want to see some more details please just have a look here
 
ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်များ၏ သတင်းနှင့်ဓာတ်ပုံ ငွေမင်ဖုံးခံရ Print E-mail

ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်များ၏ သတင်းနှင့်ဓာတ်ပုံ  ငွေမင်ဖုံးခံရ
(ခေတ်ပြိုင်ဂျာနယ်မှ ကူးယူဖော်ပြသည်

ဖေဖော်ဝါရီ -၁၁ နေ့ထုတ် Flower News  ပန်းသတင်းဂျာနယ် စာမျက်နှာ () တွင် ငွေမင် သုတ်ထားသည့် နေရာကွက်တခုပါရှိသည်ကို တွေ့ရှိရသည်။ ယင်းနေရာကွက်တွင် ငွေမင်ဖြင့်မဖုံးအုပ်ခင်က ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီပါတီ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးနေသည့်ပုံကို ထည့်သွင်းဖော်ပြထားခဲ့ရာ စာပေစိစစ်ရေးက ခွင့်မပြုသဖြင့် အခြားသတင်းများနှင့် အစားထိုးဖော်ပြခဲ့ရကြောင်း အဆိုပါဂျာနယ်မှ အမည် မဖော်လိုသူ သတင်းထောက်တဦးက ပြောသည်။ ၎င်းကစာပေစိစစ်ရေးကို တင်တော့ စာမျက်နှာ () မှာ ခေါင်းစဉ်က ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ ဗဟိုအလုပ်အမှုဆောင်များ တွေ့ဆုံဆွေးနွေးဆိုပြီး ခေါင်းစဉ်တပ်ထားတယ်။ အောက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တွေ့ဆုံတဲ့ပုံကို ပုံကြီးအဖြစ် ဖော်ပြထားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီအလုပ်အမှုဆောင်တွေ တွေ့ဆုံတဲ့ပုံကိုတော့ ပုံသေးအဖြစ် ဖော်ပြထားတယ်။ အဲဒီလို ဖော်ပြတာကို စာပေစိစစ်ရေးက မကြိုက်လို့ပါ”  ဟု ပြောသည်။

ဓာတ်ပုံများအား (၃) ကော်လံ ဖြန့်ထည့်ထားသည်ကို ပါသည်ဆိုရုံ (၁) ကော်လံခန့်သာ စာပေ စိစစ်ရေးက ထည့်ခွင့်ပေးသဖြင့် တိုက်အနေဖြင့်မထည့်တော့ပဲ ငွေမင်သုတ်ကာ တခြားသတင်း ထည့်လိုက်ခြင်းဖြစ်သည်ဟုလည်း သိရသည်။ အဆိုပါ ငွေမင်သုတ်ထားသည့်နေရာတွင် မြန်မာအင်ဂျင်နီယာနှင့် ဟိုတယ်ဝန်ထမ်းလုပ်သားများ မလေးကခေါ်မည်ဆိုသည့်သတင်းနှင့် ဘွဲ့ဒီဂရီများ မရသေးသည့်တိုင် လုပ်ငန်းခွင်အတွေ့ အကြုံရှိက မြင့်မားသောရာထူးများတွင် တာဝန်ထမ်းဆောင်နိုင် ဆိုသည့်သတင်းနှစ်ပုဒ်ကို ဖော်ပြထားသည်။ ယခုသီတင်းပတ်ထုတ် Weekly Eleven ဂျာနယ်၊ The Myanmar Times အင်္ဂလိပ်ဂျာနယ်တို့ တွင်မူ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ တွေ့ဆုံသည့်ဓာတ်ပုံနှင့် သတင်းကို ဖော်ပြထားသည်။ နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှု ဆောင်များသည် ပြီးခဲ့သည့်လ (၃၀) မွန်းလွဲပိုင်းတွင် အစိုးရဧည့်ဂေဟာ၌ တွေ့ဆုံခဲ့ခွင့်ရခဲ့သည်။

အန်အယ်လ်ဒီမှ ပြောခွင့်ရပုဂ္ဂိုလ်တဦးဖြစ်သူ ဦးဟန်သာမြင့်က “ကျနော်တို့ဘက်ကတော့ လျှို့ဝှက်ထားပါလို့ဆိုတဲ့ ကိစ္စမျိုးကလွဲရင် ပြည်သူလူထုသိနိုင်အောင်လို့ တတ်နိုင်သလောက် ကြေညာပါတယ်။ အဲလိုပဲ သူတို့ဘက်ကလည်း လုပ်စေချင်ပါတယ်။ မီဒီယာတွေကတော့ ကြားခံပါ။ ဒါပေမယ့် သူတို့ကို ဒီလိုပိတ်တယ်ဆိုတာတော့ အခု ကျနော်တို့လုပ်နေတဲ့ ဒိုင်လော့ ပရောဆက်ကို လုံးဝအကျိုးပြုမှာ မဟုတ်ပါဘူး” ဟု ပြောသည်။ ယခုနောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီခေါင်းဆောင်များ တွေ့ဆုံသည့် သတင်းဓာတ်ပုံမျိုးကို မျက်နှာဖုံးတွင်သာမက  အတွင်းစာမျက်နှာများမှာပါ ဖော်ပြခွင့်မရသည့် အတွက် အန်အယ်လ်ဒီနှင့်ပတ်သက်၍ စစ်အစိုးရ၏သဘောထား တင်းမာနေသည်မှာ အထင် အရှားဖြစ်ကြောင်း ရန်ကုန်မြို့မှ ၀ါရင့်သတင်းစာဆရာကြီးတဦးက ပြောသည်။ နအဖစစ်အစိုးရသည် အန်အယ်လ်ဒီပါတီဝင်များအား  ဖမ်းဆီးထောင်ချခြင်း၊ ပါတီဝင်များ၏ မိသားစုဝင်များအပါအ၀င် နီးစပ်သူများအား အကြောင်းအမျိုးမျိုးပြပြီး စီးပွားရေး၊ လူမှုရေး လုပ်ငန်းများတွင်ပါ ပါဝင်ခွင့်မရစေရန် နှောင့်ယှက်ဟန့်တားခြင်းများ ပြုလုပ်နေဆဲဖြစ်သည်။   ။

 
< Prev   Next >
 
Top! Top!