www.mamboteam.com
အဖွင့် စာမျက်နှာ
Wednesday, 08 October 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
Login Form





Lost Password?
No account yet? Register
ရယူရန်
ဓာတ်ပုံ
Syndicate
Who's Online
Newsflash
ဤကွန်ယက်စာမျက်နှာပေါ်တွင် တင်ပြထားသော အကြောင်းအရာ အများစုမှာ PDF ဖိုင်မှတဆင့် ပြန်လည် ကူးယူဖော်ပြထားခြင်းဖြစ်သဖြင့် စာလုံးပေါင်းသတ်ပုံ နှင့် အခြားနားမလည်နိုင်သော စာလုံးအက္ခရာများပါရှိတတ်သည်ကို နားလည်ပေးကြရန် တောင်းပန်အပ်ပါသည်။ သို့ဖြစ်ပါ၍ အချက်အလက် အမှန်ကို သိလိုက မူလ PDF ဖိုင်များကိုသာရယူကြရန် အသိပေးအပ်ပါသည်။
 
Latest News
အန်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ စင်ကာပူတွင် ဆေးကုသမှုခံယူ Print E-mail

အန်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ စင်ကာပူတွင် ဆေးကုသမှုခံယူ
(ဧရာဝတီအင်တာနက်မဂ္ဂဇင်းမှ ကူးယူဖော်ပြသည်)

အန်အယ်လ်ဒီပါတီ၏ ပြောရေးဆိုခွင့်ရှိသူတဦးဖြစ်သည့် ဦးမြင့်သိန်းသည် ယမန်နေ့ညပိုင်းတွင် စင်ကာပူနိုင်ငံ အထွေထွေ ရောဂါကုဆေးရုံကြီးတွင် အစာအိမ်ကင်ဆာဝေဒနာကို ကုသမှုခံယူနေသည်ဟု မိသားစုဝင်များက ပြောသည်။ “မနက်ကတော့ ဆရာဝန်ကြီးတွေလာကြည့်တယ်။ ဓာတ်မှန်ရိုက်တာ၊ ဓာတ်ရောင် ခြည်ရိုက်တာတွေ လုပ်ထားတယ်။ အားလုံး check up ပြန်လုပ်တဲ့သဘောပေါ့။ တနင်္လာနေ့လောက်တော့ အစာအိမ်ထဲကို ကင်မရာထည့်ပြီး ကြည့်လိမ့်မယ်” ဟု ဦးမြင့်သိန်း၏ဇနီးက ဧရာဝတီကို ပြောသည်။ “တိုးတက်မှုတော့ ရှိလာပါတယ်၊ ကောင်းတဲ့သဘောတော့ရှိမှာပါ။ လူကတော့ အရမ်းပိန်သွားတာပေါ့” ဟု ဦးမြင့်သိန်းက ပြောသည်။ စစ်အစိုးရက အရေးပေါ်ကျန်းမာရေးအခြေအနေကြောင့် အန်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သိန်းအား စင်ကာပူတွင် ဆေးကုခွင့်ပြုခြင်းဖြစ်ကြောင်း သိရသည်။

ဦးမြင့်သိန်းသည် အစာအိမ်ဝေဒနာကို ကြိမ်ဖန်များစွာ ခံစားခဲ့ရသော်လည်း ကင်ဆာရောဂါရှိမှန်းကို အောက်တိုဘာလ ၃၁ ရက် အင်းစိန်အကျဉ်းထောင်မှလွတ်မြောက်ပြီးနောက် သိရှိခဲ့သည်။ စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေးကို ထောက်ခံအားပေးသောကြောင့် အရေးအခင်းကာလအတွင်း၌ပင် စစ်အစိုးရက ဦးမြင့်သိန်းအပါအဝင် တိုင်းရင်းသားခေါင်းဆောင်တချို့ကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ ဦးမြင့်သိန်းသည် ၁၉၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် အန်အယ်လ်ဒီပါတီကို ကိုယ်စားပြုအနိုင်ရခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်ပြီး ရုံးတင်စစ်ဆေးခြင်း မရှိဘဲ စစ်အစိုးရ၏ ဖမ်းဆီးထိန်းသိမ်း ခြင်းကို အကြိမ်ကြိမ်ခံခဲ့ရသူ ဖြစ်သည်။ ယမန်နေ့ကထုတ်ပြန်သည့် ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့၏ ထုတ်ပြန်ကြေညာ ချက်တွင် အထိန်းသိမ်းခံရသူများသည် စားစရာနှင့် သောက်သုံးရေ လုံလောက်စွာမရကြောင်း၊ ဆေးဝါးနှင့် ပြုစုစောင့်ရှောက် မှုများ မရကြကြောင်း ဖော်ပြထားသည်။

 
< Prev   Next >
 
Top! Top!