| တရားဥပဒေကိုလေးစားလိုက်နာရန် နအဖစစ်အစိုးရကို အန်အယ်လ်ဒီတိုက်တွန်း |
|
|
|
တရားဥပဒေကိုလေးစားလိုက်နာရန် နအဖစစ်အစိုးရကို အန်အယ်လ်ဒီတိုက်တွန်း ပြီးခဲ့သည့် သြဂုတ်နှင့် စက်တင်ဘာလက ဆန္ဒပြသည့် ရဟန်းသံဃာနှင့် ပြည်သူတို့ကို ဖမ်းဆီး ချုပ်နှောင်ရာတွင် အာဏာပိုင်များအနေဖြင့် တရားဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းမရှိဟု အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ကြေညာသည်။ ဖမ်းဆီးခံရသူများကို (၂၄) နာရီထက် ကျော်လွန်ချုပ်နှောင်ခြင်း၊ အကျဉ်းထောင်များ၌ ရာဇ၀တ် “အာဏာပိုင်များနှင့် ၎င်းတို့၏ ကျောထောက်နောက်ခံ ပြုထားသော အဖွဲ့များက အကြမ်းဖက်သည့် နည်းလမ်းများ ဖြစ်သော ရက်စက်စွာရိုက်နှက်ခြင်း၊ ထိုးကြိတ်ခြင်း၊ ကန်ကျောက်ခြင်း၊ မျက်ရည်ယိုဗုံးခွဲခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ခြင်းတို့ဖြင့် မလိုအပ်ဘဲ အလွန်အကျွံ အင်အားသုံး၍ ရန်သူသဖွယ် နှိမ်နင်းခဲ့ကြသည်” ဟု အန်အယ်လ်ဒီ ကြေညာချက်၌ ရေးသားထားသည်။ စက်တင်ဘာအရေးအခင်းကာလအတွင် လူပေါင်း (၃)ထောင်ကျော်ကို ထိန်းသိမ်းခဲ့ပြီး (၂) ထောင်ကျော်ကို ပြန်လွှတ်ပေးခဲ့ကြောင်းနှင့် သေဆုံးသူ (၁၅) ဦးရှိကြောင်း နအဖစစ်အစိုးရပိုင် သတင်းစာများ၌ဖော်ပြသည်။ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ကမူ သေဆုံးသူ (၁၀၀) ခန့် ရှိနိုင်သည်ဟု ခန့်မှန်းသည်။ မြန်မာနိုင်ငံ၌ တရားဥပဒေစိုးမိုးရေး ပေါ်ပေါက်စေရန် တည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန်နှင့် မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လေးစားလိုက်နာရန် နအဖစစ်အစိုးအာဏာပိုင်များကို အန်အယ်လ်ဒီက တိုက်တွန်းသည်။ ။ |
| < Prev | Next > |
|---|






