www.mamboteam.com
အဖွင့် စာမျက်နှာ
Sunday, 12 October 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
Login Form





Lost Password?
No account yet? Register
ရယူရန်
ဓာတ်ပုံ
Syndicate
Who's Online
Newsflash
ဤကွန်ယက်စာမျက်နှာပေါ်တွင် တင်ပြထားသော အကြောင်းအရာ အများစုမှာ PDF ဖိုင်မှတဆင့် ပြန်လည် ကူးယူဖော်ပြထားခြင်းဖြစ်သဖြင့် စာလုံးပေါင်းသတ်ပုံ နှင့် အခြားနားမလည်နိုင်သော စာလုံးအက္ခရာများပါရှိတတ်သည်ကို နားလည်ပေးကြရန် တောင်းပန်အပ်ပါသည်။ သို့ဖြစ်ပါ၍ အချက်အလက် အမှန်ကို သိလိုက မူလ PDF ဖိုင်များကိုသာရယူကြရန် အသိပေးအပ်ပါသည်။
 
Latest News
ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ပါက အာဆီယံပဋိညာဉ်ကို လက်မှတ်ထိုးမည်မဟုတ်ဟု ဖိလစ်ပိုင်ထပ်ပြော Print E-mail

ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ပါက အာဆီယံပဋိညာဉ်ကို
လက်မှတ်ထိုးမည်မဟုတ်ဟု ဖိလစ်ပိုင်ထပ်ပြော

(ခေတ်ပြိုင်ဂျာနယ်မှ ကူးယူဖော်ပြသည်)

မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေးပြောင်းလဲမှုများ ပြုလုပ်ပါမည်ဟု ကတိပေးပြောကြားချက်များအတိုင်း ဖမ်းဆီးထိန်းသိမ်းထားသည့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် ဖိလစ်ပိုင်သမ္မတအာရိုယိုက စစ်အစိုးရအား ထပ်မံတောင်းဆိုကြောင်း ဖိလစ်ပိုင်သတင်းများတွင် ဖော်ပြသည်။ ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်တွင်ကျင်းပသည့် ကမ္ဘာ့ စီးပွားရေးနှီးနှောဖလှယ်ပွဲ၌ အာရိုယိုက မြန်မာအစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေးပါက ဖိလစ်ပိုင်အထက်လွှတ်တော်အနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းကို အတည်ပြုလက်မှတ်ထိုးမည်မဟုတ်ဟု သတိပေးလိုက်သည်။ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ခေါင်းဆောင်များနှင့် ယမန်နှစ်က စင်ကာပူတွင် အာဆီယံ ပဋိညာဉ်စာတမ်းကို လက်မှတ်ရေးထိုးစဉ်က ပေးခဲ့သည့်ကတိအတိုင်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို လုပ်ဆောင်မည် ဆိုပါက ပထမအဆင့်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရမည်ဖြစ်ကြောင်း အာရိုယိုက တိုက်တွန်းပြောကြားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲနှင့်  ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သည်ကို ဖိလစ်ပိုင်နိုင်ငံက မြင်လိုကြောင်း၊ အာဆီယံအနေဖြင့် မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ ဖိလစ်ပိုင်နိုင်ငံ၏ ရပ်တည်ချက်ကို သိရှိစေလိုကြောင်း အာရိုယိုက ပြောသည်။ ၎င်းက “မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲ ဖြစ်တာကိုမြင်ဖို့ ဆုံးဖြတ်ထားရုံသာမကဘူး၊ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ နိုင်ငံရေးပြောင်းလဲမှု ဖြစ်မလာရင် အာဆီယံပဋိညာဉ်ကို ဖိလစ်ပိုင် အထက်လွှတ်တော်အနေနဲ့ အတည်ပြုလက်မှတ်ရေးထိုးမှာ မဟုတ်ဘူး။ ဒါ့ကြောင့် အာဆီယံအနေနဲ့ ထိရောက်စစ်မှန်တဲ့ အဖွဲ့အစည်းတခုဖြစ်ဖို့နဲ့ အောင်ဆန်းစုကြည်လွတ်မြောက်ဖို့ ခက်ခဲတဲ့ရွေးချယ်မှုတွေကို အတူတကွလက်တွဲဆောင်ရွက်ရမှာဖြစ်ပါတယ်” ဟု ပြောသည်။ မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ ဖိလစ်ပိုင်နိုင်ငံက ပြတ်သားစွာ ရပ်တည်နေချိန်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က အာဆီယံနိုင်ငံအကြား ပြည်တွင်းရေး ၀င်ရောက်မစွက်ဖက်ရေး မူဝါဒကို အခိုင်အမာလိုက်နာ စောင့်ထိန်းလျက်ရှိပြီး မြန်မာနိုင်ငံအား အရေးယူမှုများမပြုလုပ်
နိုင်ရန် အကာအကွယ်ပေးထားသည်။

 

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးသည် အာဆီယံပဋိညာဉ်စာတမ်းကို လက်မှတ်ထိုးရန် ဖိလစ်ပိုင်၏ ဆုံးဖြတ်ချက်အတွက် နံပါတ်တစ်စံနှုန်းဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတအာရိုယိုက ဒီဇင်ဘာလတွင် ပြောခဲ့သည်။ အာဆီယံနိုင်ငံများအနေဖြင့် တရားဝင်ဖွဲ့စည်းမှု ဘောင်တခုတည်းအောက်တွင်ရှိစေရန် အာဆီယံပဋိညာဉ်စာတမ်းကို အဖွဲ့ဝင်နိုင်ငံများက ပြီးခဲ့သည့် နိုဝင်ဘာလ စင်ကာပူနိုင်ငံတွင် ကျင်းပသည့် အာဆီယံထိပ်သီးဆွေးနွေး ပွဲတွင် လက်မှတ်ရေးထိုးခဲ့သည်။ ယင်းသို့ လက်မှတ်ရေးထိုးထားသော်လည်း အာဆီယံအဖွဲ့ဝင် တနိုင်ငံချင်းစီ၏ အတည်ပြုချက်ရရှိရန် လိုအပ်နေသေးသည်။

 

 
< Prev   Next >
 
Top! Top!