|
လူထုရဲ့ NLD - ပြည်တောင်စုဖွား မြန်ပြည်သားတို့
စိတ်ဝမ်းတူညီ ဆောင်ရွက်ကူ၍ စစ်မှန်သည့်လမ်း ပြည်ငြိမ်းချမ်းအောင် ဖွဲ့စည်းခဲ့သည် NLD။ သရုပ်မမှန် မိန်းမဥာဏ်ဖြင့် ရက်စက်ခြိမ်းခြောက် လမ်းစပျောက်အောင် သပ်လျှိုဖြိုခွဲ စိတ်ဝမ်းကွဲစေ ထောင်သွင်းနှိပ်စက် အကြမ်းဖက်လည်း မယိုင်မလဲ စဉ်လက်တွဲ၍ ခိုင်မြဲသစ္စာ မှန်ကန်စွာဖြင့် ရပ်တည်ခဲ့သည် NLD။
- အဖမွေနှစ် တိုင်းပြည်ချစ်၍
ဂရုဏာစွမ်း အံ့မခန်းဖြင့် မိုးဖျားမြင့်ခေါင် လင်းလက်ပြောင်သည့် တောက်ပကြယ်စင် တိုက်ပွဲဝင်လျက် လူထုခေါင်းဆောင် စု တည်ထောင်သော ပန်းပေါင်းစုံညီ အာဇာနည်တို့ ဖြစ်ထွန်း၍တည် NLD။ - ဒီမိုကရေစီ မျှော်မှန်းရည်လျက်
စုပေါင်းညီညီ ရှေ့သို့ချီ၍ ရဲဝံ့စွန့်လွှတ် နောက်မတွန့်ဆဲ မြဲမြံနိုင်လျက် လက်ချင်းယှက်၍ လောကဓံရိုင်း ဒီရေလှိုင်းကို စွန့်စားကျော်ဖြတ် အနာဂတ်၏ နေ၀န်းနီနီ နေ့သစ်ဆီသို့ ယုံကြည်မြင့်မား စိတ်ဓါတ်များဖြင့် ခွပ်ဒေါင်းဇာနည် ဘာမထီတို့ ရောက်အောင်တက်လှမ်း အောင်ပွဲဆီသို့။ ။ မင်းထက်အောင် (ဒေါနမြေ) ဤကဗျာဖြင့် မြန်မာ့ဒီမိုကရေစီရေးအတွက် တိုင်ပွဲဝင်လျက်ရှိသောလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အဖွဲ့ဝင်များ၊ ဒီမိုကရေစီတိုက်ပွဲဝင် အာဇာနည်အပေါင်းအား ဂုဏ်ပြုပါသည်။ |