www.mamboteam.com
အဖွင့် စာမျက်နှာ
Wednesday, 03 December 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
အင်တာဗျူး
မိန့်ခွန်းများ
ဓာတ်ပုံ
PDF ရယူရန်
အဖွဲ့အစည်းအကြောင်း
အဖွဲ့ဝင်များ
အင်တာနက် လိပ်စာများ
မော်ကွန်းတိုက်
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
စာအုပ်
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
ဟာသ
Login Form





Lost Password?
Shout Box
ရယူရန်
ဓာတ်ပုံ
Syndicate
Who's Online
Newsflash
The contents on this site contain Burmese Unicode, so if you can not see the contents on this site please download Zawgyi-One font from Here . If you want to see some more details please just have a look here
 
Latest News
သူရတင်ဦး ၈၁နှစ်ပြည့် အမှတ်တရစာ

အထိန်းသိမ်းခံအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၏ (၈၁)နှစ်ပြည့်
မွေးနေ့အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး

 သူရတင်ဦး ၈၁နှစ်ပြည့် အမှတ်တရစာ
ရွှေဒေါင်းဖြူ
 

လေးလုံးအစ ဖုန်းမော်နေ့ အနှစ် ၂၀ ပြည့်ခါနီး ၇၄ - ၇၅၊ ၈၇ - ၈၈ ကကဲ့သို အထွေထွေမကျေနပ်မှုများ၊ ဖိနှိပ်သတ်ဖြတ်မှုများဖြင့် တင်းမာနေသော မြန်မာ့နိုင်ငံ ရေးရာသီ၌ ဆန္ဒခံယူပွဲ၊ ရွေးကောက်ပွဲဆိုသည့် အသံများ မြည်ဟည်းလာပြန်သည်။ "သူမပါလျှင် မပြီး၊ သူကြီးတဲ့ သူ့အဖေ" ဆိုသလို ပဲခူးဆား စစ်အုပ်စုကလည်း "ပတ်မကြီး မူပိုင်ရှင်" ဇာတ်ခင်းလာကြသည်။ ကုလားအုတ်ခေါင်း တဲထဲဝင်သည့် ဇာတ်လို သင်္ဘောသား ဆင်းဘတ် ဂုတ်ခွစီးသည့် အဖိုးကြီးလို အနှင်ရခက်လှသည်။ ခင်နှင်းယု၏ ဆောင်းတွင်းပန်းထဲကကဲ့သို့ "လျော့လိုက်၊ လျော့လိုက်၊ မသီတာ ..." ဟု လူထုကြီးကို ရွှေပြည်အေး တရားဟောမည့် ဓမ္မကထိကများကလည်း ပေါလှပါကလား။ ဆွဲချတွေ၊ ရောင်တော်ပြန်တွေ။

Read more...
 
ဦးဝင်းတင်နဲ့ ခွင့်/ကာအဖွဲ့ရဲ့ ထောင်တွင်းတိုက်ပွဲ

အထိန်းသိမ်းခံ စာရေးဆရာ၊ သတင်းစာဆရာကြီး ဦးဝင်းတင်၏ (၇၈)နှစ်ပြည့်
မွေးနေ့အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး

(ခေတ်ပြိုင်ဂျာနယ် ကူးယူဖော်ပြသည်) 

ဦးဝင်းတင်နဲ့ ခွင့်/ကာအဖွဲ့ရဲ့ ထောင်တွင်းတိုက်ပွဲ
လွင်မောင်သန်း




Read more...
 
ဂျပန်နိုင်ငံ တိုကျိုမြို့ ရှီနာဂါဝါမြို့နယ်တွင် ဒီပဲယင်း (၆၅) လပြည့်အခမ်းအနားပြုလုပ်

ဂျပန်နိုင်ငံ တိုကျိုမြို့ ရှီနာဂါဝါမြို့နယ်တွင် ရှိသော နအဖစစ် အခွန်ရုံးရှေ့တွင် ဒီပဲယင်း (၆၅) လပြည့် ၍
ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနား ပြုလုပ်ခြင်း

ဂျပန်နိုင်ငံ တိုကျိုမြို့ ရှီနာဂါဝါမြို့နယ်တွင် ရှိသော နအဖစစ်အခွန်ရုံးရှေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲမှ အဖွဲ့ချုပ် အဖွဲ့ဝင်များ ဦးဆောင်၍ ဂျပန်နိုင်ငံတွင်ရှိသော အဖွဲ့အစည်း အသီးသီးတို့မှ ပူးပေါင်းပါဝင်ပြီး ဒီပဲယင်းတွင် ကျဆုံးသွားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် လုပ်သားပြည်သူများအား အလေးပြုဂါဝရပြုခြင်းနှင့် စစ်တပ်မှ မတရားကြံစီသတ်ဖြတ်ခဲ့ခြင်းအား ၀မ်းနည်းကြောင်းနှင့် အဖြစ်မှန်ဖေါ်ထုတ်ပေးရန် တောင်းဆိုဆန္ဒပြခဲ့သူ ပေါင်း ၂၀၁ ယောက် တက်ရောက်ခဲ့သည်။

သတင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ သတင်းနှင့်ပြန်ကြားရေး)

 
ဒေါ်စုကို Club of Madrid အဖွဲ့က ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် ရွေးချယ်

ဒေါ်စုကို Club of Madrid အဖွဲ့က ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် ရွေးချယ်
(ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်)

ဒီမိုကရေစီ တိုးတက်ပြန့်ပွားရေး ရည်ရွယ်ချက်ဖြင့် ကမ္ဘ့ာ ထိပ်တန်း နိုင်ငံ ခေါင်းဆောင်ဟောင်းများ၊ ပညာရှင်များနှင့် ဖွဲ့စည်းထားသည့် စပိန်နိုင်ငံ အခြေစိုက် “Club of Madrid” အဖွဲ့က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်အဖွဲ့ဝင်အဖြစ် ရွေးချယ်လိုက်ကြောင်းသိရသည်။ ၎င်းအဖွဲ့၏ ဒါရိုက်တာ တဦးဖြစ်သည့် နော်ဝေးနိုင်ငံသမ္မတဟောင်း Kjell Magne  Bondevik က “ဒေါ်အောင်ဆန်း စုကြည်ကို ကမ္ဘာ့က အလေးထားရတဲ့ အကြောင်းကတော့ သူ့နိုင်ငံ သူ့ပြည်သူတွေ လွတ်လပ်ရေးအတွက် ကျနော်တို့ရဲ့ လွတ်လပ်မှုကို အသုံးပြုပြီး ဆောင်ရွက်ပေးဖို့ စွမ်းဆောင်နေသူ တဦးဖြစ်လို့ပါပဲ” ဟု ပြောသည်။

Read more...
 
နောက်ထပ် နိုင်ငံရေးအကျဉ်းသားနှစ်ဦး နယ်ထောင် အပို့ခံရ

နောက်ထပ် နိုင်ငံရေးအကျဉ်းသားနှစ်ဦး နယ်ထောင် အပို့ခံရ
(ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်)

နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေကို ဒီရက်ပိုင်းအတွင်း ထောင်ဒဏ် ပြစ်ဒဏ်တွေ စီရင်ပြီး ဝေးလံခေါင်ဖျားတဲ့ နယ်ထောင်တွေကို ပို့ဆောင်နေရာမှာ ဒီအထဲက မိသားစုဝင်တွေဟာ ဆိုရင်လည်း တကွဲတပြားနဲ့ နယ်ထောင်တွေကို ပို့ဆောင်ခံနေကြရပါတယ်။ ဒီနေ့ ဆိုရင်လည်း မိသားစုနဲ့ အလှမ်းဝေးရာ နယ်ထောင်တွေကို ထပ်မံပို့ဆောင်လိုက်တဲ့ အထဲမှာ ဒီလို အခြေအနေမျိုးနဲ့ ကြုံခဲ့ကြရပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်ပြီး မိသားစုနဲ့ အလှမ်းဝေးရာ နယ်ထောင်တွေကို ပို့ဆောင်နေတဲ့ အထဲမှာ ဒီနေ့ ဆိုရင်လည်း နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံထားရသူ အနည်းဆုံး ၂ ဦး ပါဝင်ခဲ့တာပါ။ ထောင်ဒဏ် ၁၂ နှစ် နဲ့ ၆ လ ချမှတ်ခံထားရတဲ့ လူငယ် တက်ကြွလှုပ်ရှားသူ ကိုစည်သူမောင်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) လူငယ် အဖွဲ့ဝင်တဦးဖြစ်ပြီး ထောင်ဒဏ် ၆ နှစ် ခွဲ ချမှတ်ခံထားရတဲ့ ကိုသိန်းဆွေကို ရခိုင်ပြည်နယ် စစ်တွေ အကျဉ်းထောင်ကို ပို့ဆောင်လိုက်တာပါ။ ဒီနေ့ အစောပိုင်းမှာ ထောင်ပြောင်းလိုက်တာနဲ့ ပတ်သက်လို့ အန်အယ်လ်ဒီ လူငယ် ကိုသိန်းဆွေရဲ့ ဖခင် ဦးမင်းဆွေ ပြောပြတာကတော့ -

Read more...
 
နောက်ထပ် နိုင်ငံရေးအကျဉ်းသား ၂၇ ဦး နယ်ဝေးထောင်များသို့ ပြောင်းခံရ

နောက်ထပ် နိုင်ငံရေးအကျဉ်းသား ၂၇ ဦး နယ်ဝေးထောင်များသို့ ပြောင်းခံရ
(ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်)

အဖမ်းဆီးခံနေရတဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ ၂၇ ဦးကို ဝေးလံတဲ့ထောင်တွေဆီ ဒီနေ့ ဆက်ပြောင်းခဲ့ပြီး အဲဒီထဲမှာ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်က ချိတ်ပိတ်ခံထားရတဲ့ မဂ္ဂင်ကျောင်းတိုက်ရဲ့ ဆရာတော်လည်း ပါဝင်ပါတယ်။ မနေ့တုန်းကလည်း Generation Wave လို့ခေါ်တဲ့ မျိုးဆက်သစ်လူငယ်များ အစည်းအရုံးက အဖွဲ့ဝင် ၂ ဦးကို ထောင်ဒဏ် ၈ နှစ်ဆီ ချမှတ်လိုက်ပါသေးတယ်။ ဒီကိစ္စတွေကို နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက အမြန်ဆုံး အရေးယူဆောင်ရွက်ဖို့ ထိုင်းနိုင်ငံအခြေစိုက် အေအေပီပီ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက နေ့စဉ် အသိပေး တိုက်တွန်းနေပါတယ်။ အကြောင်းစုံကို ထိုင်းနိုင်ငံရောက် ဗွီအိုအေ ၀ိုင်းတော်သား ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

Read more...
 
မအိုနိုင်တဲ့ ခွပ်ဒေါင်းပျို

မအိုနိုင်တဲ့ ခွပ်ဒေါင်းပျို

(၂၀၀၈-၁၁-၁၁)
"
တစ်" လေးလုံးနေ့မှာ
"
ရှစ်" လေးလုံးခေါင်းဆောင်တွေခမျာ
ရှည်ကြာတဲ့ ထောင်ဒဏ်များ
မတရားခံစားစေတဲ့
မတရားသူကြီးတွေက
မတရားအမိန့်တွေ ပလူပျံလျက်
လက်သံတွေ ပြောင်လှ
တသက်စံစေ ထောင်ချ                            

Read more...
 
<< Start < Prev 1 2 3 4 Next > End >>

Results 1 - 8 of 28
 
Top! Top!