www.mamboteam.com
အဖွင့် စာမျက်နှာ arrow သတင်း arrow ထုတ်ပြန်ချက် arrow မယ်သရောထာ သဘောတူညီချက်
Sunday, 12 October 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
ရယူရန်
ဓာတ်ပုံ
Newsflash
The contents on this site contain Burmese Unicode, so if you can not see the contents on this site please download Zawgyi-One font from Here . If you want to see some more details please just have a look here
 
Latest News
မယ်သရောထာ သဘောတူညီချက် Print E-mail
တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲ (မယ်သရောထာ)
မယ်သရောထာ သဘောတူညီချက်
 
                ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးများဖြစ်ကြသော ရခိုင်တိုင်းရင်းသား၊ ချင်းတိုင်းရင်းသား၊ ကချင်တိုင်းရင်းသား၊ ကရင်တိုင်းရင်းသား၊ ကရင်နီတိုင်းရင်းသား၊ ကယန်းတိုင်းရင်းသား၊ မွန်တိုင်းရင်းသား၊ ပအို(၀့်) တိုင်းရင်းသား၊ ပလောင်တိုင်းရင်းသား၊ လားဟူတိုင်းရင်းသား၊ ရှမ်းတိုင်းရင်းသားနှင့်“ ၀ ” တိုင်းရင်းသားခေါင်းဆောင်များသည် အဖွဲ့အစည်းနှင့် လူမျိုးအသီးသီးကို ကိုယ်စားပြုလျှက် ကော်သူလေးပြည်နယ်၊ မယ်သရောထာ၌ ၁၉၉၇ ခုနှစ်၊ ဇန်န္န၀ါရီလ (၇)ရက်နေ့မှ (၁၄)ရက်နေ့ထိ ကျင်းပသော နှီးနှောဖလှယ်ပွဲကြီးတွင် စုံညီစွာ တက်ရောက်ခဲ့ကြသည်။
                အထက်ဖေါ်ပြခဲ့သော ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုး ခေါင်းဆောင်ကိုယ်စားလှယ်များသည် နှီးနှောဖလှယ်ပွဲကြီး၌ ရင်းနှီးပွင့်လင်းစွာ အကြေအလည် ဆွေးနွေးညှိနှိုင်း တိုင်ပင်ကြပြီးနောက် အောက်ပါအချက်အလက်များကို တညီတညွတ်တည်း သဘောတူချမှတ်ခဲ့ကြသည်။
 
၁။ နိုင်ငံရေးရည်မှန်းချက်ဆိုင်ရာ သဘောတူညီချက်
    (က) စစ်အာဏာရှင်စနစ်ဖျက်သိမ်းပြီး၊ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရန်၊
    (ခ) ဒီမိုကရေစီနိုင်ငံရေးစနစ် ကျင့်သုံးရန်၊
    (ဂ) လူမျိုးတိုင်း တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးရရှိရန်၊
    (ဃ) ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရန်တို့ ဖြစ်သည်။

၂။ န၀တ အမျိုးသားညီလာခံနှင့် ပတ်သက်သောသဘောတူညီချက်
    လက်ရှိန၀တ ဦးစီးကျင်းပနေဆဲဖြစ်သော အတုအယောင်အမျိုးသား ညီလာခံသည် စစ်အာဏာရှင်စနစ် ဆက်လက်တည်မြဲရေး အတွက်ဖြစ်သည်။ တိုင်းရင်းသားလူမျိုးများအတွက် အခွင့်အရေး လုံးဝရနိုင်မည် မဟုတ်သည့်အတွက် ၎င်းန၀တအမျိုးသားညီလာခံကို ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီးက “လုံးဝ” အသိအမှတ်မပြုကြောင်းနှင့် ၎င်းညီလာခံကို ဆန့်ကျင်တိုက်ပွဲဝင်သွားကြရန် သဘောတူကြသည်။

၃။ သုံးပွင့်ဆိုင်ဆွေးနွေးပွဲနှင့် ပတ်သက်သောသဘောတူညီချက်
    ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ဆုံးဖြတ်ထောက်ခံထားသည် သာမက၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောတူထားသော သုံးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးပွဲကို ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီးက သဘောတူလက်ခံသည်။ ထိုသုံးပွင့်ဆိုင်ဆွေးနွေးပွဲတွင် မဒတ၊ (UNLD)၊ (PDF) နှင့် အခြားတိုင်းရင်းသားလူမျိုးများ ပါဝင်သော အင်အားစု၊ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော ဒီမိုကရေစီအင်အားစုနှင့် န၀တ စစ်အုပ်စုအင်အားစု သုံးစုတို့ ပါဝင်စေရမည်။
၎။ ဖက်ဒရယ်ပြည်ထောင်နှင့် ပတ်သက်သောသဘောတူညီချက်
    အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးအပြည့်အ၀ရှိပြီး အမျိုးသား ပြည်နယ်များစုပေါင်းပါဝင်ဖွဲ့စည်းထားသည့် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အတွက် ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီးက တညီတညွတ်တည်း သဘောတူကြပါသည်။

၅။ စီးပွားရေးမူဝါဒနှင့် ပတ်သက်သောသဘောတူညီချက်
    စီးပွားရေးမူဝါဒနှင့် ပတ်သက်၍ ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးရန်နှင့်၊ နိုင်ငံခြားရင်းနှီး မြှပ်နှံမှုများကို ဖိတ်ခေါ်သွားရန် ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီးက သဘောတူသည်။
    သို့သော် န၀တအုပ်ချုပ်နေစဉ်ကာလအတွင်း နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများ ပြုလုပ်ခြင်းသည် စစ်အာဏာရှင်စနစ်နှင့် စစ်အုပ်စု၏ အကျိုးစီးပွားကိုသာဖြစ်စေပြီး တိုင်းရင်းသားလူမျိုးစု ပြည်သူများ အဖို့ အကျိုးလုံးဝမရှိသည့်အပြင် ဖိနှိပ်အုပ်ချုပ်မှုဒဏ်ကို ပိုမိုခံစားလာရသည့်အတွက် န၀တ စစ်အုပ်စုနှင့် ပူးတွဲလုပ်ဆောင်သော ရင်းနှီးမြှပ်နှံမှုအပါအ၀င် စီးပွားရေးလုပ်ငန်းအားလုံးကို ကျွန်ုပ်တို့  တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီးက အပြင်းအထန် ကန့်ကွက်သည်။

၆။ မူးယစ်ဆေးဝါးနှင့် ပတ်သက်သောသဘောတူညီချက်
    မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ် ရောင်းချမှုအပါအ၀င် လုပ်ငန်းအားလုံး ဆန့်ကျင်တိုက်ဖျက်ရန် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီးက တညီတညွတ်တည်း သဘောတူသည်။

၇။ ဒီမိုကရေစီအင်အားစုများနှင့် ပတ်သက်သော သဘောတူညီချက်
    န၀တ စစ်အုပ်စုဖြုတ်ချရေးနှင့် အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် နိုင်ငံရေးတိုက်ပွဲ၊ သံတမန်ရေးတိုက်ပွဲ၊ လူထုတိုက်ပွဲအပါအ၀င် ဘက်ပေါင်းစုံမှ တိုးမြှင့်တိုက်ပွဲဝင်သွားရန် ကျွန်ုပ်တို့ တိုင်းရင်းသား နှီးနှောဖလှယ်ပွဲကြီးက သဘောတူသည်။
    ထိုသို့ တိုက်ပွဲဝင်ရာတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော ဒီမိုကရေစီအင်အားစုများ နှင့် တန်းတူရည်တူလက်တွဲ၍ အမျိုးသားအခွင့်အရေးအတွက်လည်းကောင်း၊ ဒီမိုကရေစီ အခွင့်အရေးအတွက်လည်းကောင်း၊ တပြိုင်နက်တည်း စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင် သွားကြရန်ကိုလည်း ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီးက တညီတညွတ်တည်း သဘောတူကြသည်။



၈။ ASEAN နှင့် ပတ်သက်သော သဘောတူညီချက်
    န၀တ အုပ်ချုပ်နေသော ကာလအတွင်း၊ မြန်မာပြည်အား ASEAN အဖွဲ့ဝင်ဖြစ် လက်ခံခြင်းကို အတတ်နိုင်ဆုံး ဆိုင်းငံ့ထားပေးပါရန် ASEAN သို့ ပန်ကြားလွှာပေးပို့သွားရန် တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီးက သဘောတူသည်။

၉။ တပ်ပေါင်းစုနှင့် ပါတ်သက်သော သဘောတူညီချက်
    တိုင်းရင်းသားလူမျိုးများ၏ ပြည်လုံးဆိုင်ရာ တပ်ဦးအဖွဲ့အစည်း ဖြစ်သော အမျိုးသား ဒီမိုကရေစီတပ်ပေါင်းစု၏ နိုင်ငံရေး၊ စစ်ရေး၊ စည်းရုံးရေးစသည်တို့ကို ပိုမိုခိုင်မာလာအောင် ၀ိုင်းဝန်းပံ့ပိုးတည်ဆောက်ကြရန် ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီးက တညီတညွတ်တည်း သဘောတူကြသည်။

၁၀။ ပြန်လည်ဆုံဆည်းကြရန် သဘောတူညီချက်
    မယ်သရောထာ နှီးနှောဖလှယ်ပွဲကြီး၏ ရလဒ်များကို ဆက်လက်ထိန်းသိမ်း အကောင်အထည်ဖော်သွားရန်နှင့် အနည်းဆုံးတစ်နှစ်လျှင်တကြိမ်၊ စုံစုံညီညီ ဆုံးစည်းကြရန် ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီးက တညီတညွတ်တည်း သဘောတူကြသည်။


အတည်ပြုလက်မှတ်များ

၁။ ဗိုလ်ချုပ်အောင်သန်းလေး
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)
 
၂။ ဗိုလ်မှူးကြီး ခွန်ဥက္ကာ
ပအိုဝ့် ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (PPLO)

၃။ ဗိုလ်မှူးကြီးမဟာဆန်း
“ ၀ ” အမျိုးသားအဖွဲ့ချုပ် (WNO)

၎။ ဗိုလ်မှူးကြီးစိုင်းပေါင်း
“ ၀ ” ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ (UWSP)

၅။ မိုင်အိုက်ဖုန်း
ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF)
၆။ ဗိုလ်မှူးကြီးဇော်ဆိုင်း
ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO)

၇။ ခိုင်မြတ်ကျော်
ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များ အစည်းအရုံး (AASYC)

၈။ ဘီကြာအူး
လားဟူဒီမိုကရက်တစ်တပ်ဦး (LDF)

၉။ နိုင်ဟံသာ
မွန်ပြည်သစ်ပါတီ (NMSP)

၁၀။ ခိုင်စိုးနိုင်အောင်
ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ (ALP)

၁၁။ ခွန်းနားရု
ကယန်းပြည်သစ်ပါတီ (KNLP)

၁၂။ စပ်အွတ်ကျေးသီ
ညီညွတ်သော ရှမ်းပြည်တော်လှန်ရေးတပ်မတော် (SURA)

၁၃။ ဆလိုင်းရွှေခါး
ချင်းအမျိုးသားတပ်ဦး (CNF)

၁၄။ ခွန်ဟုမ်
ရှမ်းအမျိုးသားဒီမိုကရက်တစ်အစည်းအရုံး (SDU)

၁၅။ ဗိုလ်ချုပ်ကြီး စောဘိုမြ
ကရင်အမျိုးသားအစည်းအရုံး (KNU)

၁၆။ တစ်ဦးချင်းကိုယ်စားလှယ်များ
စ၀်စန်းရောင်ဝှေ
နော်လီဇာဘင်ဆင်
ခွန်းမားကိုဘန်း
 
< Prev   Next >
 
Top! Top!