www.mamboteam.com
အဖွင့် စာမျက်နှာ arrow သတင်း arrow ပြည်တွင်းသတင်း arrow ဒီချုပ် ရုံးချုပ်ရှေ့ စစ်အစိုးရ လုံခြုံရေးများ တိုးမြှင့်
Sunday, 12 October 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
ရယူရန်
ဓာတ်ပုံ
Newsflash
The contents on this site contain Burmese Unicode, so if you can not see the contents on this site please download Zawgyi-One font from Here . If you want to see some more details please just have a look here
 
Latest News
ဒီချုပ် ရုံးချုပ်ရှေ့ စစ်အစိုးရ လုံခြုံရေးများ တိုးမြှင့် Print E-mail

ဒီချုပ် ရုံးချုပ်ရှေ့ စစ်အစိုးရ လုံခြုံရေးများ တိုးမြှင့်

(မဇ္ဈိမသတင်းဌာနမှ ကူးယူဖော်ပြသည်)

အန်အယ်ဒီ ရုံးချုပ်တွင် ယနေ့ ကျင်းပသည့် ပါတီ ခေါင်းဆောင်၏ မွေးနေ့ အခမ်းအနား ပြီးဆုံးသွားသော်လည်း လုံခြုံရေးကိုမူ ဆက်လက် တင်းကျပ်ထားဆဲ ဖြစ်သည်။ နံနက်ပိုင်းက ရဲ၊ လုံထိန်း၊ ကြံ့ဖွံ့၊ စွမ်းအားရှင် အင်အား ၁ဝဝဝ ခန့် ချထားစဉ် ကြံ့ဖွံ့များက ပါတီရုံးဝင်းအတွင်း အတင်းအကျပ် ဝင်ရောက်ကာ သံဃာတော် တပါးနှင့် ပါတီဝင် ၃ ဦးကို ဝင်ရောက် ဖမ်းဆီးပြီးနောက် အခမ်းအနား ဆက်လက် ကျင်းပရာ နေ့လယ် ၂ နာရီတွင် ပြီးဆုံးခဲ့ သော်လည်း အာဏာပိုင်များဘက်က လုံခြုံရေးကို ဆက်ချထားဆဲပင် ဖြစ်သည်။ အဖွဲ့ချုပ် လူငယ်တဦးက “လုံခြုံရေး အခြေအနေက သူတို့ဘက်က မလျှော့ဘူး။ တထောင်ကျော်တော့ ရှိမယ်။ ကြံ့ဖွတ်တွေရော၊ စွမ်းအားရှင် တွေရော၊ ရဲတွေရော။ အုတ်လမ်းဘက်၊ ရွှေတိဂုံဘက်မှာ ပိုဆိုးတယ်။ အဲဒီမှာ ပြည်ထဲရေးဌာန ဓမ္မာရုံ ရှိတယ်။ အဲဒီမှာ လုံထိန်း အကြမ်းဖက် နှိမ်နင်းရေးတပ်တွေ တပ်စွဲထားတယ်။ ဒိုင်နာကားက ၁ဝ စီး ကျော်တယ်။ ကျန်တဲ့ ကားကြီးတွေတော့ ရွှေတိဂုံ ဘုရားဘက်မှာ ဖျောက်ထား တယ်” ဟု ပြောသည်။ ထိပ်တိုက်တွေ့မှု ဖြစ်မည် စိုးရိမ်သဖြင့် အဖွဲ့ချုပ်ရုံးဝင်းကိုမူ ခေတ္တ ပိတ်ခဲ့ရသေးသည်။ ရန်ကုန်မြို့ရှိ ထင်ရှားသော နေရာများဖြစ်သော မြို့တော်ခမ်းမ၊ ရွှေဂုံတိုင်၊ မြေနီကုန်း၊ လှည်းတန်းဘက်တွင်လည်း လုံခြုံရေးများ ထူထပ်စွာ ချထားသည်ဟု မြို့ခံတဦးက ပြောသည်။

“လူတွေက သုံးယောက်တွဲနေပြီး စောင့်ကြည့်ကြတယ်။ ရဲကားတန်းရှည်လည်း ကင်းပတ်နေတယ်။ လူထုကို ခြောက်ပြတဲ့ သဘောပါ။ ဒေါ်စု အိမ်ရှေ့လမ်းကိုလည်း အင်အား ဖြည့်ထားတယ်” ဟု အဆိုပါ မျက်မြင်တဦးက ပြောသည်။ မြို့အနှံ့တွင် ဒိုင်း၊ ဒုတ် ကိုင်ထားသော ရဲသား ၃ဝ ခန့်ပါသော ကားများလည်း လှည့်နေပြီး ကုန်သည်ကြီးများ ဟိုတယ် တဝိုက်တွင် အရပ်ဝတ်များ စောင့်ကြည့်နေသည်ဟု အဆိုပါ မြို့ခံက ဆိုသည်။ ယနေ့ နံနက်ပိုင်းက အဖွဲ့ရုံးဝင်း အတွင်းသို့ စွမ်းအားရှင်များ ဝင်ရောက်ကာ ရုံးလုံခြုံရေး ယူထားသော လူငယ်များကို ဖမ်းဆီးခဲ့သေးသည်။ မနက်က အဖွဲ့ချုပ်ရုံးအတွင်း ဖြစ်ပျက်ခဲ့သည့် အခြေအနေနှင့် ပတ်သက်၍ မျက်မြင်သက်သေ တဦးက “ဝင်ဆွဲသွားတယ်။ ရုံးရှေ့မှာ၊ ကားတွေ အတင်းထိုးရပ်ပြီးတော့ ဒိုင်နာကားတွေ၊ ဒေါ်အောင်ဆန်း စုကြည်အတွက် ဆုမွန်ကောင်း တောင်းတဲ့ လူတွေကို အတင်းဆွဲသွားတာ၊ တချို့ မြို့နယ်က လူတွေက ကြောက်အားလန့်အားနဲ့ ရုံးထဲ ဝင်ပြေးကြတာပေါ့။ ရုံးမှာ အမြဲတမ်း လုပ်နေတဲ့ လူငယ်တွေက လုံခြုံရေးတာဝန် ယူထားတော့ သူတို့ကို ဆွဲတင်သွားတယ်” ဟု ပြောသည်။ ပရိသတ် ၇ဝဝ ခန့် တက်ရောက်သော အခမ်းအနားတွင် နိုင်ငံရေး အကျဉ်းသား မိသားစုများမှ ကလေးငယ်များအတွက် ပညာသင် ထောက်ပံ့ကြေး ပေးသည့် အစီအစဉ်တခု ပြုလုပ်ခဲ့သည်။ ကျောင်းသားအရွယ် ကလေးငယ် ၇၄ ဦးကို တဦးလျှင် ငွေကျပ် ၃ သောင်းနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးခဲ့သည်။ မွေးနေ့ ဆွမ်းကပ်လှူမည့် ပန္နိတရာမ ကျောင်းတိုက် (ရွှေတောင်ကုန်း သာသနာ့ရိပ်သာ) မှ သံဃာ ၅ ပါးကို ဆွမ်းကပ်လှူမည့် အစီအစဉ်မှာ ဆွမ်းချိန် နှောင်းသွားသဖြင့် အထမမြောက်တော့ပါ။ သံဃာတော်များကို ဆွမ်းစား မကြွရောက်ရန် အာဏာပိုင်များက ဖိအားပေးခဲ့ခြင်း ဖြစ်သည်။

 
< Prev   Next >
 
Top! Top!