www.mamboteam.com
အဖွင့် စာမျက်နှာ arrow သတင်း arrow ပြည်တွင်းသတင်း arrow ဒေါ်စုမွေးနေ့ အန်အယ်လ်ဒီ အဖွဲ့ဝင်များ ရိုက်နှက် ဖမ်းဆီးခံရ
Friday, 05 September 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
ရယူရန်
ဓာတ်ပုံ
Newsflash
ဤကွန်ယက်စာမျက်နှာပေါ်တွင် တင်ပြထားသော အကြောင်းအရာ အများစုမှာ PDF ဖိုင်မှတဆင့် ပြန်လည် ကူးယူဖော်ပြထားခြင်းဖြစ်သဖြင့် စာလုံးပေါင်းသတ်ပုံ နှင့် အခြားနားမလည်နိုင်သော စာလုံးအက္ခရာများပါရှိတတ်သည်ကို နားလည်ပေးကြရန် တောင်းပန်အပ်ပါသည်။ သို့ဖြစ်ပါ၍ အချက်အလက် အမှန်ကို သိလိုက မူလ PDF ဖိုင်များကိုသာရယူကြရန် အသိပေးအပ်ပါသည်။
 
Latest News
ဒေါ်စုမွေးနေ့ အန်အယ်လ်ဒီ အဖွဲ့ဝင်များ ရိုက်နှက် ဖမ်းဆီးခံရ Print E-mail

ဒေါ်စုမွေးနေ့ အန်အယ်လ်ဒီ အဖွဲ့ဝင်များ ရိုက်နှက် ဖမ်းဆီးခံရ

(ဧရာဝတီအင်တာနက်မဂ္ဂဇင်းမှ ကူးယူဖော်ပြသည်)

 ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) ရုံးချုပ်ရှေ့တွင် ယနေ့နံက်ပိုင်းက အန်အယ်လ်ဒီ အဖွဲ့ဝင်များကို လုံထိန်းရဲနှင့် စစ်အစိုးရ အထောက်အပံ့ပြုထားသူများက ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ နံနက် ၁၁ နာရီခန့်တွင် အန်အယ်လ်ဒီ အဖွဲ့ဝင်များ ရုံးရှေ့၌ ဒေါ်အောင်ဆန်းစုကြည် ၆၃ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အဖြစ် ငှက်များလွှတ်ပြီး ဆုတောင်းမေတ္တာပို့နေစဉ် လူ အင်အား ၃၀၀ ခန့်ရှိ ရဲများ၊ ကြံ့ဖွံ့များ၊ စွမ်းအားရှင်များက ဒိုင်နာ ကား ၁၀ စီး ခန့်ဖြင့် ရောက်ရှိလာပြီး ရိုက်နှက်ဖမ်းဆီးရာ အဖွဲ့ဝင်၎ ဦးခန့် ဖမ်းဆီး ခံ ခဲ့ရကြောင်း အန်အယ်လ်ဒီ ပြန်ကြား ရေးအဖွဲ့ဝင် ဒေါက်တာ ဝင်းနိုင်ကပြောသည်။ “ဒေါ်အောင်ဆန်းဆုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်နဲ့ ရုံးချူပ်ရှေ့မှာအဖွဲ့ဝင်တွေက ငှက်လွှတ်ရင်းနဲ့ ဒေါ်အောင်ဆန်ုးစုကြည် ကျန်းမာပါစေ၊ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်လွှတ်ပေးလို့ ကြွေးကြော်တယ်၊ ဒီအချိန်မှာ စွမ်းအားရှင်၊ ကြံ့ဖွံ့တွေက ရုံးရှေ့ပလက်ဖောင်း အထိ ကားမောင်းလာပြီး အဖွဲ့ချုပ် အဖွဲ့ဝင် ၄ ယောက်ကို ရိုက်နှက်ဖမ်းဆီးသွားတယ်” ဟု ဒေါက်တာ ဝင်းနိုင်က ပြောပြသည်။

ဖမ်းဆီးခံရသူ များမှာ ဦးထွန်းမြင့် (ဗဟန်းမြို့နယ် အတွင်းရေးမှူး) ၊ ဦးလှအေး(လှိုင်သာယာ မြို့နယ် စည်းရုံး ရေးအဖွဲ့ဝင်)၊ မင်္ဂလာဒုံမြို့နယ်မှ အန်အယ်လ်ဒီ လူငယ်တဦးနှင့် အမျိုးသမီးတဦး(အမည်မသိရသေး) တို့ ဖြစ် ကြောင်းနှင့် ဖမ်းဆီးစဉ် ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုကြောင့် အမျိုးသမီးတဦးဒဏ်ရာရရှိခဲ့သည်ဟုလည်း၎င်းက ဆိုသည်။ အခင်းဖြစ်ပွားပြီး၍ ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် အာဏာများပိုင်ဘက်မှ ဗဟန်ုးမြို့နယ် ရပ်မိရပ်ဘ ဦးစိုးတင့်၊ ဦးရဲအောင်၊ ဦးတင်မြင့်၊ ဦးဇော်တင့်တို့ လေးဦးက အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးစိုးမြင့်၊ ဦးသန်း ထွန်း၊ ဒေါက်တာဝင်းနိုင်၊ ဦးလှသိန်း၊ လူငယ်တာဝန်ခံ ကိုခင်ထွန်းတို့နှင့် တွေ့ဆုံဆွေးနွေးသည်ဟု လည်း ဒေါက်တာ ဝင်းနိုင်ကပြောသည်။  ယင်းသို့ တွေ့ဆုံရာတွင် အာဏာပိုင်များဘက်က နောက်ထပ် အဖမ်းအဆီးများမရှိကြောင်း၊ ဥပဒေဘောင် အတွင်းမှ ထိန်းသိမ်း လုပ်ဆောင်ရန် ပြောဆိုကြောင်း၊ ယခုဖမ်းဆီးထားသူများ၏ လက်ရှိအခြေအနေကို မူ မသိရှိသေးကြောင်းနှင့် သက်ဆိုင်ရာ အာဏာပိုင်များကို ပြောဆိုပေးမည်ဖြစ်ကြောင်း၊ လမ်းပိတ်ထားသည်ကိုလည်း ပြန်လည်ဖွင့်လှစ်ပေး မည်ဖြစ်ကြောင်းတို့ကို ဆွေးနွေး ပြောဆိုသွားသည်ဟုဆိုသည်။ နံနက်ကတည်းကပင် အာဏာပိုင်များက အဖွဲ့ချုပ်ရုံးအနီး လင့်လမ်းမှစ၍ ရွှေဂုံတိုင်ထိပ်အထိကားလမ်း မကို ပိတ်ဆို့ထားပြီး ဝတ်စုံအပြည့်နှင့် လုံထိန်းကား ၇ စီး၊ အချူပ်ကား ၁ စီး၊ မီးသတ်ကား ၁စီး၊ လုံခြုံရေး ကွပ် ကဲ ရေးအဖွဲ့ကား ၅ စီးတို့ရှိ နေကာ အဖွဲ့ချူပ်ရုံး လမ်းထိပ်တွင်လည်း ဒိုင်နာကား၁၀စီး တို့ဖြင့် စောင့်ကြပ်၍ လုံခြုံရေး တင်ကြပ်ထားကြောင်း သိရသည်။

ယနေ့ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို အခမ်းအနားအနေဖြင့် မပြုလုပ်သော်လည်း အန်အယ်လ်ဒီ လူမှု အထောက် အကူပြုအဖွဲ့က အကျဉ်းကျ နိုင်ငံရေသမားများ၏ မိသားစုဝင်များကို ပညာသင်စရိတ် ထောက်ပံ့သည့် အစီအစဉ်ရှိသော ကြောင့် အဖွဲ့ချုပ်ရုံးအတွင်း၌ လူအင်အား ၆၀၀ ခန့်ရောက်ရှိနေကြောင်းလည်း သိရသည်။ အန်အယ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက“ဒီနေ့ ကျနော်တို့ အခမ်းအနား လုပ်တာမဟုတ်ပါဘူး။ မွေးနေ့ အထိမ်းအမှတ်အနေနဲ့ အလှူဒါနလုပ်တယ်၊ ကုသိုလ်ကောင်းမှုပြုလုပ်တယ်၊  အဲဒါကို ကျနော်တို့ကို အနှောင့် အယှက်ပေးတာ၊ လာတားမြစ်တဲ့သူတွေက ဗုဒ္ဓဘာသာမှ ဟုတ်ရဲ့လားလို့” ဟု ပြောသည်။ ၎င်းက ဆက်လက်ပြီး“ဒီလို နေ့မျိုးမှာ ကျနော်ပြောချင်တာကတော့ ဒေါ်အောင်ဆန်းဆုကြည်ဟာ နိုင်ငံတကာ ကချီးမြင့်တဲ့ ဆုပေါင်း ၈၅ ဆု ရထားပါတယ်၊ တကြိမ်တခါမှ ဘာပြစ်မှုမှ ကျူးလွန်ခြင်းမရှိခဲ့ဘဲနဲ့ ၁၂နှစ်ကျော် အချိန်အထိ အဖမ်းအဆီးခံ ထားရတာဟာ လုံးဝတရားမျှတမှု မရှိဘူး၊ ကျနော်တို့ဗုဒ္ဓဘာသာတယောက် အနေနဲ့ အလှူအတန်းလုပ်တာကို အနှောင့် အယှက်ပေးခံနေရတာဟာ အလွန်ဝမ်းနည်းစရာကောင်းတယ်၊ အလွန်တရားမဲ့လွန်းတယ်လို့ ပြောချင်ပါတယ်” ဟုလည်း ပြောာသည်။ အန်အယ်လ်ဒီ ရုံးချုပ်တွင် ဒေါ်အောင်ဆန်းစုကြည် ၆၃ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အဖြစ် ယနေ့ နံနက် အစောပိုင်း ကစတင်ပြီး သံဃာတော်များနှင့် သီလရှင်အပါး ၁၀၀ ခန့်ကို တန်းဆွမ်းလောင်းခြင်း၊ ဘုန်းတော်ကြီး ကျောင်းတချို့သို့ ဆွမ်းဆက်ကပ်ခြင်းများ စသည့် အလှူဒါနများကို စီစဉ်ပြုလုပ်ရာ အန်အယ်လ်ဒီ ရုံးသို့ ကြွရောက်ရန် ပင့်ဖိတ်ထားသော သံဃာတော်များကို အာဏာပိုင်များက တားဆီး ပိတ်ပင်ခဲ့ကြောင်း သိရသည်။ တခြားသော တောင်ကြီးမြို့၊ မန္တလေးမြို့တို့ရှိ အန်အယ်လ်ဒီ အဖွဲ့ဝင်များကလည်း ဒေါ်အောင်ဆန်းစုကြည် အတွက် ကျန်းမာစွာဖြင့်အချူပ်အနှောင်မှ လွတ်မြောက်ရန် ဆုတောင်းမတ္တာပို့ခြင်း၊ မိဘမဲ့ကျောင်းများသို့ အလှူအတန်း ပြုလုပ်ခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း အန်အယ်လ်ဒီ အဖွဲ့ဝင်များက ပြောသည်။

 
< Prev   Next >
 
Top! Top!