www.mamboteam.com
အဖွင့် စာမျက်နှာ arrow သတင်း arrow ပြည်တွင်းသတင်း arrow ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်သက်တမ်း စစ်အစိုးရ ထပ်တိုး
Wednesday, 08 October 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
ရယူရန်
ဓာတ်ပုံ
Newsflash
The contents on this site contain Burmese Unicode, so if you can not see the contents on this site please download Zawgyi-One font from Here . If you want to see some more details please just have a look here
 
Latest News
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်သက်တမ်း စစ်အစိုးရ ထပ်တိုး Print E-mail

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်သက်တမ်း စစ်အစိုးရ ထပ်တိုး
(ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်)

အထိန်းသိမ်းခံ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သက်တမ်း ထပ်တိုးလိုက်တယ်လို့ ရန်ကုန်ကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝင်းထဲကို စစ်အစိုးရအရာရှိတဦး ကားမောင်းဝင်သွားခဲ့ပြီး သက်တမ်းတိုးကြောင်း အသိပေးခဲ့တယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရေး ထပ်ခါတလဲလဲ တောင်းဆိုနေတာကို စစ်အစိုးရက ဂရုမစိုက်၊ လျစ်လျူရှုပြီး ဒီကနေ့ နောက်ထပ်သက်တမ်း တနှစ်တိုးလိုက်တာဖြစ်တယ်လို့ ရန်ကုန်ကလာတဲ့ အေပီသတင်းမှာ ဖော်ပြထားပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ငြိမ်းချမ်းစွာ ချီတက် တောင်းဆို ဆန္ဒပြခဲ့ကြတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ၁၅ ယောက်ထက်မနည်း ဒီနေ့ အဖမ်းခံရပါတယ်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၈ နှစ်ပြည့် အောင်ပွဲခံ နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနား ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားကျင်းပရာ အန်န်အယ်လ်ဒီဌာနချုပ်ကနေ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှိရာကို မိုးရေထဲမှာ ခမောက်တွေဆောင်းပြီး အန်န်အယ်လ်ဒီအဖွဲ့ဝင်တွေ ငြိမ်းချမ်းစွာ ချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီချီတက်ကြတဲ့သူတွေထဲက ၁၅ ယောက်ထက်မနည်းကို လုံထိန်းတွေက ထရပ်ကားတွေပေါ်တင်ပြီး ဖမ်းဆီးသွားခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ မုန်တိုင်းဘေးသင့် ဒုက္ခသည်တွေအတွက် တကမ္ဘာလုံးက စာနာမှုနဲ့ ကူညီနေကြတဲ့အချိန်မှာ မြန်မာစစ်အစိုးရအနေနဲ့ စိတ်ကောင်းစေတနာထားပြီး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါလို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဟာဆန် ၀ိရာယုဒ (Hassan Wirajuda) က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

 
< Prev   Next >
 
Top! Top!