www.mamboteam.com
အဖွင့် စာမျက်နှာ arrow သတင်း arrow ပြည်တွင်းသတင်း arrow ဒေါ်စုလွတ်မြောက်ရေး တောင်းဆိုသည့် အန်န်အယ်လ်ဒီလူငယ်များ အဖမ်းခံရ
Wednesday, 08 October 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
ရယူရန်
ဓာတ်ပုံ
Newsflash
The contents on this site contain Burmese Unicode, so if you can not see the contents on this site please download Zawgyi-One font from Here . If you want to see some more details please just have a look here
 
Latest News
ဒေါ်စုလွတ်မြောက်ရေး တောင်းဆိုသည့် အန်န်အယ်လ်ဒီလူငယ်များ အဖမ်းခံရ Print E-mail

ဒေါ်စုလွတ်မြောက်ရေး တောင်းဆိုသည့် အန်န်အယ်လ်ဒီလူငယ်များ အဖမ်းခံရ
(ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်)

မြန်မာပြည်က အဓိက အတိုက်အခံ နိုင်ငံရေး ပါတီကြီးတခုဖြစ်တဲ့ အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် လူငယ်တချို့ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ ဒီလူငယ်တွေ ဘာကြောင့် အခုလို ဖမ်းဆီးခံခဲ့ရသလဲ ဆိုတာကို မနန္ဒာချမ်းက စုစည်းတင်ပြထားပါတယ်။

အန်န်အယ်လ်ဒီ လူငယ်အဖွဲ့ဝင် ၂၄ ဦးနဲ့အတူ လူအင်အား ၅၀ လောက်ဟာ အန်န်အယ်လ်ဒီရုံးချုပ်ကနေတဆင့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ရဲ့နေအိမ်ကို ချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီလို ချီတက်တဲ့အချိန် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး အန်န်အယ်လ်ဒီလူငယ် ၁၈ ဦးကို ဖမ်းဆီးသွားကြောင်း၊ ဖမ်းဆီးခံခဲ့ရတဲ့ အဖြစ်အပျက်နဲ့ပတ်သက်လို့ ဆန္ဒပြပွဲမှာပါဝင်သူ အန်န်အယ်လ်ဒီ လူငယ်အဖွဲ့ဝင်တဦးက ဗွီအိုအေကို အခုလို ပြောပြပါတယ်။ “အဖွဲ့ချုပ် အဖွဲ့ဝင် လူငယ် ၂၄ ဦးက ဦးဆောင်ပြီး နောက်က အင်အား ၅၀ လောက်နဲ့ အနောက်ရွှေဂုံတိုင်လမ်းမအတိုင်း တာမွေဘက်ကိုသွားပြီး ကမ္ဘာအေးဘုရားလမ်းကို တက်တယ်။ ကြွေးကြော်ခြင်း မပြုဘဲ ငြိမ်းချမ်းစွာပဲ လမ်းလျှောက်သွားတယ်။ နှင်းဆီကုန်း ဘိုးဘွားရိပ်သာအနီးလည်းရောက်ရော အရပ်ဝတ် ၀တ်ထားတဲ့ အာဏာပိုင်တွေ ကားတစီးနဲ့ ရောက်လာတယ်။ အဲဒီကားပေါ်ကလူက ရှေ့ဆုံးကလျှောက်လာတဲ့ ကိုထွန်းထွန်းဝင်းနဲ့ မထက်ထက်ဦးဝေကို ရှေ့ဆက်မသွားဖို့ ပြောတယ်။ ကိုထွန်းထွန်းဝင်းက ကျနော်တို့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတာဖြစ်တဲ့အတွက် ဆက်သွားမယ်လို့ ပြောတယ်။ အဲဒီတော့ အာဏာပိုင်တွေက သွားခွင့်မရှိတော့ဘူး၊ ဥပဒေထုတ်ထားပြီးပြီ ဖြစ်ကြောင်းပြောတယ်။

“ပြီးတော့ အာဏာပိုင်တွေက မင်းတို့ ရုံးကိုပြန်မယ်ဆိုရင် ငါတို့ ကားနဲ့လိုက်ပို့ပေးမယ်လို့ပြောတယ်။ ကိုထွန်းထွန်းဝင်းက မလိုက်နိုင်ဘူးလို့ပြောတော့ သူတို့က အကုန်လုံးကိုအဓမ္မ ကားပေါ်ဆွဲတင်တယ်။ အားလုံး ၂၄ ယောက်ထဲက ထွက်ပြေးတဲ့လူ ထွက်ပြေးဆိုတော့ ၁၈ ယောက် အဖမ်းခံလိုက်ရတယ်လို့ ပြောတယ်။” ဒါ့အပြင် ဆန္ဒပြပွဲမှာပါဝင်ခဲ့သူ အန်န်အယ်လ်ဒီလူငယ် နောက်တဦးကလည်း ဖမ်းဆီးခံခဲ့ရတဲ့ အခြေအနေနဲ့ပတ်သက်လို့ အခုလို ထပ်ပြောပြပါသေးတယ်။ “နှစ်ယောက်တတွဲစီ လက်ချိတ်ပြီး အန်တီ့အိမ်ဘက်ကို သွားကြတယ်။ အဲဒီမတိုင်ခင် ကတည်းက ရွှေဂုံတိုင်မီးပွိုင့်မှာ လုံခြုံရေးက အပြည့်ပဲ။ လုံထိန်းကားတွေရော၊ ဘာတွေရော အကုန်လုံးပေါ့၊ တော်တော်များများရှိတယ်။ မနက်ထဲကလည်း လုံခြုံရေးအခြေအနေက ရန်ကုန်မြို့မှာ တော်တော်လေးကိုချထားတာ။ အဲဒီကနေ ထွက်လာလိုက်တာ နှင်းဆီကုန်း ဘိုးဘွားရိပ်သာအကျော်မှာ ကားတွေထိုးပြီး သူတို့ကို စဆွဲတယ်။ လမ်းကြောင်းတွေလည်း အကုန်လုံးပိတ်တယ်။ သူတို့က နှစ်ကြောင်းပြန်ဆွဲတာ။ အခုလောလောဆယ် စာရင်းအရ အားလုံးပေါင်း လူ ၁၈ ယောက်လို့ပြောတယ်။ အဲဒီ ၁၈ ယောက်ကို ကားပေါ်တင်ပြီး ကျန်တဲ့လူတွေကို ထပ်ဆွဲတယ်။ ဒါပေမယ့် ကျန်တဲ့လူတွေတော့ ထပ်မရလိုက်ဘူး။ အဲဒီတဖွဲ့ အကုန်လုံးကို ဖမ်းသွားတယ်။”

အဲဒီလူငယ်အဖွဲ့ဝင်တွေဟာ အန်န်အယ်လ်ဒီဝတ်စုံတွေကို ၀တ်ဆင်ထားကြသလို ခမောက်တွေကိုလည်း ဆောင်းထားကြောင်း၊ ပြီးတော့ ကြွေးကြော်သံတချို့ကိုလည်း ရွတ်ဆိုခဲ့ကြတယ်လို့ အန်န်အယ်လ်ဒီ လူငယ်အဖွဲ့ဝင် တဦးကပဲ အခုလို ဆက်ပြောပြပါတယ်။ “အဖွဲ့ချုပ်အဖွဲ့ဝင် လူငယ် ၂၄ ယောက်က ယောက်ျားလေးတွေက ပင်နီတိုက်ပုံ၊ ကော်လာကတုံး၊ ကချင်လုံချည် ၀တ်ထားတယ်။ မိန်းကလေးတွေက ပင်နီ ရင်ဖုံးအင်္ကျီ၊ အောက်က ချိတ်ထဘီဝတ်ထားတယ်။ အန်န်အယ်လ်ဒီ ယူနီဖောင်းပေါ့။ အဲဒီအချိန်တုန်းက မိုးက သည်းသည်းမည်းမည်းရွာနေလို့ အန်န်အယ်လ်ဒီတံဆိပ်ပါ ခမောက်တွေကို ဆောင်းထားကြတယ်။ “အဲဒီ ၂၄ ဦးက ဦးဆောင်ပြီး နောက်ကအင်အား ၅၀ လောက်နဲ့ အဖွဲ့ချုပ်ရုံးရှေ့မှာ ဆန္ဒ ထုတ်ဖော်တယ်။ အဲဒီလို သူတို့ဆန္ဒသူတို့ ထုတ်ဖော်တဲ့အခါမှာ သူတို့ကအဖြူရောင်ပိတ်စပေါ်မှာ အနီရောင်စာတမ်းရေးထားတယ်။ ဒေါ်အောင်ဆန်းစုကြည် ချက်ချင်းလွှတ်လို့။ ပြီးတော့ ကြွေးကြော်သံတွေတိုင်တယ်။ တိုင်တာက ဒေါ်အောင်ဆန်းစုကြည် ချက်ချင်းလွှတ်၊ နိုင်ငံတကာအကူအညီ ချက်ချင်းပေး။ အဲဒီနှစ်ခုကို သူတို့ တိုင်ကြတယ်။ အဲဒီမှာ နာရီဝက်သာသာလောက် နေလိုက်တယ်။ ပြီးတော့ မထက်ထက်ဦးဝေက ဦးဆောင်ပြီး အန်တီ့ခြံရှေ့ကို လမ်းလျှောက်ချီတက်သွားကြတယ်။” လောလောဆယ် အခြေအနေအထိတော့ အာဏာပိုင်တွေဘက်က ဒီလူငယ်တွေကို ဘယ်ကိုခေါ်ဆောင်သွားပြီး ဘယ်မှာ ထိန်းသိမ်းထားသလဲဆိုတာ မသိရသေးပါဘူး။

 
< Prev   Next >
 
Top! Top!