အဖွင့် စာမျက်နှာ arrow သတင်း arrow အင်တာနက်သတင်း arrow စစ်အစိုးရ ကိုယ့်ဥပေဒေ ကိုယ်လိုက်နာပြီး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမည်ဟု လူ့အခွင့်အရေးအဖွဲ့မှပြော
Friday, 29 August 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
ရယူရန်
ဓာတ်ပုံ
Newsflash
The contents on this site contain Burmese Unicode, so if you can not see the contents on this site please download Zawgyi-One font from Here . If you want to see some more details please just have a look here
 
Latest News
စစ်အစိုးရ ကိုယ့်ဥပေဒေ ကိုယ်လိုက်နာပြီး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမည်ဟု လူ့အခွင့်အရေးအဖွဲ့မှပြော Print E-mail

စစ်အစိုးရ ကိုယ့်ဥပေဒေ ကိုယ်လိုက်နာပြီး ဒေါ်အောင်ဆန်းစုကြည်ကို
လွှတ်ပေးရမည်ဟု လူ့အခွင့်အရေးအဖွဲ့မှ ပြောကြား

(မဇ္ဈိမမြန်မာသတင်းဌာနမှ ကူးယူဖော်ပြသည်)

မြန်မာစစ်အစိုးရသည် ကိုယ်ထုတ်ထားသည့် ဥပဒေကို လေးစား လိုက်နာ၍ စနေနေ့တွင် ထိန်းသိမ်းမှု သက်တမ်း ကုန်ဆုံးတော့မည် ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း လွှတ်ပေးရန် အမေရိကန်အခြေစိုက် Freedom Now လူ့အခွင့်အရေး အဖွဲ့ကြီးက သောကြာနေ့တွင် မြန်မာစစ်အစိုးရကို တိုက်တွန်းလိုက်သည်။ မြန်မာနိုင်ငံ၏ ဥပဒေအရ သူ့ကို ထိန်းသိမ်းမှု သက်တမ်းသည် မေလ ၂၄ ရက်နေ့ သန်းခေါင်ယံတွင် တရားဝင် ကုန်ဆုံးမည် ဖြစ်သဖြင့် ထိုဥပဒေနှင့်အညီ သူ့ကို လွှတ်ပေးရမည်ဟု Freedom Now ၏ ဥက္ကဋ္ဌ Jared Genser က ပြောဆိုခြင်း ဖြစ်သည်။ “စစ်အစိုးရအနေနဲ့ သူ့ကို လွှတ်မပေးဘူးဆိုရင် ကိုယ်ထုတ်ထားတဲ့ ဥပဒေကို ကိုယ် ပြန်ပြီး ချိုးဖောက်တာ ဖြစ်နေမှာပဲ” ဟု ဒေါ်အောင်ဆန်းစုကြည် မိသားစုဝင်များ၏ ညွှန်ကြားချက်အရ သူ၏ ဥပဒေ အကျိုးဆောင်လည်း ဖြစ်သူ Genser က ပြောသည်။ ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ရန်မှ ကာကွယ် တားဆီးသည့် ဥပဒေ ပုဒ်မ ၁ဝ (ခ) အရ ‘နိုင်ငံတော်၏ အချုပ်အခြာ အာဏာနှင့် လုံခြုံရေးကို ခြိမ်းခြောက် အန္တရာယ်ပြုသူ၊ အများပြည်သူ၏ ငြိမ်းချမ်းမှုကို တားဆီး နှောင့်ယှက်သူဟု ယူဆရသူ မည်သူမဆို အများဆုံး ၅ နှစ်အထိ တားဆီး ကန့်သတ်မိန့် ထုတ်ပြန်နိုင်သည်။ ထိုအမိန့်ကို တနှစ်လျှင် တကြိမ် သက်တမ်း တိုးမြှင့်ရမည်’ ဟု ပြဋ္ဌာန်း ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို နောက်ဆုံးအကြိမ် ၂ဝဝ၃ ခုနှစ် မေလတွင် ဖမ်းဆီး ထိန်းသိမ်းထားခဲ့ပြီး၊ ယခု မေလ ၂၄ ရက်နေ့တွင် အကျဉ်းစံသက်တမ်း ၅ နှစ်ပြည့်မြောက်မည်။ သူသည် လွန်ခဲ့သော ၁၈ နှစ်အတွင်း ၁၂ နှစ်ကျော် ထိန်းသိမ်းခံခဲ့ရသည်။ “ထိန်းသိမ်းမှု သက်တမ်းကို ဆက်ထားဖို့ စစ်အစိုးရမှာ ဘာဥပဒေ အခွင့်အရေးမှ မရှိပါဘူး။ တကယ်လို့ ဆက်ဖမ်းထားမယ် ဆိုရင် ဒါဟာ ကိုယ်ထုတ်ထားတဲ့ ဥပဒေကို ကိုယ့်ဘာသာ ပြန်ချိုးဖောက်တာပဲ ဖြစ်လိမ့်မယ်” ဟု Genser က ပြောသည်။ သူ၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ အခြား ခေါင်းဆောင်များကလည်း သူတို့ပါတီ ခေါင်းဆောင်ကို ထိန်းသိမ်းထားခြင်းကို အစဉ်တစိုက် ကန့်ကွက် ဆန့်ကျင်ခဲ့ကြပြီး ဖမ်းဆီးထားသည်မှာ တရားမဝင်ကြောင်းနှင့် လွှတ်ပေးရန်ကိုလည်း တိုက်တွန်း တောင်းဆိုခဲ့ကြသည်။ “ဒါပေမဲ့ အစိုးရက ဥပဒေကို လေးစား လိုက်နာမှုမရှိဘဲ သူ့ကို ဆက်ထိန်းသိမ်းထားခဲ့ပါတယ်” ဟု NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောကြားသည်။ “တကယ်လို့သာ ဒီတကြိမ်လည်း ထိန်းသိမ်းမှု သက်တမ်းကို ထပ်တိုးခဲ့မယ်ဆိုရင်၊ အစိုးရဟာ ဥပဒေစိုးမိုးမှုကို လေးစားလိုက်နာမှု မရှိဘူးဆိုတာ ပြသရာ ရောက်ပါလိမ့်မယ်” ဟု ဦးဉာဏ်ဝင်းက ဆက်ပြောသည်။

ဤအတောအတွင်း Human Right Watch ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားခြင်းဖြင့် စစ်အစိုးရသည် ဥပဒေကို ခြယ်လှယ် ချိုးဖောက်နေသည်ဟု ဆိုလိုက်သည်။ ဥပဒေကို ဤကဲ့သို့ လိုသလို ခြယ်လှယ် လုပ်ဆောင်နိုင်ခဲ့သည်ဟု ဆိုလျှင်ပင် ဒေါ်အောင်ဆန်းစုကြည်၏ ထိန်းသိမ်းမှု သက်တမ်းသည် စနေနေ့တွင် ကုန်ဆုံးတော့မည် ဖြစ်သည်ဟု (HRW) ၏ မြန်မာပြည်ရေးရာ အတိုင်ပင်ခံ David Scott Mathieson က ပြောသည်။ “စစ်အစိုးရ အနေနဲ့ လွှတ်ကို လွှတ်ရမယ်။ ဒီလိုပြောတာက ဥပဒေက ဒီအတိုင်း ဆိုထားလို့သာ မဟုတ်ဘူး၊ ဒါ လုပ်ကိုလုပ်ရမယ့် မှန်ကန်တဲ့ ကိစ္စလည်း ဖြစ်လို့ပဲ” ဟု Mathieson က ပြောသည်။ မည်သို့ပင်ဖြစ်စေ စစ်တပ် အသိုင်းအဝိုင်းမှ ရရှိသော သတင်းအရ ဗိုလ်ချုပ်ကြီးများသည် နောက်ထပ် တနှစ် ဆက်လက် တိုးမြှင့်ရန် ပြင်ဆင် လုပ်ဆောင်နေကြပြီး၊ ယင်းကို စနေနေ့တွင် ကြေညာဖွယ် ရှိသည်။ ဤသည်မှာ ရန်ကုန်မြို့တွင် ကျင်းပရန် စီစဉ်ထားသည့် ကုလနှင့် အာဆီယံ ပူးတွဲကျင်းပမည့် အလှူရှင်များ ကွန်ဖရင့် မတိုင်ခင် ၁ ရက်အလို ဖြစ်သည်။  “ဒီ့ထက်ကောင်းတဲ့ အချိန် မရှိတော့ပါဘူး” ဟု Genser က သောကြာနေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ပြောကြားသွားခဲ့ပါသည်။

အကယ်၍ မြန်မာစစ်အစိုးရသာ သူတို့ ဥပဒေကို လေးစား လိုက်နာခဲ့မည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့တွင် တနင်္ဂနွေနေ့၌ ကျင်းပမည့် နိုင်ငံတကာ အလှူရှင်များ ကွန်ဖရင့်သို့ တက်ရောက်နိုင်မည် ဖြစ်သည်။ “သူ့ကို လွှတ်ပေးဖို့ ဗိုလ်ချုပ်ကြီး သန်းရွှေက ငြင်းဆန်ခဲ့မယ်ဆိုရင် ဒါဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနဲ့ အာဆီယံ သံတမန်တွေရဲ့ မျက်နှာကို ဖြတ်ရိုက် ခံလိုက်ရသလို ဖြစ်မှာပဲ။ ဒီသံတမန်တွေက စစ်အစိုးရက တောင်းခံမယ့် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံဖိုး နိုင်ငံတကာ အကူအညီတွေကို နားထောင်ဖို့ ရောက်လာမှာမို့ပါ” ဟု သူက ဆက်ပြောသည်။

 
< Prev   Next >
 
Top! Top!