www.mamboteam.com
အဖွင့် စာမျက်နှာ arrow မော်ကွန်းတိုက် arrow မဲလိမ်မှုများအပေါ် တရားစွဲဆိုနိုင်ရန် ဒီချုပ်ပြင်ဆင်နေ
Friday, 05 September 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
ရယူရန်
ဓာတ်ပုံ
Newsflash
The contents on this site contain Burmese Unicode, so if you can not see the contents on this site please download Zawgyi-One font from Here . If you want to see some more details please just have a look here
 
မဲလိမ်မှုများအပေါ် တရားစွဲဆိုနိုင်ရန် ဒီချုပ်ပြင်ဆင်နေ Print E-mail

မဲလိမ်မှုများအပေါ် တရားစွဲဆိုနိုင်ရန် ဒီချုပ်ပြင်ဆင်နေ
(မဇ္ဈိမမြန်မာသတင်းဌာနမှ ကူးယူဖော်ပြသည်)

ကျင်းပပြီးစီးခဲ့သော ပြည်လုံးကျွတ် ဆန္ဒခံယူပွဲများတွင် မဲလိမ်မှုများ ရှိခဲ့သည်ဆိုကာ အဓိက အတိုက်အခံ နိုင်ငံရေး ပါတီကြီး ဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တရားစွဲဆိုပြီး စစ်အစိုးရ ထုတ်ပြန်ထားသော မဲရလာဒ်ကို ပယ်ဖျက်နိုင်ရန် ပြင်ဆင်မှု ပြုလုပ်လျှက် ရှိသည်။ မြို့နယ် ၄၇ မြို့နယ်မှအပ တနိုင်ငံလုံးတွင် မေလ ၁ဝ ရက်က ပြုလုပ်ခဲ့သော ဆန္ဒခံယူပွဲအတွင်း မဲလိမ်မှု အမျိုးမျိုး လုပ်ခဲ့သည် ဆိုခြင်းများနှင့် ပတ်သက်၍ မျက်မြင်သက်သေများ၏ ထွက်ဆိုချက် အထောက်အထားများကို စုစည်းနေခြင်း ဖြစ်သည်။ “ကျနော်တို့ သတင်းအချက်အလက် အပြည့်အစုံရအောင် လုပ်နေတယ်။ အချက်အလက်တွေ ပြည့်စုံရင် ဥပဒေနဲ့အညီ ဖြစ်နိုင်ဖို့ စဉ်းစား ဆုံးဖြတ်ကြမယ်၊ သူတို့ရဲ့ လုပ်ပုံလုပ်နည်းတွေ မဲလိမ်လည်မှုတွေ အားလုံး အသေးစိတ် တပြည်လုံး အတိုင်းအတာနဲ့ရအောင် စုစည်းနေပါတယ်။ ကျနော်တို့ ဗဟိုအဖွဲ့ဝင်တွေ မြို့နယ်၊ တိုင်း အားလုံးကို အချက်အလက်တွေ ရဖို့ စုစည်း ခိုင်းထားတယ်။ တချို့လည်း ရပါပြီ” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ဗဟို) မှ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

အဖွဲ့ချုပ်တွင် လက်ရှိအားဖြင့် ပဲခူးတိုင်း ကဝမြို့နယ်တွင် ရပ်ကွက်ကြီး ၆ ခုနှင့် ကျေးရွာအုပ်စု ၉၆ အုပ်စုအတွင်းက မဲလိမ်မှုများအကြောင်း စုစည်း ထားရှိပြီး ဖြစ်သည်။ ရှေ့နေ ဦးအောင်သိန်းက “ဒီလုပ်ရပ်ကတော့ အစိုးရကို တရားစွဲရင်၊ တရားမကြောင်းအရ တရားစွဲရင် စွဲလို့ရမှာပေါ့။ Notice စာထုတ်ပြီး တရားစွဲရမှာပဲ။ ခွင့်ပြုတာ မပြုတာ ရှိမယ်။ တရားစွဲဆိုခွင့်တော့ ဥပဒေအရ ပြဋ္ဌာန်းထားတာပဲ” ဟု မဇ္ဈိမကို ပြောသည်။ ပဲခူးတိုင်းက ပေးပို့လိုက်သည့် မဲလိမ်မှု လျှောက်လဲစာတွင် ဆန္ဒခံယူပွဲနေ့ မဲပေးရာတွင် ကိုယ်စားမဲပေးခွင့် ပြုလုပ်ခိုင်းခြင်းများနှင့် မဲရုံမှူးများ ကိုယ်တိုင် အစားထိုးမဲများ ထည့်ခြင်းတို့အကြောင်း သက်သေ ထွက်ဆိုချက်များ ပါရှိသည်ဟု မဇ္ဈိမက စုံစမ်း သိရှိရသည်။ ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ (ဘီအယ်စီ) နှင့် အတိုက်အခံ အဖွဲ့အစည်းများကလည်း ဆန္ဒခံယူပွဲများတွင် မဲလိမ်မှုများ ရှိခဲ့သည်ဟု စွပ်စွဲ ပြောဆိုထားပြီး သက်သေ အထောက်အထားများ စုဆောင်းနေသည်။ “မဲလိမ်လည်မှုနဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပမှာပေါ့နော်၊ ပထမဆုံး အနေနဲ့က  သက်သေခံချက်တွေကို ပို့ဖို့အတွက် လုပ်နေပါတယ်။ အထဲမှာသွားပြီး ကိုယ်တိုင်ကိုယ်ကျ လေ့လာခဲ့တဲ့ သက်သေခံ အထောက်အထား ယူခဲ့တာတွေ ရှိတယ်ပေါ့နော်။ အဲလိုပဲ တခြားအတိုက်အခံ အဖွဲ့အစည်းတွေမှာလည်းပဲ သက်သေ အထောက်အထားတွေကို ပူးပေါင်းပြီးတော့ ပြည်တွင်းပြည်ပ ပူးပေါင်းဆောင်ရွက်ဖို့ ကျနော်တို့ လုပ်နေပါတယ်” ဟု ရှေ့နေများ ကောင်စီမှ ဦးသိန်းဦးက ပြောသည်။

သူက ဆက်ပြီး “အားလုံးက ဒီကိစ္စကို ပြိုင်တူ ဝိုင်းပြီးတော့ တွန်းဖို့ လိုပါတယ်။ ဒီလို ဝိုင်းတွန်းမယ်ဆိုရင် ကျနော်တို့ တစုံတရာ အကောင်အထည် ဖော်နိုင်လိမ့်မယ်။ တဦးတယောက်ထဲ လုပ်လို့ရမှာ မဟုတ်တဲ့ အတွက်ကြောင့် ပူးပေါင်း ဆောင်ရွက်ကြဖို့ စနစ်တကျ ဆောင်ရွက်နေပါတယ်” ဟု သူက ပြောသည်။ ထိုကဲ့သို့ ဖြစ်ပေါ်နေချိန်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် သက်တမ်းသည် စနေနေ့တွင် ကုန်ဆုံးမည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ လက်ရှိ ဥပဒေအရ ငါးနှစ်ထက် ကျော်လွန်ကာ ချုပ်နှောင်ထားခွင့် မရှိဟု သူမ၏ရှေ့နေ အမေရိကန် အခြေစိုက် ဂျာရတ်ကန်ဆာက ဗီအိုအေ သို့ ပြောကြားခဲ့သည်။ ဒီပဲယင်း အရေးအခင်း ဖြစ်ပွားပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို ၂ဝဝ၃ ခုနှစ် မေလတွင် နေအိမ် အကျယ်ချုပ် နောက်တကြိမ် ပြန်လည်ချထားခဲ့သည်။ ဒေါ်စုသည် ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် နေအိမ် အကျယ်ချုပ်သက်တမ်း ၁၁ နှစ် ကျော်မြင့်ပြီ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ အန္တရာယ် ကာကွယ် စောင့်ရှောက်ရေး ဥပဒေဖြင့် ဖမ်းဆီးထားခြင်း ဖြစ်သည်။ အဆိုပါ ဥပဒေကို ၁၉၇၅ ခုနှစ် စတင် ပြဋ္ဌာန်းခဲ့စဉ်က တကြိမ်လျှင် ရက်ပေါင်း (၁၈၀) နှင့် အများဆုံး (၃) နှစ်ထိ ဖမ်းဆီး ချုပ်နှောင့်ခွင့် ရှိသည်ဟု ပြဋ္ဌာန်းခဲ့သည်။ တဖန် ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် အကျယ်ချုပ်ကျနေသည့် ၁၉၉၁ ခုနှစ်တွင် အများဆုံး (၅) နှစ်ထိ ချုပ်နှောင်ထားနိုင်သည်ဟု စစ်အစိုးရက ပြင်ဆင် သတ်မှတ်ခဲ့သည်။

 
< Prev   Next >
 
Top! Top!