အဖွင့် စာမျက်နှာ arrow သတင်း arrow ပြည်တွင်းသတင်း arrow ဥပဒေနှင့်ဆန့်ကျင်သည့် ဆန္ဒခံယူပွဲဖြစ်သည်ဟု အန်အယ်လ်ဒီပြောကြား
Saturday, 17 May 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
ရယူရန်
ဓာတ်ပုံ
Newsflash
The contents on this site contain Burmese Unicode, so if you can not see the contents on this site please download Zawgyi-One font from Here . If you want to see some more details please just have a look here
 
Latest News
ဥပဒေနှင့်ဆန့်ကျင်သည့် ဆန္ဒခံယူပွဲဖြစ်သည်ဟု အန်အယ်လ်ဒီပြောကြား Print E-mail

ဥပဒေနှင့်ဆန့်ကျင်သည့် ဆန္ဒခံယူပွဲဖြစ်သည်ဟု အန်အယ်လ်ဒီပြောကြား
(ဧရာဝတီအင်တာနက်မဂ္ဂဇင်းမှ ကူးယူဖော်ပြသည်)

ယနေ့ပြုလုပ်သည့် စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အတည်ပြုရေး ဆန္ဒခံယူပွဲသည် လုံးဝဥပဒေနှင့် ဆန့်ကျင်သည့် မဲဆန္ဒခံယူပွဲဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန် အယ်လ်ဒီ) ကပြောသည်။ အန်အယ်လ်ဒီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက “ကျနော်တို့ရတဲ့ သတင်းတွေအရ မြန်မာပြည်အနှံ့ မဲရုံတိုင်းမှာ ကြံ့ဖွံ့နဲ့ သူတို့ရဲ့အာဏာပိုင် အဖွဲ့အစည်းဝင်တွေက လာတဲ့မဲဆန္ဒရှင်တွေကို ထောက်ခံမဲပေးခိုင်းတယ်။ ထောက်ခံမဲကိုလည်း မဲဆန္ဒရှင်က မခြစ်ရဘူး။ သူတို့ကိုယ်တိုင် ခြစ်ပေးတယ်။ အဲဒီလိုစနစ်နဲ့ အတင်းအဓမ္မ လုပ်နေတယ်” ဟုပြောသည်။ ၎င်းတို့အဖွဲ့ချုပ်ဝင်များ၏ သတင်းပေးပို့ချက်များအရ ရှမ်းပြည်နယ်နှင့်  မကွေးတိုင်း ရေနံချောင်း၊ ဧရာဝတီတိုင်း ကျုံပျော်နှင့် ပုသိမ်၊ နောက်ပဲခူးတိုင်း ဇီးကုန်း၊ နတ္တလင်း၊ ပဲခူး တို့တွင် ထိုသို့ အတင်းအဓမ္မ ဆန္ဒမဲကို အမှန်ခြစ်ခိုင်းသည်ဟု သိရကြောင်း ၎င်းကပြောသည်။

“ဥပဒေနဲ့ မညီတဲ့နည်းနဲ့ လျှို့ဝှက်မဲပေးတဲ့ စနစ်လည်း မရှိတော့ဘူး။ သူတို့အရှေ့မှာပဲ ခြစ်ခိုင်း တယ်။ အဲဒီလိုပဲဖြစ်နေတယ်” ဟုဦးဥာဏ်ဝင်းကပြောသည်။ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံလိုက်ရသည့် ဧရာဝတီနှင့် ရန်ကုန်တိုင်းတို့ အတွင်းရှိ (၄၇) မြို့နယ်မှ အပ ဖွဲ့စည်းပုံမူကြမ်း အတည်ပြုရေး ဆန္ဒခံယူပွဲကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပရေး ကော် မရှင်က ယနေ့ကျင်းပနေခြင်းဖြစ်သည်။ “ပဲခူးတိုင်းသာယာဝတီမြို့မှာ မနက် (၁၁) နာရီကတည်းက မဲရုံအားလုံးကို ပိတ်လိုက်တယ်။ မဲပေးတဲ့လူတွေ မကုန်သေးဘူး။ မဲနောက်ထပ်ပေးချင်ရင် သူတို့ဆီကို သွားရတယ်။ သူတို့က ဘာလုပ်ထားသလဲဆိုတော့ တမြို့လုံးက နိုင်ငံသားစိစစ်ရေး ကတ်ပြားတွေကို သိမ်းထားတယ်။ ကျေးရွာတွေမှာရှိတဲ့ လယ်သမားတွေရဲ့ ကျေးရွာဘဏ်စာအုပ်တွေ သိမ်းထားတယ်။ အဲတော့ မဲပေးချင်တဲ့သူက အဲဒီကိုသွား၊ ထောက်ခံမဲပေးလို့ရှိရင် မှတ်ပုံတင်ပြန်ပေးတယ်။ ဘဏ်စာအုပ်တွေ ပြန်ပေးတယ်။ အဲဒီလိုနည်းနဲ့ မဲကိုလုယူနေပါတယ်” ဟု ဦးဥာဏ်ဝင်းကပြောသည်။ အန်အယ်လ်ဒီ ရန်ကုန်တိုင်းစည်းရုံးရေးဥက္ကဌ ဦးစိုးမြင့် နှင့် တွဲဖက်အတွင်းရေးမှူးဒေါက်တာ မျိုးအောင်တို့ နှစ်ယောက်က ယနေ့လုပ်သည့် ဆန္ဒခံယူပွဲတွင်  မဲဆန္ဒပေးနေသည့် မြို့နယ်များ ဖြစ်သည့် လှည်းကူး၊တိုက်ကြီး၊ မှော်ဘီ၊ ထောက်ကြံ့ဘက်သို့  လေ့လာဖို့သွားခဲ့ရာတွင် ၎င်းတို့ ၏မော်တော်ယာဉ်ကို တိုးဂိတ်တွင် ရပ်ခိုင်းပြီး လုံထိမ်းတပ်မှ ဒု-ရဲမှူးက သွားခွင့်မပြုဘဲ ပြန်လှည့် ခိုင်းသဖြင့် ရန်ကုန်ဘက်သို့ ပြန်လာခဲ့ရသည်ဟုလည်း အန်အယ်လ်ဒီမှ ပြောသည်။

 
Next >
 
Top! Top!