အဖွင့် စာမျက်နှာ arrow သတင်း arrow ပြည်တွင်းသတင်း arrow မဲရုံများပိတ် မြန်မာနိုင်ငံ၏ တရက်တာ ဒီမိုကရေစီ ဆုံးခန်းတိုင်
Saturday, 17 May 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
ရယူရန်
ဓာတ်ပုံ
Newsflash
The contents on this site contain Burmese Unicode, so if you can not see the contents on this site please download Zawgyi-One font from Here . If you want to see some more details please just have a look here
 
Latest News
မဲရုံများပိတ် မြန်မာနိုင်ငံ၏ တရက်တာ ဒီမိုကရေစီ ဆုံးခန်းတိုင် Print E-mail

မဲရုံများပိတ် မြန်မာနိုင်ငံ၏ တရက်တာ ဒီမိုကရေစီ ဆုံးခန်းတိုင်
(မဇ္ဈိမသတင်းဌာနမှ ကူးယူဖော်ပြသည်)

မွန်းလွဲ ၄ နာရီထိုးသည်နှင့် မဲရုံးများ ပိတ်လိုက်ပြီး စစ်အစိုးရ အုပ်ချုပ်နေသည့် မြန်မာနိုင်ငံ၏ တရက်တာ ဒီမိုကရေစီလည်း ဆုံးခန်းတိုင်သွားပြီ ဖြစ်သည်။ “မဲရုံမှူးတွေနဲ့ မဲရုံအဖွဲ့ဝင်တွေ ထောက်ခံ၊ ကန့်ကွက်ခွဲပြီး မဲတွေ စရေနေကြပြီ” ဟု ကချင်ပြည်နယ်၊ ဝါရှောင်ကျေးရွာတွင် ကျင်းပသည့် ဆန္ဒခံယူပွဲကို အနီးကပ် စောင့်ကြည့် အကဲခတ်နေသည့် ကျေးရွာသားတဦးက ပြောပါသည်။  မဲရုံမှူးက ကန့်ကွက်မဲဟု ယူဆရသော ဆန္ဒမဲ လက်မှတ်များ ထည့်ထားသည့် အိတ်ကြီးကို ကိုင်ကာ မဲရုံအတွင်းမှ ထွက်ခွါသွားသည်ကို တွေ့လိုက်ရသည်ဟု အဆိုပါ ကျေးရွာသားက ပြောပြပါသည်။ “မဲရုံထဲမှာ ကျနော့်လူတွေ ရှိတယ်ဗျ၊ သူတို့က ပြန်ပြောပြတာ” ဟု သူက ဆက်လက် ပြောပြပါသည်။

သူ့အဆိုအရ ဆန္ဒမဲ လက်မှတ်များ ရေတွက်နေစဉ် မဲရုံ တွင်းဝယ် လူ ၆ ဦးသာ ရှိသည်ဟု ဆိုသည်။  အဆိုပါ ဆန္ဒမဲ လက်မှတ်များကို မည်သည့် နေရာသို့ ယူဆောင်သွားသည်ကိုမူ သူမသိဟု ဆိုသည်။ မဲဆန္ဒရှင် အများအပြား မဲရုံပိတ်ချိန်မှ ရောက်လာကြပြီး သူတို့ မဲပေးခွင့်မရကြဟု သိရသည်။ တာဝန်ရှိသူများက မဲစာရင်းများကို မည်သည့် အချိန်တွင် ကြေညာမည်ကို ပြောပြခြင်း မရှိဟု အဆိုပါ ကျေးရွာသားကပင် ပြောကြားသွားပါသည်။ သို့သော် ကချင်ပြည်နယ်ရှိ အခြားမြို့တမြို့ဖြစ်သော ဝိုင်းမော်တွင်မူ မဲရုံ တာဝန်ရှိသူများက ဆန္ဒမဲများကို မဲဆန္ဒရှင်များ ရှေ့မှောက်တွင် ရေတွက်သွားသည်ဟု ဒေသခံတဦးက ပြောဆိုပါသည်။ “မဲတွေ ရေတွက်နေတော့ မဲရုံထဲမှာ လူတွေ အများကြီးဘဲဗျ။ ကျနော် ထင်တာတော့ အဖြေကို မကြာခင် သိရမယ် ထင်တာဘဲ” ဟု သူက ဆက်လက် ပြောကြားသွားပါသည်။ မြန်မာနိုင်ငံ အခြားဒေသများရှိ မဲရုံများလည်း ယခုအခါ ပိတ်သွားပြီ ဖြစ်သည်။ မည်သည့် အချိန်တွင် ဆန္ဒခံယူပွဲ တခုလုံး၏ ရလဒ်များ ကြေညာမည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပါ။

 
< Prev   Next >
 
Top! Top!