အဖွင့် စာမျက်နှာ
Saturday, 17 May 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
Login Form





Lost Password?
No account yet? Register
ရယူရန်
ဓာတ်ပုံ
Syndicate
Who's Online
Newsflash
ဤကွန်ယက်စာမျက်နှာပေါ်တွင် တင်ပြထားသော အကြောင်းအရာ အများစုမှာ PDF ဖိုင်မှတဆင့် ပြန်လည် ကူးယူဖော်ပြထားခြင်းဖြစ်သဖြင့် စာလုံးပေါင်းသတ်ပုံ နှင့် အခြားနားမလည်နိုင်သော စာလုံးအက္ခရာများပါရှိတတ်သည်ကို နားလည်ပေးကြရန် တောင်းပန်အပ်ပါသည်။ သို့ဖြစ်ပါ၍ အချက်အလက် အမှန်ကို သိလိုက မူလ PDF ဖိုင်များကိုသာရယူကြရန် အသိပေးအပ်ပါသည်။
 
Latest News
မန္တလေးပြည်ကြီးတံခွန်မှ အခြေခံဥပဒေ ဆန္ဒခံယူပွဲတွင် မဲမသမာမှုများရှိ Print E-mail

မန္တလေးပြည်ကြီးတံခွန်မှ အခြေခံဥပဒေ ဆန္ဒခံယူပွဲတွင် မဲမသမာမှုများရှိ

ယနေ့ကျင်းပသည့် မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲတွင် မန္တလေးတိုင်းပြည်ကြီးတံခွန်မြို့နယ် အ တွင်းရှိ မဲရုံကြီးကြပ်သူများက ဆန္ဒမဲပေးသူများကို  ထောက်ခံမဲပေးရန် တိုက်တွန်းသည့် မဲမသမာမှုများ ရှိသည် ဟု မျက်မြင်သက်သေက ပြောသည်။ မန္တလေးပြည်ကြီးတံခွန်မြို့နယ်တွင် မဲပေးခဲ့သူတစ်ဦးက “ကျနော့်ရှေ့က တစ်ယောက်ကိုလေ မဲလက်မှတ် ထိန်းတဲ့ ဆရာမကပေါ့နော် သူ့ကိုမဲလက်မှတ်တစ်စောင်ပေးပြီး သူ့ရှေ့မှာတင် ထောက်ခံမဲအမှန်ခြစ် ခိုင်းတယ်။ နောက် တစ်ဦးက သူကတစ်ယောက်တည်းလာပြီးတော့ ကျနော့်မိသားစု သုံးယောက်ရှိပါတယ်ဆိုပြီးတော့ သုံးစောင် တောင်းတယ်ခင်ဗျ။ သုံးစောင်တောင်းတော့ သူထုတ်ပေးလိုက်တယ် ဆရာမ က၊ ကျနော့်အထင်တော့ သူတို့က ဒါကိုလိမ်လည်ပြီးလုပ်တယ်လို့ ထင်တယ်ဗျ။ ကျနော်တို့မျက်စိ ရှေ့တင်မြင် နေရတာနော်။  သူတို့လိမ်တယ်ဗျ။ မတရားတဲ့နည်းနဲ့ သူတို့လုပ်နေကြတာဗျ”  ဟုပြောသည်။

ပြည်ကြီးတံခွန်မြို့နယ်တွင် မဲရုံပေါင်း ၂၀ ၀န်းကျင်ခန့်ရှိပြီး မဲရုံများကို အများအားဖြင့်ရပ်ကွက်အတွင်းရှိ ကျောင်း ၀င်း များတွင် တည်ဆောက်ထားသည်။ မဲရုံကြီးကြပ်သူအများစုမှာ ကျောင်းဆရာ၊ ဆရာမများ ဖြစ်ကြသည်။ လုံခြုံရေးအဖြစ် မီးသတ်တပ်ဖွဲ့ဝင်အနည်းငယ်ရှိကြောင်း အဆိုပါမျက်မြင်သက်သေကပြောသည်။ မဲရုံတွင်းလာရောက် ကြီးကြပ်နေသည့် ဆရာများမှာ ၄င်းတို့ရပ်ကွက်ရှိ ကျောင်းများမှ ဆရာများ မဟုတ်ဘဲ အာဏာ ပိုင်တို့၏ တာဝန်ပေးမှုကြောင့် လုပ်ရခြင်း ဖြစ်နိုင်ကြောင်း ၄င်းကပြောသည်။ ပြီးခဲ့သည့်သတင်းပတ်က လေဘေးဒဏ်ခံခဲ့ရသည့် ရန်ကုန်တိုင်းနှင့် ဧရာဝင်္တီတိုင်း အတွင်းရှိ မြို့နယ် ၄၇ မြို့နယ် မှလွှဲ၍ ကျန်ဒေသများတွင် လူထုဆန္ဒခံယူပွဲကို စစ်အစိုးရက ယနေ့ကျင်းပသည်။ အဆိုပါမြို့နယ်များတွင် ဆန္ဒခံ ယူပွဲကို မေလ ၂၄ ရက်တွင်ပြုလုပ်မည်ဟု ကြေငြာခဲ့သည်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြီးပါက အထွေထွေရွေးကောက်ပွဲကို ၂၀၁၀ခုနှစ်တွင် ကျင်းပမည်ဖြစ်ကြောင်း စစ်အစိုးရက ဖေဖေါ်ဝါရီလ ၉ရက်နေ့တွင်ကြေငြာခဲ့သည်။

 
< Prev   Next >
 
Top! Top!