အဖွင့် စာမျက်နှာ arrow မော်ကွန်းတိုက် arrow ရခိုင်ပြည်နယ်တွင် မဲမသမာမှုများရှိ၊ ပြည်သူများ ဆန္ဒခံယူပွဲကို အလေးမထား
Friday, 25 July 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
ရယူရန်
ဓာတ်ပုံ
Newsflash
ဤကွန်ယက်စာမျက်နှာပေါ်တွင် တင်ပြထားသော အကြောင်းအရာ အများစုမှာ PDF ဖိုင်မှတဆင့် ပြန်လည် ကူးယူဖော်ပြထားခြင်းဖြစ်သဖြင့် စာလုံးပေါင်းသတ်ပုံ နှင့် အခြားနားမလည်နိုင်သော စာလုံးအက္ခရာများပါရှိတတ်သည်ကို နားလည်ပေးကြရန် တောင်းပန်အပ်ပါသည်။ သို့ဖြစ်ပါ၍ အချက်အလက် အမှန်ကို သိလိုက မူလ PDF ဖိုင်များကိုသာရယူကြရန် အသိပေးအပ်ပါသည်။
 
ရခိုင်ပြည်နယ်တွင် မဲမသမာမှုများရှိ၊ ပြည်သူများ ဆန္ဒခံယူပွဲကို အလေးမထား Print E-mail

ရခိုင်ပြည်နယ်တွင် မဲမသမာမှုများရှိ၊ ပြည်သူများ ဆန္ဒခံယူပွဲကို အလေးမထား
(ဧရာဝတီအင်တာနက်မဂ္ဂဇင်းမှ ကူးယူဖော်ပြသည်)

စစ်အစိုးရပြုလုပ်သော လူထုဆန္ဒခံယူပွဲတွင် ကိုယ်တိုင်ပြဌာန်းထားခဲ့သည့် ဥပဒေများနှင့် မညီသည်သာမက ပြည်သူလူထုကလည်း စိတ်ပါဝင်စားခြင်းမရှိကြောင်း ရခိုင်ဒေသခံများက ပြောသည်။ မဲရေတွက်မှုနှင့် ပတ်သက်ပြီး စစ်အစိုးရထုတ်ပြန်ခဲ့သည့် ဥပဒေတွင် မဲပေးပိုင်ခွင့်ရှိသူ (၁၀) ဦး ရှေ့မှောက်၌ မဲရေတွက်မည်ဟု ပါရှိသော်လည်း လက်တွေ့တွင် ထိုသို့ ဖြစ်မလာကြောင်း တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးသန်းဖေက ပြောသည်။ ၎င်းက “သွားပြီဗျာ၊ မဲရေတွက်တာက ကျနော်တို့ကို လုံးဝ ၀င်ခွင့်မရှိတော့ဘူး၊ သူတို့ ပထမ ပြောထားတဲ့အတိုင်း မဟုတ်ဘူး၊ လုံးဝသမာသမတ်မရှိတဲ့၊ လုံးဝမတရားတဲ့ ပွဲပဲ၊ ဒီပွဲက။ လေးနာရီ ထိုးပြီးရင် ကျနော်တို့ မဲရုံကိုသွားကြပါတယ်။ မဲရုံတာဝန်ခံတွေက ကိုက် (၅၀) အတွင်းမှာ ဘယ်သူမှ မရှိစေရတဲ့” ဟု ပြောသည်။ တောင်ကုတ်မြို့နယ်ရှိမဲရုံများတွင် ရပ်ကွက်မဲဆန္ဒယူပွဲကော်မရှင် (၅) ဦးနှင့် စစ်အစိုးရခန့်အပ် ထားသည့် မဲရုံတာဝန်ခံများ ရှေ့မှောက်တွင် မဲရေတွက်မည်ဟု သိရသည်။

မဲရေတွက်မှု စောင့်ကြည့်လိုသူများအပေါ် အာဏာပိုင်များဆက်ဆံပုံကို ဦးသန်းဖေက “ဂူတာ အလကမှာ ဖွင့်ထားတဲ့ မဲရုံအမှတ် (၁) မှာ လေးနာရီထိုးတာနဲ့ မဲကိုရေတွက်မယ်ဆိုတော့ ကျနော် တို့ မဲန္ဒပေးတဲ့သူတွေ အယောက် (၂၀) လောက်က စောင့်နေကြတယ်ဗျာ၊ အဲဒါကို ရဲတပ်ဖွဲ့မှူး ဦးဝင်းအောင်ရီက မင်းတို့ဘာလုပ်နေကြတာလဲ၊ ဒီလူတွေကို မင်းတို့ဘာလုပ်နေကြတာလဲ၊ အဲလို ပြောတဲ့ခါ လူငယ်တယောက်က ပြန်ပြီးပြောတော့ ဒီကောင်ကိုမှတ်ထား ဒီကောင်ကို မှတ်ထားလို့ ပြောတယ်” ဟု ပြောသည်။ အလားတူ စစ်တွေမြို့ခံတဦးကလည်း လူထုက မဲပေးရန်နှင့် မဲရေတွက်မှုများကို စိတ်ဝင်တစား မရှိကြောင်း ပြောသည်။ ၎င်းက “စိတ်ဝင်စားတဲ့အနေထားမှာကို မရှိကြဘူး၊ ဘာကြောင့်လည်းဆိုတော့ သူတို့ကို ယုံကြည် မှုမရှိကြဘူးလို့ ကျနော်ထင်တယ်၊ သိပ်ပြီးတော့ အရေးတယူနဲ့ မဲပေးရမယ်ဆိုပြီး တကူးတကသွား ပေးတာမရှိဘူး၊ တချို့မဲရုံတွေမှာဆိုရင် မိသားစုထဲက မဲပေးခွင့်ရှိသူအားလုံးအတွက် တယောက်က လာပေးရင်လည်း ရတယ်” ဟု ပြောသည်။ စစ်တွေမြို့ခံများက အာဏာပိုင်များ၏ မဲရေတွက်မှုကို စောင့်ကြည့်လေ့လာမှုများ မရှိကြောင်း သိရသည်။ အဆိုပါ မြို့ခံကဆက်၍ “မဲရုံတရုံမှာဆိုရင် ကာယကံရှင်မရောက်သေးဘူး၊ ဟိုကထည့်ပြီးသား ဖြစ်သွားပြီ၊ ကာယကံရှင်သွားထည့်တဲ့အခါမှာ မင်းထည့်ပြီးသွားပြီလို့ ပြောတယ်၊ ဒါနဲ့ ကာယကံရှင်ကမကျေနပ်လို့ အပြန်အလှန် ပြောတော့ သူတို့ကထည့်ခိုင်းတယ်၊ အဲဒါက သိပ်သဘာဝမကျ ဘူး” ဟုပြောသည်။         ။

 
< Prev   Next >
 
Top! Top!