အဖွင့် စာမျက်နှာ
Saturday, 17 May 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
Login Form





Lost Password?
No account yet? Register
ရယူရန်
ဓာတ်ပုံ
Syndicate
Who's Online
Newsflash
ဤကွန်ယက်စာမျက်နှာပေါ်တွင် တင်ပြထားသော အကြောင်းအရာ အများစုမှာ PDF ဖိုင်မှတဆင့် ပြန်လည် ကူးယူဖော်ပြထားခြင်းဖြစ်သဖြင့် စာလုံးပေါင်းသတ်ပုံ နှင့် အခြားနားမလည်နိုင်သော စာလုံးအက္ခရာများပါရှိတတ်သည်ကို နားလည်ပေးကြရန် တောင်းပန်အပ်ပါသည်။ သို့ဖြစ်ပါ၍ အချက်အလက် အမှန်ကို သိလိုက မူလ PDF ဖိုင်များကိုသာရယူကြရန် အသိပေးအပ်ပါသည်။
 
Latest News
ဟောလီးဝုဒ် သရုပ်ဆောင်တွေ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး စည်းရုံးလှုပ်ရှား Print E-mail

ဟောလီးဝုဒ် သရုပ်ဆောင်တွေ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး စည်းရုံးလှုပ်ရှား
(ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်)

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် မြန်မာနိုင်ငံသားအားလုံး စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေ ခံစားနေရတာတွေကို ကမ္ဘာအနှံ့ကသူတွေ သိရှိနိုင်ဖို့အတွက် ရည်ရွယ်တဲ့ လှုပ်ရှားမှုတရပ် ကို အမေရိကန် ပြည်ထောင်စုအခြေစိုက် US Campaign forBurma အဖွဲ့က ဖော်ဆောင်လိုက်ပါတယ်။ အကြောင်းစုံကို မညိုညိုလွင်က တင်ပြပေးထားပါတယ်။ အမေရိကန်နိုင်ငံ ဟောလီးဝုဒ်က နာမည်ကြီး ရုပ်ရှင် သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ဝေးလ် ဖာရဲလ် (Will Ferrell) နဲ့ ဆေလ်ဗက်စ်တာ စတားလုံး (Sylvester Stallone) အပါအ၀င် တခြားသရုပ်ဆောင်တွေပါ ပူးပေါင်းပါဝင်ထားတဲ့ မြန်မာ့ဒီမိုကရေစီရေးနဲ့  ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးတဲ့ ဗွီဒီယိုကမ်ပိန်း ကို တလကြာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ မနေ့ကစတင်လိုက်တဲ့ ဒီလှုပ်ရှားမှုမှာ ဟာသသရုပ်ဆောင် ဖာရဲလ်နဲ့ စတင်ဖွင့်လှစ်လိုက်တာပါ။

“ဒီကနေ့ ကျနော်တို့ ရက် ၃၀ လှုပ်ရှားမှုကမ်ပိန်းကို စတင်လိုက်ပါပြီ။ နောက်ရက်တွေမှာဆို တေးဂီတပညာရှင်တွေ၊ ရုပ်ရှင်သရုပ်ဆောင်တွေ၊ ရုပ်ရှင်ထုတ်လုပ်သူတွေ၊ နိုင်ငံရေးလှုပ်ရှားသူတွေ၊ မျက်လှည့်ပညာရှင်တွေ၊ လက်လှည့် ပညာရှင်တွေ စတဲ့သူတွေဆီက မြန်မာနိုင်ငံလွတ်မြောက်ရေးနဲ့ပတ်သက်တဲ့ စကားတွေကို ကြားကြရမှာပါ” လို့ ပြောဆိုသွားတာပါ။ တဆက်တည်းမှာပဲ သူက …

“ကျနော်လေးစားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့အားလုံး သိဖို့လိုအပ်ပါတယ်။ သူမဟာ အကြမ်းမဖက်တဲ့ နည်းတဲ့ တိုင်းပြည်ပြောင်းလဲရေးအတွက် တိုက်ပွဲဝင်နေတာပါ။ ဒီရက် ၃၀ လှုပ်ရှားမှုမှာ ကျနော်တို့နဲ့အတူ ပူးပေါင်းပါဝင်ကြပါ။စာသင်ကျောင်းတွေမှာ၊ ဘုရားကျောင်းတွေမှာ၊ နောက်ဆုံး လမ်းမပေါ်က လူစိမ်းတွေကိုပါ မြန်မာပြည်အကြောင်းသိအောင် ပြောပြကြပါ။ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အကြမ်းဖက်မှုတွေ ခံနေရတဲ့ အရှေ့တောင်အာရှက နိုင်ငံတခုဖြစ်ပါတယ်။” ဆိုပြီး တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ရက် ၃၀ ကြာပြုလုပ်မယ့် ဒီလှုပ်ရှားမှုအတွင်း မေလ ၂၇ ရက်နေ့မှာကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ထိန်းသိမ်းခဲ့တဲ့ နှစ်ပတ်လည်နေ့လည်း ပါဝင်နေတာမို့ ထိန်းသိမ်းရက်ထပ်မတိုးဘဲ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ရေးအတွက်လည်း မျှော်လင့်နေကြပါတယ်။

 
Next >
 
Top! Top!