အဖွင့် စာမျက်နှာ
Thursday, 24 July 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
Login Form





Lost Password?
No account yet? Register
ရယူရန်
ဓာတ်ပုံ
Syndicate
Who's Online
Newsflash
The contents on this site contain Burmese Unicode, so if you can not see the contents on this site please download Zawgyi-One font from Here . If you want to see some more details please just have a look here
 
Latest News
ဆန္ဒခံယူပွဲ၌ No ပေးရန် အန်အယ်လ်ဒီနှင့် ကျောင်းသားများစည်းရုံးလှုပ်ရှား Print E-mail

ဆန္ဒခံယူပွဲ၌ No ပေးရန် အန်အယ်လ်ဒီနှင့် ကျောင်းသားများစည်းရုံးလှုပ်ရှား
(ဧရာဝတီအင်တာနက်မဂ္ဂဇင်းမှ ကူးယူဖော်ပြသည်)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲထည့်ရေးလှုပ်ရှားမှုများကို နိုင်ငံတ၀န်းရှိ မဲဆန္ဒရှင်များထံ စည်းရုံးရေးဆင်းနေကြောင်း သိရသည်။ “ရန်ကုန်မှာ မြို့နယ် ၂၀ ကျော်သွားပြီ၊ ဒီနေ့ဆိုရင် ကွန်းခြံကုန်းမြို့နယ်ကို တဖွဲ့သွားနေကြတယ်။ မန္တလေးတိုင်းနဲ့  စစ်ကိုင်း တိုင်းကိုလည်း လူလွှတ်ထားတယ်။ ကျနော်တို့ဆီက ကြေညာချက်တွေကိုရှင်းပြဖို့၊ ဆန္ဒခံယူပွဲနဲ့ ပတ်သက်ပြီး ကျနော်တို့ အဖွဲ့ဝင်တွေက မဲရေပြီးတဲ့အထိစောင့်ကြည့်ဖို့ … အဓိကကတော့ ကြက်ခြေခတ်ဖို့ …” ဟု အန်အယ်လ်ဒီပါတီ၏ ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာဝင်းနိုင်က ဧရာဝတီကို ပြောသည်။ အန်အယ်လ်ဒီက လက်ရှိစည်းရုံးရေးဆင်းသည့် ဒေသများတွင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း တို့ပါဝင်သည်ဟု ဒေါက်တာဝင်းနိုင်က ဆက်ပြောသည်။ ကျောင်းသူ၊ ကျောင်းသားများကလည်း မေလ ၁၀ ရက်နေ့တွင်ကျင်းပမည့်လူထုဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲများ ပေးကြရန် လွန်ခဲ့သည့်အပတ်ကစ၍ အိမ်တိုင်ရာရောက် စည်းရုံးမှုများပြုလုပ်နေသည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) က ပြောသည်။ အဆိုပါစည်းရုံးရေးလုပ်ငန်းများကို ရန်ကုန်နှင့် တခြားနယ်မြို့များတွင် ပြုလုပ်နေခြင်းဖြစ်သည်ဟု ဗကသ၏ ပြောရေးဆိုခွင့် ရှိသူ ကိုလင်းထက်နိုင်က ဧရာဝတီကို ပြောသည်။

“ကျနော်တို့ကျောင်းသားတွေက အဖွဲ့အစည်းနာမည်တော့မပြောဘူးပေါ့ … ကျနော်တို့အသင့်ဆောင်ထားတဲ့ ဖွဲ့စည်းပုံ စာအုပ်နဲ့တကွရှင်းပြတယ်၊ ပြည်သူအတွက်အကျိုးမပြုတဲ့အချက်တွေကိုလည်း မင်နီတားပြီးဖတ်ပြ၊ ရှင်းပြကြတယ်” ဟု ကိုလင်းထက်နိုင်က ပြောသည်။ ကျောင်းသားများစည်းရုံးမှုများပြုလုပ်နေရန် အခက်အခဲများရှိနေသော်လည်း လက်ရှိအခြေအနေ၌ နေရာတိုင်းတွင် ဆန္ဒခံ ယူပွဲအကြောင်းကို အပြောများနေသောကြောင့် စကားကို ဆက်စပ်ပြောဆိုကာ စည်းရုံးရသည်ဟုလည်း ကိုလင်းထက်နိုင်က ပြောသည်။ “အန္တရာယ်ရှိတယ်ဆိုပေမယ့် ဒီကိစ္စက လုံးလုံးကြီး ကြောက်စရာမလိုဘူး။ ကျနော်တို့က ဆန္ဒခံယူပွဲမှာ မဲရုံတွေကိုဖျက်ဆီးဖို့ ပြောတာမဟုတ်ဘူး၊ ကန့်ကွက်မဲပေးဖို့ တိုက်တွန်းတာဖြစ်တဲ့အတွက် ဥပဒေဘောင် အတွင်းမှာလုပ်တာပါ။ မန္တလေး၊ မုံရွာဘက်မှာလည်း လုပ်နေကြပါတယ်” ဟု ၎င်းက ဆက်ပြောသည်။ ဗကသ က ယနေ့ထုတ်ပြန်သည့် ကြေညာချက်တွင်လည်း ပြည်သူများအနေဖြင့် ကန့်ကွက်မဲပေး၍ အသံတိတ်ဆန္ဒပြပွဲကြီး ကို နိုင်ငံတ၀န်း ဖော်ဆောင်ကြခြင်းဖြင့် ဖွဲ့စည်းပုံကိုသာမက စစ်အစိုးရကိုပါ အလိုမရှိကြောင်း ထုတ်ဖော်ပြသကြရန် ရေးသားထားသည်။ ဗကသ၏ ကြေညာချက်တွင် “မတရားသဖြင့် ထောက်ခံမဲတွေရဖို့ ခြိမ်းခြောက်မှုတွေ၊ လှည့်စားမှုတွေ၊ ဖိအားပေးအကြပ် ကိုင်မှုတွေနဲ့ တဖက်သတ် ၀ါဒဖြန့်သွေးဆောင်မှုတွေကို ၀န်ထမ်းတွေနဲ့ အရပ်သား တွေအပေါ်မှာပါ ပြောင်ပြောင်တင်းတင်း ပြုကျင့်နေတယ်” ဟုလည်း ဖော်ပြထားသည်။

လွတ်လပ်သည့် နိုင်ငံတကာသတင်းမီဒီယာများနှင့် စောင့်ကြည့်လေ့လာရေး အကဲဖြတ်အဖွဲ့များကို မြန်မာနိုင်ငံသို့ လာရောက်ခွင့်မပြုထားကြောင်းနှင့် လွတ်လပ်စွာ ဆွေးနွေးဝေဖန်ခွင့်များကို ပိတ်ပင်ထားကြောင်းလည်း ကြေညာချက်တွင် ရေးသားထားသည်။ စစ်အစိုးရ၏ မဲလိမ်မှုတွေ ခြိမ်းခြောက်အနိုင်ကျင့်မှုတွေကို အထောက်အထား မှတ်တမ်းတွေ စနစ်တကျရယူပြီး ဖွင့်ချရန် လိုအပ်သဖြင့် စောင့်ကြည့်အကဲခတ် မှတ်တမ်းပြုစုခြင်းများကို ကျောင်းသူ၊ ကျောင်းသားများက တဦးခြင်း (သို့မဟုတ်) အစုအဖွဲ့ဖြင့် တာဝန်ယူဆောင်ရွက်ကြရန်တို့ကိုလည်း ဗကသများအဖွဲ့ချုပ်၏ ကြေညာချက်တွင်တိုက်တွန်းထားသည်။ ရရှိသည့်အချက်အလက်များကို This e-mail address is being protected from spam bots, you need JavaScript enabled to view it နှင့် This e-mail address is being protected from spam bots, you need JavaScript enabled to view it အစရှိသည့် အီးမေးလ်လိပ်စာများသို့ ပေးပို့နိုင်သည်ဟုလည်း ကြေညာချက်က ဆိုသည်။ “တိုင်းပြည်အတွက်အရေးကြုံလာရင် ကျောင်းသားတွေက အသက်တောင်စတေးပြီး လုပ်ခဲ့ကြတာပါ။ စောင့်ကြည့်ဖို့ဆိုတာ ကျနော်တို့အတွက် အပန်းမကြီးပါဘူး။ ကျောင်းသားအားလုံးကို တိုက်တွန်းချင်တာက စစ်အစိုးရရဲ့ အခြေခံဥပဒေကို စက္ကူစုတ်ဘ၀ရောက်သွားအောင် ဆန္ဒခံယူပွဲမှာ စောင့်ကြည့် လေ့လာတာကို သမိုင်းပေးတာဝန်လို့မှတ်ယူကြဖို့ပါပဲ” ဟုလည်း ကိုလင်းထက်နိုင်က ပြောသည်။

 
< Prev   Next >
 
Top! Top!