အဖွင့် စာမျက်နှာ
Friday, 25 July 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
Login Form





Lost Password?
No account yet? Register
ရယူရန်
ဓာတ်ပုံ
Syndicate
Who's Online
We have 1 guest online
Newsflash
ဤကွန်ယက်စာမျက်နှာပေါ်တွင် တင်ပြထားသော အကြောင်းအရာ အများစုမှာ PDF ဖိုင်မှတဆင့် ပြန်လည် ကူးယူဖော်ပြထားခြင်းဖြစ်သဖြင့် စာလုံးပေါင်းသတ်ပုံ နှင့် အခြားနားမလည်နိုင်သော စာလုံးအက္ခရာများပါရှိတတ်သည်ကို နားလည်ပေးကြရန် တောင်းပန်အပ်ပါသည်။ သို့ဖြစ်ပါ၍ အချက်အလက် အမှန်ကို သိလိုက မူလ PDF ဖိုင်များကိုသာရယူကြရန် အသိပေးအပ်ပါသည်။
 
Latest News
ဂျပန်နံမည်ကျော် ဟစ်ပ်ဟော့ပ် အဆိုတော် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်သူတွေအတွက် ဖျော်ဖြေ Print E-mail

ဂျပန်နံမည်ကျော် ဟစ်ပ်ဟော့ပ် အဆိုတော် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်သူတွေအတွက် ဖျော်ဖြေ
(ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်)

ဂျပန်က နံမည်ကြီးဟစ်ပ်ဟော့ပ် အဆိုတော်တဦးက မြန်မာနိုင်ငံသားတွေ လွတ်မြောက်ရေးအတွက် တိုကျိုမှာ ဂီတပွဲတခု လုပ်ခဲ့ပါတယ်။ ဒီအကြောင်းကို မသင်းသီရိက တင်ပြထားပါတယ်။  တိုကျိုမှာ ဒီဧပြီလ ၂၂ ရက်နေ့မှာ ကျရောက်တဲ့ မြေကမ္ဘာနေ့မှာ မြို့တော်တိုကျိုက ထင်ရှားတဲ့ ယိုယောဂိ ဆိုတဲ့ ပန်းခြံကြီးအတွင်းမှာ နာမည်ကြီး ဂျပန်ဟစ်ပ်ဟော့ပ် အဆိုသမား အီတိုးဆစ်ဟီကို က မြန်မာပြည်သားတွေ လွတ်မြောက်ဖို့အတွက် ဂီတလှုပ်ရှားမှု တခုကို ပြုလုပ်ခဲ့ပါတယ်။ စက်တင်ဘာလ လူထုလှုပ်ရှားမှုတွေအတွင်းမှာ ရဟန်းသံဃာတွေနဲ့ ပြည်သူတွေ သွေးမြေကျ တာတွေ ဆုံခဲ့ရတာတွေ၊ ဖမ်းဆီးခံရတာတွေနဲ့ ကြုံနေခဲ့ရသလို ဂျပန် သတင်းထောက် ခမ်းဂျိနာဂါးအိ ကလည်း သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာတွေဟာ ဂျပန်ပြည်သူတွေအတွက် တအံ့တသြ ဖြစ်ခဲ့ရတာပါ။ ဟစ်ပ်ဟောပ် အဆိုတော် ဒီဂျေ အီတိုးက သူဖြေဖျော်ခဲ့တဲ့ သီချင်းစာသားတွေထဲမှာ ငါတို့ဟာလည်း ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တယ်၊ ဘုန်းတော်ကြီးတွေကိုလည်း မသတ်နဲ့၊ မညှင်းဆဲနဲ့ ဆိုတာတွေ ပါဝင် သလို ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ အမြန်လွှတ်ပေးဖို့၊ တွေ့ဆုံဆွေးနွေးရေးတွေ အမြန်လုပ်ပေးဖို့ ဆိုတဲ့ စာသားတွေကိုလည်း သီချင်းဆိုရင်းနဲ့ ဟစ်အော် တောင်းဆိုခဲ့ပါတယ်။ ဒီဂီတပွဲမှာ မြန်မာနိုင်ငံက ဒီမိုကရေစီရေး လှုပ်ရှားနေသူတဦးဖြစ်တဲ့၊ လက်ရှိ ဂျပန်ကို ရောက်ရှိနေတဲ့ ကိုထင်အောင်ကလည်း ဂျပန်လို ၀င်ပြောဆိုရင်းနဲ့ ဒီဖျော်ဖြေပွဲမှာ ပါဝင် ကူညီခဲ့ပါတယ်။ 

“သူက သီချင်းတပုဒ် စဆိုတယ်၊ ကျနော့်ကို ခေါ်ပြီးတော့ သူက အဲဒီအထဲမှာ အနည်းငယ် ပြောခိုင်းတဲ့အတွက်ကြောင့် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးတွေ မရှိတဲ့အကြောင်း၊ စစ်အစိုးရ လက်အောက်မှာ မြန်မာပြည်ကြီးက အရမ်းကို ဆိုးရွားနေတယ် ဆိုတဲ့အကြောင်း၊ အခုတော့ အခြေခံဥပဒေကို တဘက်သတ် ရေးဆွဲ၊ ပြီးတော့ တဘက်သတ် အတည်ပြုတော့မယ် ဆိုတာ ပြောပေးရတယ် ခင်ဗျ။” ပန်ခြံအတွင်းက ဟစ်ပ်ဟောပ် ဂီတပွဲတော်အတွင်းမှာ လူငယ်ပရိတ်သတ် များစွာရဲ့ အားပေးမှု အကြောင်းကိုလည်း ကိုထင်အောင်က အခုလို ဆက်ပြောပါတယ်။  “အီတိုး ဆစ်ဟီကိုစံရဲ့ ဒီဂျေအဖွဲ့လာတဲ့ အချိန်ကျမှ အဲဒီရှေ့ရှိနေတဲ့ လူတွေဟာ လူ ၅၀၀ ကျော်၊ ၆၀၀ ကျော်လောက် ဖြစ်သွားပါတယ်၊ အထူးသဖြင့် ဂျပန်လူငယ်လေးတွေ ဖြစ်တယ်။ အဲဒီတော့ကျမှ လူတချို့ဟာဆိုလို့ရှိရင် ထုတ်ရောင်းတဲ့ တီရှပ်တွေ ၀တ်ဆင် ထားပြီး အားပေးနေကြတာပေါ့နော်၊ မြန်မာပြည် လွတ်မြောက်ရေးအတွက် သူတို့ free Burma ဆိုတဲ့ တီရှပ်လေး တထည်၊ သံဃာတော်တွေကို သူတို့အနေနဲ့ နအဖ အစိုးရ ပစ်သတ်နေတာကစပြီး တော်တော် မခံမရပ်နိုင်ဖြစ်ပြီး စပြီးတော့ ဒီတီရှပ်တွေကို စထုတ်တာပေါ့လေ။” ဂျပန်နိုင်ငံက ကိုထင်အောင် ပြောပြခဲ့တာပါ။ စက်တင်ဘာ ရွှေဝါရောင် လှုပ်ရှားမှုတွေ အပြီး ဂျပန်နဲ့ မြန်မာစစ်အစိုးရကြားမှာ အေးစက်တဲ့ ဆက်ဆံမှုတွေ ဖြစ်သွားခဲ့သလို ဂျပန်ပြည်သူတွေ၊ ဂျပန် အနုပညာရှင်တွေဟာလည်း မြန်မာ့အရေးမှာ ပိုပြီးတော့ အားပေးလာတာ တွေ့ရပါတယ်။

 
Next >
 
Top! Top!