အဖွင့် စာမျက်နှာ
Thursday, 24 July 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
Login Form





Lost Password?
No account yet? Register
ရယူရန်
ဓာတ်ပုံ
Syndicate
Who's Online
Newsflash
ဤကွန်ယက်စာမျက်နှာပေါ်တွင် တင်ပြထားသော အကြောင်းအရာ အများစုမှာ PDF ဖိုင်မှတဆင့် ပြန်လည် ကူးယူဖော်ပြထားခြင်းဖြစ်သဖြင့် စာလုံးပေါင်းသတ်ပုံ နှင့် အခြားနားမလည်နိုင်သော စာလုံးအက္ခရာများပါရှိတတ်သည်ကို နားလည်ပေးကြရန် တောင်းပန်အပ်ပါသည်။ သို့ဖြစ်ပါ၍ အချက်အလက် အမှန်ကို သိလိုက မူလ PDF ဖိုင်များကိုသာရယူကြရန် အသိပေးအပ်ပါသည်။
 
Latest News
သင်္ကြန်တွင်း၌ NLD အဖွဲ့ဝင်များ ဖမ်းဆီးရိုက်နှက် နှောင့်ယှက်ခံရမှုများရှိ Print E-mail

သင်္ကြန်တွင်း၌ NLD အဖွဲ့ဝင်များ ဖမ်းဆီးရိုက်နှက် နှောင့်ယှက်ခံရမှုများရှိ
(ဗွီ
အိုအေမြန်မာမှ ကူးယူဖော်ပြသည်)

မြန်မာ့ရိုးရာ ယဉ်ကျေးမှုသင်္ကြန်ကာလ အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အဖွဲ့ဝင်များကို ဖမ်းဆီး ရိုက်နှက် နှောင့်ယှက်မှုများရှိကြောင်း NLD က ပြောဆိုသည်။ ရန်ကုန်တိုင်း တောင်ဒဂုန်မြို့သစ်မှ NLD လူငယ် ကိုသီဟန်နှင့် မြောက်ဥက္ကလာပမြို့နယ်မှ ကိုဝင်းသိန်းတို့သည် ပြီးခဲ့သည့် သင်္ကြန်ကာလအတွင်း ချောင်းမြောင်းအရိုက်ခံရသည်ဟု NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောသည်။ “ကျနော်တို့ မြို့နယ်က လှုပ်ရှားတဲ့ လူငယ်တွေကို ချောင်းရိုက်တာတွေလုပ်နေတယ်၊ တောင်ဒဂုန်က ကိုသီဟန် နဲ့ မြောက်ဥက္ကလာက ကိုဝင်းသိန်းတို့ ချောင်းရိုက်ခံရတယ်”ဟု ဦးဥာဏ်ဝင်းက ဧရာဝတီသို့ ပြောပြသည်။ ကိုသီဟန် အသက် ၂၅ နှစ်ခန့်ကို သင်္ကြန် နောက်ဆုံးရက် အတက်နေ့ ည ၇ နာရီ ခွဲ့ခန့်က သင်္ကြန်မဏ္ဍပ်သိမ်းပြီး အပြန် တောင်ဒဂုန်မြို့သစ် ၂၄ ရပ်ကွက် လမ်းသွယ်တခုထဲ၌ နောက်ဘက်မှကားတစီးထိုးရပ်၍ရိုက်သွားခြင်း ဖြစ်ပြီး ရိုက်သွားသူ များမှာ မည်သူမည်ဝါမှန်း မသိရကြောင်း တောင်ဒဂုန်မြို့သစ် ဒေသခံတဦးကလည်းပြောသည်။

“အိမ်အပြန်မှာ နောက်က ကားတစီးက ထိုးရပ်ပြီး သူ့ကို ဝင်ရိုက်သွားတာ၊ သူတယောက်တည်း အရိုက်ခံရတာ၊ ရိုက်တဲ့ လူကဘယ်သူတွေမှန်း မသိဘူး၊ ကျောကုန်း နည်းနည်းထိသွားတယ်”ဟုလည်း ၎င်းက ပြောပြသည်။ တောင်ဒဂုန် NLD လူငယ်တာဝန်ခံ ကိုသီဟန် ဦးဆောင်၍ သင်္ကြန် အကြိုနေ့မှစတင်ပြီး NO ဟု အမည် ပေးထားသော ၎င်းတို့မဏ္ဍပ်တွင် ရေကစားသူများက NO စာလုံးနှင့်အမျိုးသားပြန်လည်သင့်မြတ်ရေးနှစ်၂၀၀၈ စာတန်းများပါသော တီရှပ်များဝတ်ဆင်၍ ရေကစားကြသောကြောင့် အာဏာပိုင်များ၏တားမြစ်ခြင်းခံခဲ့ရကာ ကိုတင်ဝင်း အသက် ၄၀ ကျော် ဆိုသူကိုလည်း ဖမ်းဆီးခဲ့သည်ဟု တောင်ဒဂုန် ဒေသခံ က ရှင်းပြသည်။ “အကြိုနေ့ကတည်းက NO ဆိုတဲ့ ဆိုင်းဘုတ်တင်ပြီးတော့ ရေကစားတာ၊ နောက်တနေ့ ၁၃ ရက်နေ့ ဆိုင်းဘုတ် ဖြုတ်ရ တယ်၊ အာဏာပိုင်တွေက ၁၄ ရက်နေ့ စောင့်ကြည့်တယ်၊ ၁၅ ရက်နေ့ မနက်မှာ အဲဒီ မဏ္ဍပ်က NLD အဖွဲ့ဝင် ကိုတင်ဝင်းကို ဖမ်းလိုက်တယ်”ဟု ၎င်းက ဆက်လက် ပြောပြသည်။ အဆိုပါ ကိုတင်ဝင်း ကို တိုင်းက ဆင်း၍ ဖမ်းဆီးသည်ဟု ကြားသိရကြောင်း၊ မည်သည့်အတွက်ကြောင့် ဖမ်းဆီး သည်ကိုမူ မသိရကြောင်းနှင့် ယခု နောက်ဆုံးအချိန်အထိ မည်သည့်နေရာသို့ ရောက်နေသည်ကို မသိရှိရသေး ကြောင်းလည်း ၎င်းက ဆိုသည်။

ယင်းသို့ ဖမ်းဆီးနှောင့်ယှက်မှုများနှင့်ပတ်သက်ပြီး ဦးဥာဏ်ဝင်းက“ဒါနဲ့ ပတ်သက်ပြီးပြောရရင် အကြမ်းဖက်မှု တာဝန်မကင်း တဲ့ လူတွေကို လွှတ်ထားမယ်ဆိုရင်တော့ ဒီပြဿနာဟာ ကြာရင် အားလုံးအတွက် မကောင်းဘူး ဖြစ်လိမ့်မယ်”ဟု ပြောသည်။ စစ်အစိုးရက အခြေခံဥပဒေ အတည်ပြု ဆန္ဒခံယူပွဲနှင့်ပတ်သက်ပြီး ထောက်ခံမဲပေးရန် သတင်းစာများအပါအဝင် စည်းရုံး လှုံ့ဆော်မှုများ ပြုလုပ်နေသော်လည်း တဘက်တွင် ၎င်းတို့၏ လွတ်လပ်ခွင့်အရ ကန့်ကွက်မဲပေးရေး လှုပ်ရှားမှုများကိုမူ နှောင့်ယှက်မှုများ ပြုလုပ်နေသည်ဟုလည်း ဦးဥာဏ်ဝင်းက ဆိုသည်။ “တောင်ကုတ်တို့၊ ဝါးခယ်မတို့၊ ဒေးဒရဲတို့ မှာ ကျနော်တို့ရဲ့ ပြည်သူသို့ ပန်ကြားချက် စာရွက်တွေကို သိမ်းတယ်၊ အစိုးရက တဘက်ကတော့ သတင်းစာမှာ စည်းရုံး လှုံ့ဆော်တာတွေလုပ်နေတယ်”ဟု ၎င်းက ပြောပြသည်။

 
< Prev   Next >
 
Top! Top!