www.mamboteam.com
အဖွင့် စာမျက်နှာ arrow မော်ကွန်းတိုက် arrow ဆန္ဒခံယူပွဲမှာ နိုင်ငံတကာအကဲခတ်အဖွဲ့ ထားရှိရေး အန်န်အယ်လ်ဒီ တောင်းဆို
Sunday, 12 October 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
ရယူရန်
ဓာတ်ပုံ
Newsflash
The contents on this site contain Burmese Unicode, so if you can not see the contents on this site please download Zawgyi-One font from Here . If you want to see some more details please just have a look here
 
ဆန္ဒခံယူပွဲမှာ နိုင်ငံတကာအကဲခတ်အဖွဲ့ ထားရှိရေး အန်န်အယ်လ်ဒီ တောင်းဆို Print E-mail

ဆန္ဒခံယူပွဲမှာ နိုင်ငံတကာအကဲခတ်အဖွဲ့ ထားရှိရေး အန်န်အယ်လ်ဒီ တောင်းဆို
(ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်)

လာမယ့် ဖွဲ့စည်းပုံဆန္ဒခံယူပွဲကို ကုလသမဂ္ဂကြီးကြပ်တဲ့ နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့တွေထားဖို့ လိုအပ်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောလိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆန္ဒခံယူပွဲတောင် မရောက်သေးဘူး၊ အခုကတည်းက အောက်ခြေအာဏာပိုင်တွေဘက်က မရိုးမသားလုပ်တာတွေ တွေ့နေရတယ်လို့ ဆိုပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက အဖွဲ့ချုပ်ပြောခွင့်ရသူ ဦးဉာဏ်ဝင်းကို ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

အဖွဲ့ချုပ်အနေနဲ့ ဒီနေ့ အထူးကြေညာချက်တစောင် ထုတ်ပြန်တယ်လို့ ကျနော်တို့ ကြားရပါတယ်။ အဓိက အကြောင်းရင်းက ဘာလဲခင်ဗျ။

“အဓိကကတော့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက ယုံကြည်လေးစားတဲ့ ကုလသမဂ္ဂ အပါအ၀င် စောင့်ကြည့်ရေး အဖွဲ့တွေကို ခွင့်ပြုသင့်တယ်ဆိုတဲ့ဟာကို ကြေညာချက်ထုတ်တာပါ။ ကျနော်တို့ ဒီဟာကိုတောင်းဆိုတဲ့နေရာမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကိုလည်း ဖော်ပြထားတယ်။ လက်ရှိအခြေအနေဆိုတာက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန်ခဲ့တဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို တချို့သောမြို့နယ်တွေမှာ သက်ဆိုင်ရာ မြို့နယ်အာဏာပိုင်တွေက သိမ်းဆည်းတာတို့၊ ခေါ်ယူမေးမြန်းတာတို့လုပ်နေတယ်။ အဲဒါတွေကိုဖော်ပြပြီး တရားမျှတမှုမရှိကြောင်း ပေါ်လွင်နေတဲ့အတွက် လာမယ့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ တရားမျှတမှုရှိမရှိ စောင့်ကြည့်ရေးအဖွဲ့ ခွင့်ပြုသင့်ကြောင်းဆိုပြီး ကြေညာချက်ထုတ်တာပါ။”

ခုန အန်ကယ်တို့ပြောတဲ့ တချို့ ပြည်နယ်နဲ့တိုင်းတွေမှာ မသမာမှုတွေရှိနေပြီဆိုတဲ့ အထောက်အထားတွေက ဥပမာအားဖြင့် ဘယ်လိုအချက်တွေလဲခင်ဗျ။

“တောင်ကုတ်မြို့နယ်၊ ဒေးဒရဲမြို့နယ်၊ ၀ါးခယ်မမြို့နယ်မှာ အဖွဲ့ချုပ်က တရားဝင်ထုတ်ဝေတဲ့ စာရွက်စာတမ်းတွေကို လူနဲ့ပစ္စည်းကို ရဲစခန်းခေါ်သွားတယ်။ လူကိုပြန်လွှတ်ပြီး စာရွက်စာတမ်းတွေ ယူထားတာတွေ ဖြစ်နေတယ်။”အဲဒါက

အန်ကယ်တို့ထုတ်ပြန်ထားတဲ့ ဆန္ဒခံယူပွဲမှာ ကန့်ကွက်မဲပေးကြဖို့ လှုံ့ဆော် ထားတဲ့စာတွေလား။

“ဟုတ်ပါတယ်။ အဲဒါလည်းပါတယ်။ ကျနော်တို့ လူထုကြားကိုရောက်အောင် အဖွဲ့ဝင်တွေရော၊ ဒီမိုကရေစီလိုလားပြီး ဆောင်ရွက်ချင်တဲ့ပုဂ္ဂိုလ်တွေရော ဆောင်ရွက်ဖို့လို့ ကျနော်တို့ ဒီလို ဆောင်ရွက်နေကြပါပြီ။”

ဆန္ဒခံယူပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေ ဖွဲ့ခွင့်ပေးဖို့ဆိုတာက ပြည်ပက နိုင်ငံတကာ အုပ်စုတွေကိုပဲလား၊ ပြည်တွင်းမှာရောဖွဲ့ဖို့ တောင်းဆိုထားလား။

“ကျနော်တို့ ဒီမှာရေးထားတာက နိုင်ငံတကာအသိုင်းအ၀ိုင်းက ယုံကြည်လေးစားမှု ရရှိရေးအတွက် ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာမှ လေ့လာစောင့်ကြည့်သည့်အဖွဲ့များကို ခွင့်ပြုရန်၊ ကျနော်တို့ ဒီလိုရေးထားပါတယ်။ အင်တာနေရှင်နယ်ကွန်မြူနတီက ပုဂ္ဂိုလ်တွေပါဝင်တဲ့ လေ့လာစောင့်ကြည့်ရေးအဖွဲ့လို့ ဒီလိုဆိုထားပါတယ်။”

ဒါပေမယ့် တလောက မစ္စတာဂမ်ဘာရီ မြန်မာပြည်လာပြီး ကော်မရှင်ဥက္ကဋ္ဌတွေနဲ့ တွေ့တုန်းက မြန်မာနိုင်ငံမှာ ဆန္ဒခံယူပွဲကို နိုင်ငံတကာက စောင့်ကြည့်ဖို့ မလိုအပ်ပါဘူးလို့ ငြင်းဆိုခဲ့တာရှိပါတယ်။ အဲတော့ တကယ်တမ်း အစိုးရဘက်က အလားအလာက ဖြစ်နိုင်ပါ့မလား။

“ဖြစ်နိုင်တယ်၊ မဖြစ်နိုင်တယ်ဆိုတာထက်ကို ကျနော်တို့က နိုင်ငံတကာရော ပြည်သူလူထုရော ဒီလို အခြေအနေတွေကို အသိပေးဖို့လိုအပ်တယ်။ ဒါတွေလိုအပ်နေပြီဆိုတာကို ကျနော်တို့ အကျိုးသင့် အကြောင်းသင့်ဖော်ပြတဲ့ ကြေညာချက်ထုတ်ရတာကတော့ ပြည်သူလူထုရော၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းရော သိရှိစေချင်လို့ ထုတ်တာပါ။ အစိုးရဘက်ကတော့ ဒါနဲ့ပတ်သက်ပြီး ဟိုတုန်းကအခြေအနေမှာ ပြောထားသလို ဒီနေ့အခြေအနေမှာ သူတို့ စဉ်းစားဖို့ လိုနေတယ်ဆိုတာကို ကျနော်တို့ထုတ်တာပါ။”

အဲတော့ ဆန္ဒခံယူပွဲကော်မရှင်ရဲ့ သမာသမတ်ကျမှုနဲ့ပတ်သက်ပြီး အန်ကယ်တို့အနေနဲ့ သံသယရှိတဲ့သဘောလား။

“မဟုတ်ဘူးခင်ဗျ။ ဒီကော်မရှင်ကို ကျနော်တို့ ဘာမှမပြောဘူး၊ ကြေညာချက်မှာ။ အခု လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေကိုပဲ ကျနော်တို့ပြောတာ။ အဲဒီ လက်ရှိဖြစ်နေတဲ့ အခြေအနေမှာလည်း ကျနော်တို့ အခုသိရှိသလောက်က မြို့နယ်အဆင့် ရဲတပ်ဖွဲ့ဝင်တွေ ဒီလိုဆောင်ရွက်တာကို တွေ့ရလို့ပါ။”

တလောကဆိုရင် ပြည်ပက နိုင်ငံရေးပါတီတခုက အကြံပြုတာရှိပါတယ်။ ပြည်တွင်းမှာလည်း လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေ ဖွဲ့ဖို့ဆိုပြီး တောင်းဆိုခဲ့တာ ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး အန်ကယ်တို့ အယူအဆ ဘယ်လိုရှိပါသလဲ။

“ဒီမှာလည်း ဒီလိုလုပ်ငန်းမျိုးကို လုပ်နိုင်ကြဖို့ဆိုပြီး ကျနော်တို့ထုတ်ပြန်ခဲ့တဲ့ လုပ်ဆောင်ရမည့်အချက် ၁၇ ချက်ဆိုတာ ရှိပါတယ်။ အဲဒီ ၁၇ ချက်ကလည်း ခုနပြောတဲ့အလုပ်မျိုးကို လုပ်ဖို့ပါပဲ။ လေ့လာစောင့်ကြည့်မယ်၊ အမှားအယွင်းရှိမယ်၊ ဥပဒေနဲ့ မညီတာရှိမယ်၊ မတရားလုပ်တာရှိရင် ကျနော်တို့ တောင်းဆိုဖို့၊ ကန့်ကွက်တင်ပြဖို့ ဒီလိုသဘောမျိုး တခါတည်း ပါပါတယ်။”

ဆိုလိုတာက အန်န်အယ်လ်ဒီကိုယ်၌ကလည်း လေ့လာစောင့်ကြည့်မှုတွေကို တပါတည်း လုပ်သွားမယ်ပေါ့။

“မှန်ပါတယ်ခင်ဗျ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ရှင်းပြခဲ့တာဖြစ်ပါတယ်။

 
< Prev   Next >
 
Top! Top!