www.mamboteam.com
အဖွင့် စာမျက်နှာ arrow မော်ကွန်းတိုက် arrow ပြည်သူ့စာရေးဆရာ လူထုဒေါ်အမာ ကွယ်လွန်
Wednesday, 08 October 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
ရယူရန်
ဓာတ်ပုံ
Newsflash
ဤကွန်ယက်စာမျက်နှာပေါ်တွင် တင်ပြထားသော အကြောင်းအရာ အများစုမှာ PDF ဖိုင်မှတဆင့် ပြန်လည် ကူးယူဖော်ပြထားခြင်းဖြစ်သဖြင့် စာလုံးပေါင်းသတ်ပုံ နှင့် အခြားနားမလည်နိုင်သော စာလုံးအက္ခရာများပါရှိတတ်သည်ကို နားလည်ပေးကြရန် တောင်းပန်အပ်ပါသည်။ သို့ဖြစ်ပါ၍ အချက်အလက် အမှန်ကို သိလိုက မူလ PDF ဖိုင်များကိုသာရယူကြရန် အသိပေးအပ်ပါသည်။
 
ပြည်သူ့စာရေးဆရာ လူထုဒေါ်အမာ ကွယ်လွန် Print E-mail

ပြည်သူ့စာရေးဆရာ လူထုဒေါ်အမာ ကွယ်လွန်
(ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်)

ပြည်သူလူထု ချစ်ခင်လေးစားသည့် သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာ အသက် (၉၃) နှစ်သည် ယနေ့နံနက် () နာရီ (၃ရ) မိနစ်တွင် မန္တလေးမြို့ ပြည်သူ့ ဆေးရုံကြီး၌ ကွယ်လွန်သွားကြောင်း မိသားစုဝင်တဦးက ပြောသည်။ ဒေါ်အမာ၏ သားဖြစ်သူ ကိုညီပုလေးကခု () နာရီ (၃၇) မိနစ် ဆေးရုံမှာ ဆုံးတယ်ခင်ဗျာ။ မန္တလေးဆေးရုံ နုလုံး ရောဂါအထူးကုသဆောင်မှာပါဟု ပြောသည်။ လူထုဒေါ်အမာသည် ကိုလိုနီခေတ်ကတည်းက နယ်ချဲ့ ဆန့်ကျင်ရေး သပိတ်မှောက်ကျောင်းသူတဦးအဖြစ် ပါဝင်ခဲ့ပြီး ဘ၀တလျှောက်လုံး ပြည်သူဘက်မှ အစဉ်ရပ်တည်ကာ အကျိုးပြုစာပေများ အဆက်မပြတ် ရေးသားခဲ့သူဖြစ်သည်။ မေလတွင် ကျင်းပတော့မည့် လူလုဆန္ဒခံယူပွဲနှင့် ပတ်သက်၍ လူထုဒေါ်အမာကတညီတညွတ် တည်း လက်တွဲရုန်းလိုက်ကြပါ။ ဒါမှ အောင်မြင်မယ်ဟု မကွယ်လွန်မီက ခေတ်ပြိုင်သို့ နောက်ဆုံး ပြောကြားခဲ့သည်။ လူထုဒေါ်အမာ ကွယ်လွန်သွားသည့်အပေါ် စာရေးဆရာ၊ ကဗျာဆရာ၊ ဆရာ မောင်စွမ်းရည်က ကျနော်တို့ အမေလို နေလာတဲ့ ပုဂ္ဂိုလ်တယောက်ဖြစ်တယ်။ ကျနော်တို့ ဒီမိုကရေစီဘက်က ပြည်သူလူထုဘက်က မားမားမတ်မတ်ရပ်တဲ့ ကလောင်သတင်းစာဆရာမကြီး စာရေးဆရာ မကြီးတယောက် ဆုံးရှုံးသွားတယ်ဆိုတော့ ကျနော်တို့မှာ ရွှေတောင်ကြီးပြိုသလို တကယ့်ကို ၀မ်းပန်းတနည်း ဖြစ်မိပါတယ်ဟု ပြောသည်။

လူထုဒေါ်အမာကို ၁၉၁၅ ခု နိုဝင်ဘာ (၂၉) တွင် မန္တလေးမြို့ ဂုန္တန်ရပ်၌ အဖ ဦးထင်၊ အမိ ဒေါ်စု တို့မှ မွေးဖွားခဲ့သည်။ မွေးချင်း (၁၂) ယောက်အနက် စတုတ္ထမြောက်သမီးဖြစ်သည်။ ၁၉၂၀ ပြည့် နှစ်တွင် တရုတ်တန်း အမျိုးသမီးနေရှင်နယ်ကျောင်းတွင် စတင်ပညာသင်ကြားခဲ့ပြီး  ၁၉၂၃ ခုနှစ်၌ အမေရိကန် သာသနာပြုကျောင်း (အေဘီအမ်) တွင် တတိယတန်းမှ န၀မတန်းအထိ တက်ရောက် ပညာသင်ယူခဲ့သည်။ ၁၉၃၁ ခုတွင် ဗဟိုအမျိုးသမီး အထက်တန်းကျောင်းမှ ဆယ်တန်းအောင်မြင်ခဲ့သည်။ ၁၉၃၃- ၃၅ ခုတွင် မန္တလေး ဥပစာကောလိပ်၊ ၁၉၃၆ ခုတွင် ရန်ကုန်ဘီအေ အောက်တန်းတွင် ပညာသင်ရင်း ဒုတိယကျောင်းသားသပိတ်တွင် သပိတ်မှောက် ကျောင်းသူတဦး အဖြစ် ပါဝင်ခဲ့သည်။ ၁၉၃၆ ခုတွင် အိုးဝေမဂ္ဂဇင်း၊ ကြီးပွားရေးမဂ္ဂဇင်း၊ ဘားမားဂျာနယ်တို့တွင် စာပေများ ရေးသား ခဲ့သည်။ ၁၉၃၉ ခုတွင် လူထုဦးလှနှင့် လက်ထပ်ခဲ့ပြီး ဖိုးသံချောင်း၊ ရဲဘော်ထွန်းကျော်၊ ညီပုလေး တို့အပါအ၀င် သားသမီး () ဦး ထွန်းကားခဲ့သည်။ ၁၉၄၅ ခုတွင် လူထုဂျာနယ် လက်ထောက်အယ်ဒီတာ၊ ၁၉၄၆ ခုတွင် လူထုသတင်းစာ အယ်ဒီတာ အဖြစ် လုပ်ကိုင်ခဲ့သည်။ မကွယ်လွန်မီအချိန်အထိ မန္တလေးမြို့၌ နေထိုင်ကာ စာအုပ်များ ရေးသား ထုတ်ဝေခြင်း၊ လစဉ်ထုတ်မဂ္ဂဇင်းများတွင် အခါအားလျော်စွာ ဆောင်းပါးများ ရေးသားခြင်းတို့ ပြုလုပ်ခဲ့သည်။ လူထုဒေါ်အမာ၏ ဈာပနကျင်းပမည့်ရက်ကို  မိသားစု တိုင်ပင်ညှိနှိုင်းနေဆဲဖြစ်ကြောင်း သိရသည်။

 
< Prev   Next >
 
Top! Top!