www.mamboteam.com
အဖွင့် စာမျက်နှာ
Sunday, 12 October 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
Login Form





Lost Password?
No account yet? Register
ရယူရန်
ဓာတ်ပုံ
Syndicate
Who's Online
Newsflash
ဤကွန်ယက်စာမျက်နှာပေါ်တွင် တင်ပြထားသော အကြောင်းအရာ အများစုမှာ PDF ဖိုင်မှတဆင့် ပြန်လည် ကူးယူဖော်ပြထားခြင်းဖြစ်သဖြင့် စာလုံးပေါင်းသတ်ပုံ နှင့် အခြားနားမလည်နိုင်သော စာလုံးအက္ခရာများပါရှိတတ်သည်ကို နားလည်ပေးကြရန် တောင်းပန်အပ်ပါသည်။ သို့ဖြစ်ပါ၍ အချက်အလက် အမှန်ကို သိလိုက မူလ PDF ဖိုင်များကိုသာရယူကြရန် အသိပေးအပ်ပါသည်။
 
Latest News
မြန်မာပြည်ကို လက်နက်ရောင်းတဲ့ ကုမ္မဏီတွေမှာ ရင်းနှီး မြှုပ်နှံမှု မလုပ်ဖို့ နော်ဝေအစိုးရ တင်းကြပ် Print E-mail

မြန်မာပြည်ကို လက်နက်ရောင်းတဲ့ ကုမ္မဏီတွေမှာ ရင်းနှီး မြှုပ်နှံမှု မလုပ်ဖို့ နော်ဝေအစိုးရ တင်းကြပ်
(ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်)

နော်ဝေအစိုးရဟာ မြန်မာနိုင်ငံကို လက်နက် ရောင်းချနေတဲ့ ကုမ္ပဏီတွေဆီမှာ ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ဖို့ နော်ဝေရေနံ ရင်းနှီးမြှုပ်နှံမှုအဖွဲ့ကြီးကို တားမြစ်လိုက်ပါတယ်။ ဒီလို တားမြစ်မှုမျိုးက မနှစ်ကတည်းက ရှိခဲ့တာပါ။ အကြောင်းစုံကို ဒေါ်အေးသန္တာကျော်က တင်ပြထားပါတယ်။ ဒီနှစ် ၂၀၀၈ ခုနှစ်မှာ တားမြစ်မှုကို ပိုပြီးတော့ တင်းကြပ်လိုက်တဲ့ သဘောပါ။ မနှစ်ကတော့ သက်ဆိုင်ရာ အစိုးရသစ် ရံပုံငွေလို့ ခေါ်တဲ့ နော်ဝေအစိုးရရဲ့ အကြီးမားဆုံး ရံပုံငွေ စုစောင်းမှု လုပ်ငန်း အခြေအနေနဲ့ သူတို့ရဲ့ ရံပုံငွေတွေကို မြန်မာအစိုးရရဲ့ ငွေစုလက်မှတ်တွေ မ၀ယ်ယူရဘူး၊ ကုမ္ပဏီပေါင်း ၁,၂၀၀ မှာ ရင်းနှီးမြှုပ်နှံမှု မလုပ်ကြဖို့ တားမြစ်ခဲ့ပါတယ်။ ဒီနှစ်တော့ အဲဒီ တားမြစ်ချက်တွေ အပြင် မြန်မာနိုင်ငံကို လက်နက်ရောင်းချနေတဲ့ ဘယ်ကုမ္ပဏီမှာမှ ရင်းနှီးမြှုပ်နှံမှု မပြုရဘူးလို့ တားမြစ်လိုက်ပါတယ်။ ဒီလို ပိတ်ဆို့မှု လုပ်ဆောင်တာဟာ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုအတွက် ဘယ်လောက်များ အထောက်အကူ ဖြစ်မလဲလို့ နော်ဝေနိုင်ငံ အခြေစိုက် မြန်မာ့ဒီမိုကရေစီရေး နဲ့ လူ့အခွင့်အရေးလှုပ်ရှားမှု ကွန်ယက်တစ်ခုဖြစ်တဲ့ Parliamentary Deligation (Burma) PD Burma အဖွဲ့က ကမဲလာ ဘူဇီ (Camilla Buzzi) ကို မေးတော့ သူက -

“လက်တွေ့အနေနဲ့ ပြောရမယ်ဆိုရင် ဒီ ပိတ်ဆို့မှုဟာ လက်ဆုပ်လက်ကိုင် ပြနိုင်မယ့် ချက်ချင်း ထူးခြားမှုတော့ မရှိပါဘူး။ နော်ဝေအစိုးရဟာ ဥရောပ သမဂ္ဂက ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေအတိုင်း လုပ်ဆောင်ပါတယ်။ လောလောဆယ် အတွက်တော့ နော်ဝေ အစိုးရရဲ့ မြန်မာ့ ဒီိမိုကရေစီရေး အတွက် လုပ်ဆောင်ချက်ဟာ မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံတဲ့ သင်္ကေတ အနေနဲ့ပဲ လုပ်ဆောင်တာမျိုးပါ။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံကို လက်နက် ရောင်းနေတဲ့ နော်ဝေ ကုမ္မဏီတွေလည်း မရှိပါဘူး။ တခြား ကုမ္မဏီတွေ မြန်မာနိုင်ငံကို လက်နက် ရောင်းချနေတာကိုလည်း နော်ဝေအစိုးရက သဘောမကျဘူး ဆိုတာ ပြတာပါ။” PD-Burma ကွန်ယက်က ကမဲလာ ဘူဇီ ပြောသွားတာပါ။ ဒီလိုမျိုး နော်ဝေအစိုးရရဲ့ ပိတ်ဆို့မှု အသစ်ကို နော်ဝေ ဘဏ္ဍာရေး ၀န်ကြီးက မနေ့က ကြေညာသွားပါတယ်။ နော်ဝေနိုင်ငံဟာ ကမ္ဘာမှာ ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ နိုင်ငံတကာကို တင်ပို့ရောင်းချမှု အများဆုံး နိုင်ငံတစ်ခု ဖြစ်ပြီးတော့ ဒီထွက်ကုန်တွေက ပိုလျှံတဲ့ အမြတ်ငွေတွေကို နော်ဝေ လူထုအတွက် အများပိုင်ငွေ တိုးပွားအောင်လို့ တခြား စီးပွားရေး လုပ်ငန်းတွေမှာ ပြန် ထည့်ဝင် ရင်းနှီးတာ ဖြစ်ပါတယ်။ အစိုးရ ပင်စင် ရံပုံငွေ ရင်းနှီးမြှုပ်နှံမှုဟာ နော်ဝေအစိုးရရဲ့ အများပြည်သူဆိုင်ရာ အကြီးမားဆုံး စီးပွားရေး လုပ်ဆောင်ချက်ကြီး တစ်ခုလည်း ဖြစ်ပါတယ်။ ဒီလို အများပြည်သူအတွက် ရင်းနှီးမြှုပ်နှံမှုမှာ ဘယ်လောက်ထိများ ကောင်းမွန်တဲ့ စံနှုန်းစံထားနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်သလဲ ဆိုတာကို Pension Fund တွေရဲ့ လုပ်ရပ်တွေနဲ့ တိုင်းတာနိုင်ပါတယ်။

ဒီလို နော်ဝေအစိုးရရဲ့ လုပ်ရပ်ကို အမျိုးသားဒီမိုကရေစီရေး လှုပ်ရှားသူတွေက  ထောက်ခံကြိုဆိုပါတယ်။ နော်ဝေနိုင်ငံအခြေစိုက် မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (နော်ဝေ) ရဲ့ ဥက္ကဌ ရန်ကုန်တိုင်း ခရမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သွင်က အခုလို ပြောပါတယ်။ “နော်ဝေးအစိုးရကိုရော Government Pension Fund အဖွဲ့ကြီးကိုရော နှစ်ထောင်းအာရ ဖြစ်စွာနဲ့ ကျနော်တို့ ဒီသတင်းကို ကြိုဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ တကယ့်ကို အရေးကြီးတဲ့ စစ်အာဏာရှင် ကနေပြီးတော့ သူတို့ အာဏာ တည်မြဲရေးအတွက် အခြေခံဥပဒေ အတုအယောက်ကို တကယ်တမ်း အခြေခံ ဥပဒေ အစစ်အမှန် ဖြစ်အောင် ပြည်သူကို ဖျားယောင်းပြီးတော့ လူထုဆန္ဒခံယူပွဲ ကျင်းပမယ့်အချိန၊် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ဖြစ်သွားခဲ့တဲ့ ရွှေဝါရောင် တော်လှန်ရေးကြီးရဲ့ ဂယက်တွေကြားထဲက အခုလို ဆုံးဖြတ်လိုက်တာဟာ ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေ အတွက် အထူးကို နှစ်ထောင်း အာရဖွယ်ရာ ဖြစ်တယ်လို့ ကျနော် ပြောချင်ပါတယ်။” ရန်ကုန်တိုင်း ခရမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်သွင် ပြောသွားတာပါ။

နော်ဝေအစိုးရဟာ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုကို တလျှောက်လုံး ထောက်ခံအားပေး လာခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ်မှာ နော်ဝေ နိုဘယ်ငြိမ်းချမ်းရေး ဆုရွေးချယ်ရေး ကော်မတီက ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခဲ့ပါတယ်။ ဒီမိုကရေစီရေး အတွက် အထောက်အကူ ပြုနိုင်ဖို့အတွက် မြန်မာဘာသာ အသံလွှင့် ရေဒီယို အသံလွှင့်ဌာန တစ်ခုကိုလည်း ထူထောင်ပေးခဲ့ပါတယ်။ မြန်မာဒုက္ခသည်တွေကို နော်ဝေနိုင်ငံကို ရွှေ့ပြောင်း အခြေချခွင့် ပေးပြီး ကုလသမဂ္ဂရဲ့ မြန်မာ့အရေး လှုပ်ရှားမှုတွေကိုလည်း အမြဲတစေ ထောက်ခံနေတဲ့ နိုင်ငံဖြစ်ပါတယ်။

 

 
< Prev   Next >
 
Top! Top!