www.mamboteam.com

Warning: Invalid argument supplied for foreach() in /mounted-storage/home78a/sub004/sc44034-MXIK/www/home/includes/frontend.php on line 94

Warning: Invalid argument supplied for foreach() in /mounted-storage/home78a/sub004/sc44034-MXIK/www/home/includes/pathway.php on line 48

Warning: array_keys() [function.array-keys]: The first argument should be an array in /mounted-storage/home78a/sub004/sc44034-MXIK/www/home/includes/pathway.php on line 63
Friday, 05 September 2008
 
 
Warning: Invalid argument supplied for foreach() in /mounted-storage/home78a/sub004/sc44034-MXIK/www/home/includes/frontend.php on line 94

Warning: Invalid argument supplied for foreach() in /mounted-storage/home78a/sub004/sc44034-MXIK/www/home/includes/frontend.php on line 94

Warning: Invalid argument supplied for foreach() in /mounted-storage/home78a/sub004/sc44034-MXIK/www/home/includes/frontend.php on line 94

Warning: Invalid argument supplied for foreach() in /mounted-storage/home78a/sub004/sc44034-MXIK/www/home/includes/frontend.php on line 94
ဆန္ဒခံယူပွဲတွင် ပြည်သူများ သတိပြုလုပ်ဆောင်သင့်သည်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သတိပေးနှိုးဆော Print E-mail

ဆန္ဒခံယူပွဲတွင် ပြည်သူများ သတိပြုလုပ်ဆောင်သင့်သည်များကို
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သတိပေးနှိုးဆော်

လာမယ့်မေမှာကျင်းပဖို့ နအဖက ပြင်ဆင်ထားတဲ့ ဖွဲ့စည်းပုံဆန္ဒခံယူပွဲမှာ ပြည်သူတရပ်လုံး ကန့်ကွက်မဲပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပန်ကြားထားပြီး မဲပေးတဲ့အခါ လိုက်နာလုပ်ဆောင်ရမယ့် အချက်များကို ကြေညာချက် သီးသန့်ထုတ်ပြန် တိုက်တွန်းလမ်းညွှန်ထားပါတယ်။ နအဖစစ်အစိုးရ ဦးဆောင်ရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမူကြမ်းဟာ ဒီမိုကရေစီနည်းက ရေးဆွဲထားတာ မဟုတ်ဘဲ စစ်အစိုးရအလိုကျ တဖက်သတ်ဆွဲထားတာကြောင့် ကန့်ကွက်ဖို့ နှိုးဆော်ရတာလို့ အဖွဲ့ချုပ် အထူးသတင်းပြန်ကြားရေးအဖွဲ့ဝင် ဦးသိန်းညွန့်က ပြောကြားပါတယ်။ အထူးကြေညာချက်မှာ လက်ရှိတပ်မတော်ရဲ့ လုပ်ကိုင်ပုံတွေဟာ တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်း မိန့်ဆိုမှာကြားခဲ့တာတွေနဲ့ ပြောင်းပြန်ဖြစ်နေတယ်ဆိုတဲ့အချက်ကို အဓိက ထောက်ပြထားပါတယ်။ အတည်ပြုဖို့ ကြိုးစားနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းမှာ တပ်မတော်ရဲ့အခန်းကဏ္ဍ အဓိကလွမ်းမိုးနေပြီး တိုင်းရင်းသားပြည်သူလူထု လိုလားတောင့်တတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် အာမခံချက်မပေးနိုင်တာကြောင့် ပြည်သူလူထုအနေနဲ့ “သက်ဆိုင်ရာမဲရုံများသို့ သွားရောက်ပြီး ကန့်ကွက်မဲကို ကြက်ခြေခတ်ခြင်းဖြင့် ပြတ်ပြတ်သားသားပြေးကြ” ဖို့ တိုက်တွန်းပြန်ကြားထားပါတယ်။

မဲဆန္ဒရှင်တွေဘက်က လုပ်သင့်တဲ့ အပိုင်းမှာ မဲပေးရက်မတိုင်မီ သီတင်းတပတ်အလိုမှာ မဲပေးခွင့်စာရင်းထဲ မိမိတို့အမည် ပါမပါ၊ မဲပေးပိုင်ခွင့်ရှိသူစာရင်း မှန်မမှန်၊ လျှို့ဝှက်မဲပေးပုံစနစ် ကျမကျ စသည်ဖြင့် အသေးစိပ်အချက်တွေကို ဖော်ပြထားပြီး ဒီမိုကရေစီအခွင့်ရေးကို အပြည့်အ၀အသုံးချဖို့ နှိုးဆော်ထားပါတယ်။ အဖွဲ့ချုပ် တိုင်းနဲ့ပြည်နယ် သက်ဆိုင်ရာ မြို့နယ်၊ ရက်ကွက်၊ ကျေးရွာ အဖွဲ့ဝင်တွေက စတင်ကွင်းဆင်းနေပြီ ဖြစ်ကြောင်း၊ စစ်အစိုးရနဲ့ ကြံ့ဖွံ့(ပြည်ခိုင်ဖြိုး) အဖွဲ့ဘက်ကလည်း အလားတူကွင်းဆင်း စည်းရှုံးနေတဲ့အတွက် သူတို့ဘက်ကလည်း စည်းရုံးခွင့်ရှိကြောင်း၊ ဒါတွေကို အရှိန်မြှင့် လုပ်ဆောင်မှာဖြစ်ကြောင်း ဦးသိန်းညွန့် ဖြေကြားပါတယ်။

တပ်မတော်က ကြီးစိုးနေပံအကြောင်း ထောက်ပြထားချက် အပါအ၀င် အဖွဲ့ချုပ် အထူးကြေညာချက်ပါ အချက်များမှ ကောက်နုတ်ချက်

နိုင်ငံတော်သမ္မတနှင့် ဒု-သမ္မတ အရည်အချင်းများတွင် စစ်ရေးအမြင်ရှိရမည်ဟူသော အချက်ကိုထည့်သွင်းထားခြင်း။ ဥပဒေပြုရေးနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် တပ်မတော် ကာကွယ်ဦးစီးချုပ်က အမည်စာရင်းတင်သွင်းမည့် တပ်မတော်သား ၂၅% ပါဝင်နေခြင်း။ လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ ၀န်ကြီးများဖြင့် ခန့်အပ်တာဝန်ပေးခြင်းခံရပါက လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ပြီးဖြစ်သည်ဟု သတ်မှတ်ထားသည့် ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာဝန်ကြီးဌာနများအတွက် ခန့်အပ်ထားသော တပ်မတော်သားကိုယ်စားလှယ်များကိုမူ အငြိမ်းစားယူရန် သို့မဟုတ် နုတ်ထွက်ရန်မလိုဟု သတ်မှတ်ထားခြင်း။ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယ၀န်ကြီးများ ခန့်အပ်တာဝန်ပေးခြင်းနှင့် စပ်လျဉ်း၍ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာဝန်ကြီးဌာနများအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဌာန သင့်လျော်သည့် တပ်မတော်များ၏ အမည်စာရင်းကို နိုင်ငံတော်သမ္မတက ရယူရခြင်း။ တပ်မတော်နှင့်စပ်လျဉ်း၍ နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် ရှိရမည်ဟု ထည့်သွင်းထားခြင်း။ အရေးပေါ်အခြေအနေပေါ်ပေါက်လျှင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံတော်အာဏာကို ဤဖွဲ့စည်းပုံအခြေံဥပဒေတွင် သတ်မှတ်ပြဌာန်းချက်များနှင့် ရယူသုံးစွဲခွင့်ရှိခြင်း။

 ဆန္ဒခ့ယူပွဲမတိုင်ခင် ပြည်သူဘက်က ပြင်ဆင်သင့်သည့် အရေးကြီးသည့်အချက်များ ကောက်နုတ်ချက်

၁။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများစာရင်းကို ခုနှစ်ရက် ကြိုတင်ကြေညာရမည်ဖြစ်ပါသည်။
၂။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများစာရင်းတွင် မိမိတို့၏အမည် ပါမပါကို ကြိုတင်လေ့လာရပါမည်။
(က) မပါလျှင် သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာ ကော်မရှင်သို့ တင်ပြနိုင်သည်။
(ခ) ဖြစ်နိုင်လျှင် သေဆုံး၊ ပြောင်းရွှေ့သွားသော ဆန္ဒမဲပေးသူများ၏ စာရင်းကို ကြိုတင်ပြုစုထားပါ။
၃။ မဲရုံများနှင့် မဲရုံပတ်ဝန်းကျင်သည် လျှို့ဝှက်ဆန္ဒမဲပေးစနစ်ကို ထိခိုက်ခြင်း ရှိမရှိ ဂရုစိုက်ပါ။
၎။ မဲရုံစတင်ဖွင့်လှစ်သည့်အချိန်၌ မဲပုံးများတွင် ဆန္ဒမဲလက်မှတ်နှင့် အခြားပစ္စည်းတစုံတရာ မရှိကြောင်း ငါးဦးထက်မနည်း မဲပေးခွင့်ရှိသူများအား ပြသရမည်။ မဲပုံးများကို လုံခြုံစွာ ပိတ်ပစ်ခြင်းရှိမရှိ စစ်ဆေးကြည့်ရှုပါ။
၅။ ဆန္ဒမဲလက်မှတ်တိုင်းတွင် ကော်မရှင်အမှတ်အသားနှင့် မဲရုံမှူးလက်မှတ် ပါမပါစစ်ဆေးပါ။ ယင်းအမှတ်အသားနှင့် လက်မှတ်မပါလျှင် ပယ်မဲဖြစ်လိမ့်မည်။
၆။ လျှို့ဝှက်မဲပေးစနစ်ကို ထိခိုက်စေသည့် အမှတ်အသားပါသည်ဟု ယူဆလျှင် ဆန္ဒမဲလက်မှတ်ကို ပြန်လည် လဲလှယ်ပေးရန် တောင်းဆိုပါ။
၇။ ဆန္ဒမဲပေးရာတွင် ထောက်ခံလျှင် အမှန်အမှတ်အသားကိုလည်းကောင်း၊ ကန့်ကွက်လျှင် ကြက်ခြေခတ် အမှတ်အသားကိုလည်းကောင်း ရေးသားဖော်ပြရမည်ဖြစ်သည်။ မိမိ၏ လွတ်လပ်စွာ ဆန္ဒအရ ကန့်ကွက်ကြောင်း ကြက်ခြေခတ်ခြင်းသည် ပြန်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေနှင့် လုံးဝ ငြိစွန်းခြင်းမရှိပါ။

 

 
< Prev   Next >

Warning: Invalid argument supplied for foreach() in /mounted-storage/home78a/sub004/sc44034-MXIK/www/home/includes/frontend.php on line 94

Warning: Invalid argument supplied for foreach() in /mounted-storage/home78a/sub004/sc44034-MXIK/www/home/includes/frontend.php on line 94
 
Top! Top!