www.mamboteam.com
အဖွင့် စာမျက်နှာ arrow သတင်း arrow အထွေထွေ arrow ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ ပြည်သူသို့ ပန်ကြားချက်
Friday, 05 September 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
ရယူရန်
ဓာတ်ပုံ
Newsflash
The contents on this site contain Burmese Unicode, so if you can not see the contents on this site please download Zawgyi-One font from Here . If you want to see some more details please just have a look here
 
Latest News
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ ပြည်သူသို့ ပန်ကြားချက် Print E-mail

၂ ဧပြီ ၂၀၀၈

၁၃၆၉ ခုနှစ် တပေါင်းလပြည့်ကျော် ၁၂ ရက်

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ ပြည်သူသို့ ပန်ကြားချက်

၁။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို ပြည်သူလူထုက ရွေးကောက် တင်မြောက်ထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ရေးဆွဲခဲ့ရခြင်း လုံးဝမဟုတ်ပါ။

၂။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၎င်းတို့ဖာသာ ၎င်းတို့စိတ်ကြိုက် ရွေးချယ်ထားသည့် ပုဂ္ဂိုလ်များဖြင့်သာ တဖက်သတ်ရေးဆွဲထားသော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်း ဖြစ်ပါသည်။

၃။ ၎င်းအပြင် နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် ပြည်သူ့ထံမှ ဆင်းသက်ရမည်ဟူသော ဒီမိုကရေစီ အခြေခံမူကြီးများနှင့် ညီညွတ်ခြင်းမရှိသဖြင့် တိုင်းရင်းသားလူမျိုးစုများ အပါအ၀င် ပြည်သူတရပ်လုံးက အာသာပြင်းပြစွာ လိုလားတောင့်တနေသော ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများအတွက် အာမခံချက်များလည်း မပေးနိုင်ပါ။

၎။ နိုင်ငံတော်ကို အုပ်ချုပ်နေသော အဖွဲ့အစည်းတခုသည် ပြည်သူလူထုထောက်ခံမှု မရရှိလျှင် တည်တံ့ခိုင်မြဲခြင်း မရှိနိုင်ကြောင်းကို မိမိနိုင်ငံသမိုင်းများနှင့် နိုင်ငံတကာသမိုင်းများက သက်သေထူလျက်ရှိသည်။

၅။ သို့ပါသဖြင့် လူထုလူတန်းစား အလွှာအသီးသီးမှ တိုင်းရင်းသားပြည်သူများ အားလုံးနှင့် အဖွဲ့အစည်းများက သက်ဆိုင်ရာမဲရုံများသို့ မပျက်မကွက်သွားရောက်ကြ၍ ကန့်ကွက်မဲကို ကြက်ခြေခေတ်ခြင်းဖြင့် ပြတ်ပြတ်သားသား ရဲရဲရင့်ရင့် ပေးကြရန် ပန်ကြားအပ်ပါသည်။

၂၀၊ ၃၊ ၂၀၀၈ နှင့် ၃၁၊ ၃၊ ၂၀၀၈ ရက်နေ့များတွင် ကျင်းပသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ -

ဗဟိုအလုပ်မှုဆောင်အဖွဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

 
< Prev   Next >
 
Top! Top!