အဖွင့် စာမျက်နှာ
Thursday, 24 July 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
Login Form





Lost Password?
No account yet? Register
ရယူရန်
ဓာတ်ပုံ
Syndicate
Who's Online
Newsflash
ဤကွန်ယက်စာမျက်နှာပေါ်တွင် တင်ပြထားသော အကြောင်းအရာ အများစုမှာ PDF ဖိုင်မှတဆင့် ပြန်လည် ကူးယူဖော်ပြထားခြင်းဖြစ်သဖြင့် စာလုံးပေါင်းသတ်ပုံ နှင့် အခြားနားမလည်နိုင်သော စာလုံးအက္ခရာများပါရှိတတ်သည်ကို နားလည်ပေးကြရန် တောင်းပန်အပ်ပါသည်။ သို့ဖြစ်ပါ၍ အချက်အလက် အမှန်ကို သိလိုက မူလ PDF ဖိုင်များကိုသာရယူကြရန် အသိပေးအပ်ပါသည်။
 
Latest News
အန်အယ်လ်ဒီရုံးရှေ့တွင် ကန့်ကွက်မဲပေးရေးဆန္ဒပြပွဲ ပြုလုပ် Print E-mail

အန်အယ်လ်ဒီရုံးရှေ့တွင် ကန့်ကွက်မဲပေးရေးဆန္ဒပြပွဲ ပြုလုပ်
(ဧရာဝတီအင်တာနက်မဂ
္ဂဇင်းမှ ကူးယူဖော်ပြသည်)

ဆန္ဒခံယူပွဲ၌ ကန့်ကွက်မဲပေးရန် ရည်ရွယ်ပြုလုပ်သည့် ဆန္ဒပြပွဲတရပ်ကို ရန်ကုန်မြို့ အန်အယ်လ်ဒီ ဌာနချုပ်ရှေ့တွင် ယနေ့နေ့လယ်ပိုင်းက ပြုလုပ်ကြောင်း မျက်မြင်သက်သေများက ပြောဆိုကြသည်။ လူဦးရေ ၃၀ ခန့်ပါဝင်သည့် ဆန္ဒပြသမားများသည့် “NO” ဟူသောစာသားပါဝင်သည့် ၀တ်စုံကိုဝတ်ဆင်၍ ကမ္ဘာ့ကုလသမဂ္ဂအလံနှင့် ဖက်ဆစ်ဂျပန်တော်လှန်ရေးအလံများကိုလွှင့်ထားကာ စစ်အစိုးရ၏ အခြေခံဥပဒေကို လက်မခံကြရန်နှင့် စစ်ကျွန်ဘ၀သို့မရောက်စေရန် ဆန္ဒခံယူပွဲ၌ ကန့်ကွက်မဲပေးကြရန် စသည်တို့ကို ကြွေးကြော် ဆန္ဒပြကြသည်ဟု အန်အယ်လ်ဒီ ပါတီဝင်တဦးက ပြောသည်။

 အန်အယ်လ်ဒီ ဌာနချုပ်ရှေ့က ဆန္ဓပြပွဲ

အန်အယ်လ်ဒီ အဖွဲ့ဝင်တွေလည်းပါသလို အဖွဲ့ဝင်မဟုတ်တဲ့လူတွေလည်း ပါတယ်။ ၃၀ လောက်ရှိတယ် … No တံဆိတ်ပါတဲ့ အင်္ကျီနီတွေဝတ်ထားကြတယ်၊ အကျဉ်းသားဝတ်စုံဝတ်ထားတဲ့လူတွေက လက်မှာ သံကြိုးတွေ ပတ်ထားတယ်၊ ဆန္ဒပြချိန် နာရီဝက်လောက်တော့ရှိတယ်ဟု အန်အယ်လ်ဒီ အဖွဲ့ဝင်က ပြောသည်။ အန်အယ်လ်ဒီရုံးတွင် ပြုလုပ်သည့် တော်လှန်ရေးနေ့အခမ်းအနားကို တက်ရောက်ရန်လာကြသော ရာနှင့်ချီသည့် ဧည့်ပရိသတ်များက ဆန္ဒပြသမားများကို ထောက်ခံကြိုဆိုကြသည်ဟုလည်း အဆိုပါ အန်အယ်လ်ဒီ အဖွဲ့ဝင်က ဆက်ပြောသည်။ စစ်အစိုးရက လုံခြုံရေးတပ်ဖွဲ့ဝင်များကို အန်အယ်လ်ဒီ ဌာနချုပ်ပတ်ဝန်းကျင်တွင် ထူထပ်စွာချထားပြီး ဆန္ဒပြသမားများကို ဓာတ်ပုံများရိုက်ယူကြကြောင်း သိရသည်။ ဆန္ဒပြသမားများသည်မဲရုံကိုသွားကြကန့်ကွက်မဲ ထည့်ကြဟု ခေါင်းစဉ်တပ်ထားသည့် လက်ကမ်းကြော်ငြာများ ကိုလည်း အန်အယ်လ်ဒီ ဌာနချုပ်ရှေ့တွင် ဖြန့်ဝေခဲ့ကြသည်။ ယခုလဆန်းပိုင်းကစတင်၍ ရန်ကုန်၊ မန္တလေး အစရှိသောမြို့ကြီးများတွင် ကန့်ကွက်မဲ ထည့်ရေးလှုပ်ရှားမှုကို ပြုလုပ်ကြရာ ၎င်းလှုပ်ရှားမှုသည် တခြားနယ်မြို့များအထိ တဖြည်းဖြည်း ပျံ့နှံ့လျက်ရှိသည်။ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ဝန်းအတွင်းတိုင်းပြည်အပေါ် ဘယ်အချိန်အခါမှ တပတ်မရိုက်ခဲ့ပါဟူသည့်စာတန်းပါဝင်သော ပိုစတာတခုကို ယနေ့ချိတ်ဆွဲလိုက် သည်ဟု အန်အယ်လ်ဒီလူငယ်တဦးက ပြောသည်။ ၎င်းပိုစတာတွင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေးဆွဲထားသည့် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ ပုံတူ ပါဝင်ကြောင်းလည်း သိရသည်။

 
< Prev   Next >
 
Top! Top!