အဖွင့် စာမျက်နှာ arrow သတင်း arrow ထုတ်ပြန်ချက် arrow Statement 28.11.2007
Saturday, 17 May 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
ရယူရန်
ဓာတ်ပုံ
Newsflash
The contents on this site contain Burmese Unicode, so if you can not see the contents on this site please download Zawgyi-One font from Here . If you want to see some more details please just have a look here
 
Latest News
Statement 28.11.2007 Print E-mail

ရက်စွဲ။ ။၂ဝဝ၇ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်။ 

ရဟန်းရှင်လူ၊ ပြည်သူ၊ ကျောင်းသားလူငယ်များအား စစ်အာဏာရှင်တို့၏ ဆက်လက်ဖမ်းဆီးအရေးယူနေမှုအပေါ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)၏ သဘောထား ထုတ်ပြန်ကြေညာချက်


    ၂ဝဝ၇ ခုနှစ်၊ စက်တင်ဘာလအတွင်း စစ်အစိုးရ၏ လောင်စာဆီဈေး တမဟုတ်ချင်း တိုးမြှင့်လိုက်မှုကြောင့် ရိုက်ခတ်လာသော ကုန်ဈေးနှုန်းကြီးမြင့်လာမှုသည် နေ့စဉ် လူမှုဒုက္ခအဝဝအား ကြီးမားဆိုးရွားစွာ ထိခိုက်နစ်နာလာစေခဲ့ရာမှ မခံမရပ်နိုင်ဖြစ်ခဲ့ကြပြီး၊ ကျောင်းသားလူငယ်အပေါင်းမှ စတင်လျှက် ရဟန်းသံဃာများအဆုံး ပြည်သူလူထုတရပ်လုံး၏ စက်တင်ဘာအုံကြွမှုကြီး ပေါ်ပေါက်ခဲ့ရပေသည်။

အဆိုပါ ရဟန်းသံဃာများဦးဆောင်လျှက် ကျောင်းသားလူငယ်များ၊ ပြည်သူလူထုများ၏ ငြိမ်းချမ်းသော တင်ပြတောင်းဆိုချက်များအပေါ် စစ်အစိုးရမှ ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းသတ်ဖြတ်ခဲ့သည်။ ၄င်းနှိမ်နင်းသတ်ဖြတ်အရေးယူမှုကြောင့် ရဟန်းရှင်လူပြည်သူကျောင်းသား လူငယ်အများအပြား ထိခိုက်ဒဏ်ရာရခဲ့ပြီး၊ အချို့မှာ အသက်ပင်ဆုံးရှုံးခဲ့ကြရသည်။ ထောင်နှင့်ချီ၍ အကြမ်းဖက်ဖမ်းဆီး အရေးယူခံခဲ့ကြရပြီး၊ အချို့မှာ ယနေ့ထက်တိုင် ဖမ်းဆီးနေဆဲ၊ စစ်ဆေးမေးမြန်းနေဆဲ၊ မတရားသဖြင့် အရေးယူအပြစ်ပေးနိုင်ရန်အတွက် ချုပ်နှောင်ထားဆဲဖြစ်ကြောင်း တွေ့ရှိရသည်။


    ပြည်သူလူထု၏ စွန့်လွှတ်အနစ်နာခံ ဆောင်ရွက်မှုအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းများမှ စာနာထောက်ထားရပ်တည်လျှက် စစ်အစိုးရအားပြင်းထန်သော ဖိအားပေးတောင်းဆိုမှုများပေါ်ပေါက်လာခဲ့ရာ စစ်အစိုးရသည် ကုလသမဂ္ဂ၏ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှုများ စတင်ပြုလုပ်လျှက် ရှိနေသည်ကို တွေ့ရှိရသည်။

    အဆိုပါ စတင်တွေ့ဆုံဆွေးနွေးမှုများအား ယနေ့တိုင် စစ်အစိုးရအနေဖြင့် ရိုးသားပွင့်လင်းသော၊ စေတနာထက်သန်သော၊ အပြုသဘောချဉ်းကပ်မှုများကို မတွေ့ရဘဲ ဟန်ပြလုပ်ရပ်များအဖြစ်သာ မြင်တွေ့နေရသည်။ အမျိုးသား
ပြန်လည်သင့်မြတ်ရေးအတွက် အဆိပ်အတောက်လုပ်ရပ်များအဖြစ်တိုင်းရင်းသားလူမျိုးစုများနှင့် ပြည်သူများအကြားသွေးခွဲစည်းရုံးဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်နေသည့်အပြင် ကျောင်းသားလူငယ်၊ ရဟန်းပြည်သူများအားအကြမ်းဖက် ဆက်လက်ဖမ်းဆီးအရေးယူမှုများ ဆက်လက်လုပ်ဆောင်နေခြင်းဖြင့် တွေ့ဆုံဆွေးနွေးရေး အပြုသဘောဖြစ်စဉ်များအား နှောင့်နှေးကြန့်ကြာစေလျှက် မလိုလားအပ်သော ယုံကြည်မှုပျက်ယွင်းခြင်းများ ပေါ်ပေါက်စေပြီးအမျိုးသားအကျိုးစီးပွားနှင့် ဖီလာဆန့်ကျင်နေကြောင်း စစ်အစိုးရ အနေဖြင့် သတိပြုသင့်သည်။

    ဤသို့ဖြင့် အချို့သော တိုင်းရင်းသားအင်အားစုများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြား သွေးခွဲစည်းရုံးလုပ်ဆောင်နေမှုများ၊ ရဟန်းပြည်သူကျောင်းသားလူငယ်များအား ဆက်လက်အကြမ်းဖက် ဖမ်းဆီးအရေးယူနေမှုများသည် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်၏ အခြေခံဖြစ်သော စစ်မှန်သည့်အဓိပ္ပါယ်ရှိသော တွေ့ဆုံဆွေးနွေးရေးအားပျက်ပြယ်စေမည့် အပျက်သဘောလုပ်ရပ်များဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)မှ သုံးသပ်သည်။

    စစ်အစိုးရနေဖြင့် စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော်သစ်တရပ် ပေါ်ထွန်းလာစေရန် ဆန္ဒအမှန်ရှိပါက ရဟန်းရှင်လူပြည်သူ ကျောင်းသား လူငယ်များအား ဆက်လက်ဖမ်းဆီးအရေးယူနေမှုများအား အမြန်ဆုံးရပ်တန့်ပြီး၊ ယုံကြည်ချက်ကြောင့် ဖမ်းဆီးခံနေရသော နိုင်ငံရေးအကျဉ်းသားများအားလုံး ပြန်လည်လွှတ်ပေး၍ စစ်မှန်သော တွေ့ဆုံဆွေးနွေးရေးကိုသာ အမြန်ဆုံးစတင်ရန် တိုက်တွန်းသည်။

ဗဟိုကော်မတီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)

ဆက်သွယ်ရန် - ဦးမြင့်စိုး(+66) 0862 0460

 
< Prev
 
Top! Top!