www.mamboteam.com
အဖွင့် စာမျက်နှာ arrow မော်ကွန်းတိုက် arrow ဒေါ်စုနှင့် ဂမ်ဘာရီတွေ့ဆုံ
Wednesday, 08 October 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
ရယူရန်
ဓာတ်ပုံ
Newsflash
ဤကွန်ယက်စာမျက်နှာပေါ်တွင် တင်ပြထားသော အကြောင်းအရာ အများစုမှာ PDF ဖိုင်မှတဆင့် ပြန်လည် ကူးယူဖော်ပြထားခြင်းဖြစ်သဖြင့် စာလုံးပေါင်းသတ်ပုံ နှင့် အခြားနားမလည်နိုင်သော စာလုံးအက္ခရာများပါရှိတတ်သည်ကို နားလည်ပေးကြရန် တောင်းပန်အပ်ပါသည်။ သို့ဖြစ်ပါ၍ အချက်အလက် အမှန်ကို သိလိုက မူလ PDF ဖိုင်များကိုသာရယူကြရန် အသိပေးအပ်ပါသည်။
 
ဒေါ်စုနှင့် ဂမ်ဘာရီတွေ့ဆုံ Print E-mail

ဒေါ်စုနှင့် ဂမ်ဘာရီတွေ့ဆုံ
(မဇ္စျိမသတင်းဌာနမှ ကူးယူဖော်ပြသည်)

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီသည် ယနေ့တွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားခေါင်းဆောင်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များကို ရန်ကုန်မြို့တွင် သီးခြားစီ တွေ့ဆုံခဲ့သည်။ ကုလအထွေထွေအတွင်းရေးမှုး ဘန်ကီမွန်း၏ ကိုယ်စားလှယ် ဂမ်ဘာရီနှင့် ဒေါ်စုသည် အစိုးရဧည့်ဂေဟာတွင် နေ့လယ်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ယခင်အကြိမ်များက ကဲ့သို့ပင် ဒေါ်စုနှင့် ဆွေးနွေးသည့် အကြောင်းအရာများကို မြန်မာပြည်မှ အပြန်ခရီးတွင်သာ ဂမ်ဘာရီအနေဖြင့် ထုတ်ပြန်လိမ့်မည်ဟု မျှော်လင့်ရသည်။ ယနေ့နံနက်ပိုင်းက ရန်ကုန်ရှိ အစိုးရ ဧည့်ဂေဟာတွင် ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင် အပါအဝင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်သည့် ဦးညွန့်ဝေ၊ ဦးသန်းထွန်း၊ သခင်စိုးမြင့်နှင့် တနာရီခွဲခန့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ပါတီအတွင်းရေးမှူး ဦးလွင်က "မနက် ၁ဝ နာရီခွဲကနေ ၁၂ နာရီ မထိုးခင်လေးမှာ ပြီးသွားတယ်။ လုံခြုံရေးကောင်စီကို သတင်းပို့ဖို့ လာပြီး အချက်လက်တွေကို စုဆောင်းတာလေ။ သူ့တာဝန်အရ သူ မေးတယ်။ အန်ကယ်တို့လည်း တာဝန်အရ ဖြေတယ်။ အစိုးရဘက်က ဘယ်သူမှ မပါဘူး။ ဂမ်ဘာရီရယ်၊ သူခေါ်လာတဲ့ သူတို့အရာရှိ ယောက်ပေါ့လေ။ ဒါပဲ ပြောနိုင်တယ်" ဟု သူက မဇ္ဈိမကို ပြောသည်။

မစ္စတာ ဂမ်ဘာရီနှင့် အန်အယ်ဒီ ထိပ်ပိုင်းခေါင်းဆောင်များအကြား ယခုလို နှစ်ဦးနှစ်ဖက်တွေ့ဆုံမှုသည် လွန်ခဲ့သည့် ၄ လအတွင်း ဒုတိယအကြိမ်မြောက် ဖြစ်သည်။ ၂ဝဝ၇ ခုနှစ် နိုဝင်ဘာလအတွင်းက အန်အယ်ဒီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးညွန့်ဝေနှင့် ကုလကိုယ်စားလှယ်တို့ စစ်အစိုးရရုံးစိုက်ရာ ကြပ်ပြေးနေပြည်တော်တွင် တွေ့ဆုံခဲ့သေးသည်။ သူသည် ယခုလ ၆ ရက်နေ့က ကုလသမဂ္ဂရုံးကိုယ်စားလှယ်များ၊ နိုင်ငံခြားသံတမန်များ၊ ရန်ကုန် အခြေစိုက် နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (အိုင်စီအာစီ) မှ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့သည့်အပြင် ၇ ရက်နေ့ကလည်း နအဖ စစ်အစိုးရ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် လူထုဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်တိုးတို့ကို တွေ့ဆုံခဲ့သေးသည်။  စစ်အစိုးရ၏ ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် အစိုးရခေါင်းဆောင်ပိုင်းနှင့် တွေ့ဆုံရာ၌ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းမှ မစ္စတာ ဂမ်ဘာရီအား ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကြေညာချက် ထုတ်ပြန်ပေးခဲ့သည့်အပေါ် ဘက်လိုက်လုပ်ဆောင်ခဲ့သူအဖြစ် ပြောဆိုခဲ့ကြောင်း သတင်းရေးထားသည်။ ထိုကဲ့သို့ လုပ်ဆောင်ခဲ့သည့်အတွက် တိုင်းပြည်တွင်း ယုံကြည်မှု တည်ဆောက်ရေးလုပ်ငန်းစဉ်ကို ထိခိုက်စေသည့်အပြင်၊ မလိုလားအပ်သည့် အနှောင့်အယှက် အခက်အခဲများ၊ တိုင်းရင်းသားများအကြား စိတ်အနှောင့်အယှက်ဖြစ်စရာ ရှုပ်ထွေးမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း ဗိုလ်မှူးချုပ် ကျော်ဆန်းက မစ္စတာဂမ်ဘာရီအားပြောဆိုခဲ့သည်။   မစ္စတာဂမ်ဘာရီ၏ မြန်မာပြည် ခရီးစဉ်သည် ၅ ကြိမ်မြောက်ဖြစ်ကာ ယခင်ခရီးစဉ်များတွင် ၆ ရက်ကြာမျှ အများဆုံး နေထိုင်ခဲ့သည်။

 
< Prev   Next >
 
Top! Top!