www.mamboteam.com
အဖွင့် စာမျက်နှာ arrow မော်ကွန်းတိုက် arrow ဆန္ဒခံယူပွဲ၌ ကန့်ကွက်မဲပေးမည့်လှုပ်ရှားမှုများ ရန်ကုန်တွင်ပြုလုပ်၊ အာဏာပိုင်က လုံခြုံရေးတင်းကျပ်
Sunday, 12 October 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
ရယူရန်
ဓာတ်ပုံ
Newsflash
ဤကွန်ယက်စာမျက်နှာပေါ်တွင် တင်ပြထားသော အကြောင်းအရာ အများစုမှာ PDF ဖိုင်မှတဆင့် ပြန်လည် ကူးယူဖော်ပြထားခြင်းဖြစ်သဖြင့် စာလုံးပေါင်းသတ်ပုံ နှင့် အခြားနားမလည်နိုင်သော စာလုံးအက္ခရာများပါရှိတတ်သည်ကို နားလည်ပေးကြရန် တောင်းပန်အပ်ပါသည်။ သို့ဖြစ်ပါ၍ အချက်အလက် အမှန်ကို သိလိုက မူလ PDF ဖိုင်များကိုသာရယူကြရန် အသိပေးအပ်ပါသည်။
 
ဆန္ဒခံယူပွဲ၌ ကန့်ကွက်မဲပေးမည့်လှုပ်ရှားမှုများ ရန်ကုန်တွင်ပြုလုပ်၊ အာဏာပိုင်က လုံခြုံရေးတင်းကျပ် Print E-mail

ဆန္ဒခံယူပွဲ၌ ကန့်ကွက်မဲပေးမည့်လှုပ်ရှားမှုများ ရန်ကုန်တွင်ပြုလုပ်၊ အာဏာပိုင်က လုံခြုံရေးတင်းကျပ် (ဧရာဝတီအင်တာနက်မဂ္ဂဇင်းမှ ကူးယူဖော်ပြသည်)

စစ်အစိုးရတဖက်သတ်ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအားအတည်ပြုမည့် လူထုဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲ ပေးရန် စည်းရုံးလှုံ့ဆော်သည့် လှုပ်ရှားမှုများကို ရန်ကုန်တွင် ကျောင်းသားလူငယ်များက ဦးဆောင် ပြုလုပ်လျှက် ရှိသည်။ ကန့်ကွက်မဲပေးရေးလှုပ်ရှားမှုများကို အောင်ဆန်းမျိုးဆက်အဖွဲ့နှင့် မျိုးဆက်သစ် လူငယ်များအစည်းအရုံး (Generation Wave) တို့က ယခုအပတ်အစောပိုင်းတွင်စတင်ခဲ့ပြီး ဗုဒ္ဓဘာသာဝင် ကိုရင်တပါးက သပိတ်ကို မှောက်လျှက် ကိုင်ထားသည့် ပုံနှင့်ကန့်ကွက်ကြစို့ဟူသည့်စာသားပါဝင်သော စတေကာများကို ဖြန့်ဝေကြခြင်းဖြစ်သည်ဟု အောင်ဆန်းမျိုးဆက် အဖွဲ့နှင့် နီးစပ်သူတဦးက ဧရာဝတီကို ပြောသည်။ မြို့ထဲမှာရှိတဲ့တိုက်ခန်းတွေကို တခန်းပြီးတခန်းလိုက်ဝေတာ တော်တော်များနေပါပြီ၊ မနေ့ကတော့ ကျူရှင်ကြောငြာတွေလို စတေကာတွေကပ်ကြတယ်၊ မော်တော်ကားတွေမှာပါ လိုက်ကပ်တာ။ လုံခြုံရေးကတော့ ချထားတာအများကြီးပဲလမ်း ထောင့်တွေမှာ။ ဟိုနားစတေကာကပ်သွားလိုက်ခွာကြနဲ့ တရုန်းရုန်း ဖြစ်နေတာပေါ့ဟု အောင်ဆန်းမျိုးဆက်အဖွဲ့နှင့် နီးစပ်သူက ပြောသည်။ Generation Wave အဖွဲ့ကို ဦးဆောင်နေသူတဦးဖြစ်သည့် ကိုကျော်ကျော်ကဆန္ဒခံယူပွဲဆိုတဲ့နေရာမှာ ပွင့်လင်းညင်သာမှု ရှိဖို့လိုတယ်။ သူတို့ဘက်မှာက (အာဏာပိုင်) တရားဝင်ဖြန့်ချိနေတဲ့သတင်းစာကတဆင့် ဆန္ဒခံယူပွဲနဲ့ပတ်သက်ပြီး ထောက်ခံ ပါဆိုတဲ့အကြောင်း ဆောင်းပါးတွေမှာ ရေးလို့ရပါတယ်၊ ကျနော်တို့မှာက ရေးသားခွင့်၊ စည်းရုံးခွင့်မရှိဘူးဟု ဧရာတီကို ပြောသည်။

ကန့်ကွက်မဲပေးရေးလှုပ်ရှားမှုအား ဆန္ဒခံယူပွဲကို ဆန့်ကျင်သည်ဟူသည့် ဥပဒေပုဒ်မဖြင့် အရးယူပါက လက်ခံမည်မဟုတ် ကြောင်းလည်း ကိုကျော်ကျော်က ပြောသည်။ ကန့်ကွက်မဲပေးရေးလှုပ်ရှားသူများသည် ယမန်နေ့ကစ၍ စာအိပ်တွင်ခေါက်ထည့်ထားသည့် လက်ကမ်းစာစောင်များကို ရန်ကုန်မြို့လယ်၊ ဈေးများနှင့် ယုဇနဥယျာဉ် မြို့တော်တို့တွင် ဖြန့်ဝေကြကြောင်း သိရသည်။ အဆိုပါ လက်ကမ်းစာစောင်တွင် စက်တင်ဘာ အရေးအခင်းအတွင်း သံဃာတော်များ၊ ကျောင်းသား ပြည်သူများအား လက်နက်ကိုင် တပ်ဖွဲ့ဝင်များက ရိုက်နှက်နေပုံများလည်းပါဝင်ပြီးမဲရုံသွားပြီး ကန့်ကွက်မဲ ထည့်ကြပါဟူသည့် စာသား လည်း ပါဝင်သည်။ ယမန့်နေ့ကစ၍ ရန်ကုန်မြို့လယ်နှင့် လူစည်ကားရာနေရာများတွင် အာဏာပိုင်တို့က လုံခြုံရေးများ တင်းကျပ်စွာချထား သည်ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။ လုံခြုံရေးတင်းကျပ်ထားတာကတော့ ရန်ကုန်မြို့တွင်း မြို့နယ် အကုန်ပဲဗျ။ ဆူးလေဘုရားတ၀ိုက်မှာ အဓိက တင်းကျပ် တယ်ဟု ရန်ကုန်မြို့ခံက ပြောသည်။ လုံထိန်းတပ်သားများက သေနတ်၊ မျက်ရည်ယိုဗုံးနှင့် နံပါတ်တုတ်များကိုကိုင်ဆောင်ကာ လုံခြုံရေးယူထားခြင်း ဖြစ်သည် ဟုလည်း ၎င်းကဆက်ပြောသည်။ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီ သည် ယမန်နေ့က မြန်မာနိုင်ငံသို့ရောက်ရှိနေပြီး ၎င်းရောက်ရှိနေစဉ် ဆန္ဒပြလှုပ်ရှားမှုများပြုလုပ်မည်ကို စိုးရိမ်သောကြောင့် လုံခြုံရေးတင်းကျပ်ထားခြင်းဖြစ်သည်ဟု ရန်ကုန်မြို့ခံတချို့က သုံးသပ်ပြောဆိုကြပြီး ကျောင်းသားလူငယ်များ ကန့်ကွက်မဲ ပေးရေးလှုပ်ရှားမှုကို ပြုလုပ်နေသောကြောင့် လုံခြုံရေးတင်းကျပ်ခြင်း ဖြစ်သည်ဟု သုံးသပ်သူများလည်း ရှိသည်။

 
< Prev   Next >
 
Top! Top!