www.mamboteam.com
အဖွင့် စာမျက်နှာ arrow သတင်း arrow ပြည်တွင်းသတင်း arrow သာယာဝတီထောင်တွင် နိုင်ငံရေးအကျဉ်းသားတဦး သေဆုံး
Sunday, 12 October 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
ရယူရန်
ဓာတ်ပုံ
Newsflash
The contents on this site contain Burmese Unicode, so if you can not see the contents on this site please download Zawgyi-One font from Here . If you want to see some more details please just have a look here
 
Latest News
သာယာဝတီထောင်တွင် နိုင်ငံရေးအကျဉ်းသားတဦး သေဆုံး Print E-mail

သာယာဝတီထောင်တွင် နိုင်ငံရေးအကျဉ်းသားတဦး သေဆုံး
(ဧရာဝတီအင်တာနက်မဂ္ဂဇင်းမှ ကူးယူဖော်ပြသည်)

ပဲခူးတိုင်း သာယာဝတီထောင်တွင် အကျဉ်းချခံနေရသည့် ကိုအနူး (ခေါ်) ကိုဝင်းတင်သည် အဆုတ်ရောဂါဖြင့် ယမန်နေ့က သေဆုံးသွားကြောင်း သိရသည်။ ကိုအနူးသေဆုံးကြောင်းကို ယနေ့နံနက်ပိုင်းတွင် အာဏာပိုင်က အကြောင်းကြားသောကြောင့် ၎င်းတို့နေထိုင်ရာ ပဲခူးမြို့မှ သာယာဝတီထောင်သို့ မိသားစုဝင်များလိုက်သွားကြကြောင်း မိသားစုဝင်များနှင့် နီးစပ်သူတဦးက ဧရာဝတီကို ပြောသည်။ ကိုအနူးသည် ပဲခူးမြို့မှ အန်အယ်လ်ဒီပါတီဝင်တဦးဖြစ်ပြီး ၁၉၉၉ ခုနှစ် အာဇာနည်နေ့ဆန္ဒပြပွဲ၌ ပါဝင်ခဲ့သောကြောင့် ဇူလိုင်လ ၂၂ ရက်နေ့တွင် အာဏာပိုင်တို့၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။ ၁၉၉၉ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်တွင် ကိုအနူးအပါအ၀င် အာဇာနည်နေ့ ဆန္ဒပြပွဲတွင်ပါဝင်သူ ၂၆ ဦးခန့်ကို အာဏာပိုင်တို့က အလုပ်ကြမ်းနှင့် ထောင်ဒဏ်များ ချမှတ်ခြင်း ခံခဲ့ရသည်။ ကိုအနူးအား ပုဒ်မ /ည၊ ၁၇/၂၀၊ ၁၇/ စသော ပုဒ်မ ခုဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၂၄ နှစ် ချမှတ်ခဲ့သည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်ကထောင်တွေထဲမှာ ကျန်းမာရေးစောင့်ရှောက်မှုက လုံးဝမရှိဘူး။ ဒီပုံအတိုင်းသွားနေရင် ထောင်တွေထဲမှာ အကျဉ်းသားတွေ ထပ်သေနေဦ်းမှာပဲ။ ဒါဟာ မဖြစ်သင့်တဲ့ ကိစ္စဖြစ်တယ်ဟု ဧရာဝတီကို ပြောသည်။ ကိုအနူးသည် ၁၉၈၈ ခုနှစ် အထက်တန်းကျောင်းသားဘ၀ကတည်းက ဒီမိုကရေစီရေးလှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့သူဖြစ်ပြီး ပဲခူးမြို့ရှိ အခြေခံပညာကျောင်းသားသမဂ္ဂနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်တို့တွင်ပါဝင်ခဲ့သည်။ ၁၉၈၈ ခုနှစ်မှစ၍ အကျဉ်းထောင်များအတွင်းသေဆုံးသည့် နိုင်ငံရေးအကျဉ်းသားပေါင်း ၁၃၀ ကျော်ပြီဖြစ်ပြီး ကိုအနူးသည့် ၂၀၀၈ ခုနှစ်တွင် ပထမဆုံး အသက်ဆုံးရှုံးရသူ ဖြစ်သည်။

 
< Prev   Next >
 
Top! Top!