www.mamboteam.com
အဖွင့် စာမျက်နှာ arrow သတင်း arrow ပြည်တွင်းသတင်း arrow မနက်ဖြန် မစ္စတာ ဂန်ဘာရီနှင့် အန်အယ်လ်ဒီ ခေါင်းဆောင်များတွေ့မည်
Wednesday, 08 October 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
ရယူရန်
ဓာတ်ပုံ
Newsflash
ဤကွန်ယက်စာမျက်နှာပေါ်တွင် တင်ပြထားသော အကြောင်းအရာ အများစုမှာ PDF ဖိုင်မှတဆင့် ပြန်လည် ကူးယူဖော်ပြထားခြင်းဖြစ်သဖြင့် စာလုံးပေါင်းသတ်ပုံ နှင့် အခြားနားမလည်နိုင်သော စာလုံးအက္ခရာများပါရှိတတ်သည်ကို နားလည်ပေးကြရန် တောင်းပန်အပ်ပါသည်။ သို့ဖြစ်ပါ၍ အချက်အလက် အမှန်ကို သိလိုက မူလ PDF ဖိုင်များကိုသာရယူကြရန် အသိပေးအပ်ပါသည်။
 
Latest News
မနက်ဖြန် မစ္စတာ ဂန်ဘာရီနှင့် အန်အယ်လ်ဒီ ခေါင်းဆောင်များတွေ့မည် Print E-mail

မနက်ဖြန် မစ္စတာ ဂန်ဘာရီနှင့် အန်အယ်လ်ဒီ ခေါင်းဆောင်များတွေ့မည်
(ဧရာဝတီအင်တာနက်မဂ္ဂဇင်းမှ ကူးယူဖော်ပြသည်)

မြန်မာနိုင်ငံသို့ရောက်ရှိနေသော ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူး ကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီသည် မနက်ဖြန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း အန်အယ်လ်ဒီ က ပြောသည်။ စနေနေ့တွင် မစ္စတာ ဂန်ဘာရီနှင့် အန်အယ်လ်ဒီ ခေါင်းဆောင်ဆောင် ဦးတို့ကို စစ်အာဏာပိုင်များက တွေ့ဆုံခွင့်ပြုကြောင်း အကြောင်းကြားခဲ့သည်ဟု အန်အယ်လ်ဒီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။ မနက်ဖြန်မှာ အန်အယ်လ်ဒီ ဗဟိုအလုပ် အမှုဆောင် ဦးနဲ့ မစ္စတာ ဂန်ဘာရီတို့တွေ့ဆုံရပါမယ်၊ တွေ့ဆုံတဲ့ခါမှာ အန်အယ်လ်ဒီ အနေနဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးရေးနဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ပြောဆိုဆွေးနွေးဖို့ ရှိပါတယ်ဟု ဦးဥာဏ်ဝင်းက ပြောဆိုသည်။ ထို့ပြင် မစ္စတာဂန်ဘာရီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံနိုင်ရန်လည်း အန်အယ်လ်ဒီအနေနှင့် မျှော်လင့်ထားကြောင်း၊ သို့သော် တွေ့ခွင့်ပြုမပြုကိုမူ အတည်မပြုနိုင်သေးကြောင်းလည်း ၎င်းက ဆိုသည်။ မစ္စတာ ဂန်ဘာရီသည် နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း၊ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းနှင့် အခြေခံ ဥပဒေ အတည်ပြုဆန္ဒခံယူပွဲ ကျင်းပရေးကော်မတီ ဥက္ကဌ တရားသူကြီးချုပ် ဦးအောင်တိုးတို့နှင့် မနေ့ကနှင့် ယနေ့ တွင်တွေ့ဆုံ သည်ဟု ရန်ကုန်မြို့ရှိ အစိုးရတာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

ဗိုလ်မှူးချုပ် ကျော်ဆန်းနှင့် ဦးအောင်တိုးတို့အား မစ္စတာ ဂန်ဘာရီသည် ရန်ကုန်မြို့တွင် ယနေ့ နာရီ ကြာ တွေ့ဆုံခဲ့သည် ဟုလည်း ဆိုသည်။ ကမ္ဘာ့ကုလသမဂ္ဂ သတင်းနှင့်ပြန်ကြားရေး အင်တာနက်စာမျက်နှာတွင်လည်း မစ္စတာ ဂန်ဘာရီသည် ယမန်နေ့ က ရန်ကုန်မြို့သို့ရောက်ရှိပြီးနောက် နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း အပါအဝင် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ ဝန်ထမ်းများ၊ နိုင်ငံခြား သံအမှုထမ်းများ၊ အပြည် ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့(ICRC) ဌာနေကိုယ်စားလှယ် များနှင့် တွေ့ဆုံကြောင်း ဖော်ပြထားသည်။ ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် မစ္စတာဂန်ဘာရီသည် ၎င်း၏ ခရီးစဉ်အတွင်း မြန်မာလူထု ကိုယ်စားလှယ်များ၊ အတိုက်အခံအဖွဲ့များနှင့် တိုင်းရင်းသားအဖွဲ့များကို တွေ့ဆုံပြီး တိုင်ပင်ဆွေးနွေးမှုများပြုလုပ်နိုင်မည်ဟု မျှော်လင့် ကြောင်း၊ ပြီးခဲ့သော နောက်ဆုံးခရီးစဉ်တွင် ၎င်းသည် ထိုကဲ့သို့ ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ကြောင်း ပါရှိသည်။ မစ္စတာ ဂန်ဘာရီသည် ၂၀၀၇ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ကြိမ် လာရောက်၍ နအဖ စစ်ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အန်အယ်လ်ဒီ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ၎င်းသည် ဒုတိယအကြိမ်တွင် ဗိုလ်ချုပ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ခွင့်မရခဲ့ပေ။ ယင်းခရီးစဉ် များနှင့်ပတ်သက်၍လည်း ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် က တိုးတက်မှုနည်းပါး၍ စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ဖူးသည်။

 
< Prev   Next >
 
Top! Top!