www.mamboteam.com
အဖွင့် စာမျက်နှာ arrow မော်ကွန်းတိုက် arrow စစ်အစိုးရကို အန်အယ်ဒီ တရားစွဲ၊ ပယ်ချခံရ
Friday, 05 September 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
ရယူရန်
ဓာတ်ပုံ
Newsflash
ဤကွန်ယက်စာမျက်နှာပေါ်တွင် တင်ပြထားသော အကြောင်းအရာ အများစုမှာ PDF ဖိုင်မှတဆင့် ပြန်လည် ကူးယူဖော်ပြထားခြင်းဖြစ်သဖြင့် စာလုံးပေါင်းသတ်ပုံ နှင့် အခြားနားမလည်နိုင်သော စာလုံးအက္ခရာများပါရှိတတ်သည်ကို နားလည်ပေးကြရန် တောင်းပန်အပ်ပါသည်။ သို့ဖြစ်ပါ၍ အချက်အလက် အမှန်ကို သိလိုက မူလ PDF ဖိုင်များကိုသာရယူကြရန် အသိပေးအပ်ပါသည်။
 
စစ်အစိုးရကို အန်အယ်ဒီ တရားစွဲ၊ ပယ်ချခံရ Print E-mail

စစ်အစိုးရကို အန်အယ်ဒီ တရားစွဲ၊ ပယ်ချခံရ
(မဇ္ဈိမသတင်းဌာနမှ ကူးယူဖော်ပြသည်)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်သူ့လွှတ်တော် ဖွဲ့စည်းပေးရေး ပျက်ကွက်ခဲ့သည့် စစ်အစိုးရကို ယနေ့ တရားစွဲဆိုရာ တထိုင်တည်းနှင့်ပင် တရားရုံးချုပ်က ပယ်ချလိုက်သည်။ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ ဥပဒေ ၁/၉ဝ အပိုဒ် ၁၂ နှင့် ၈၉ ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၃ တို့အရ ပြည်သူ့လွှတ်တော်ကို ဖွဲ့စည်းပေးရန် နဝတ (ယခင်အမည်) အစိုးရ ကိုယ်တိုင် ပေးထားခဲ့သည့် ကတိကို လက်ရှိအာဏာရ နအဖ အစိုးရက ယနေ့အချိန်ထိ ဖြည့်ဆည်းပေးခြင်း မရှိသောကြောင့် အဖွဲ့ချုပ် တာဝန်ရှိသူ ၄ ဦး က တရားရုံးချုပ်တွင် အစိုးရကို ယနေ့တွင် တရားစွဲဆိုရာ တထိုင်တည်း ပယ်ချခံရခြင်း ဖြစ်သည်။ “တရားသွားစွဲတာ ကျနော်တို့ နေ့ခင်း ၁၂ နာရီလောက် ရောက်ပါတယ်။ ဟိုက်ကုတ်က လက်ထောက် ညွှန်ကြားရေးမှူးက ကျနော်တို့ လျှောက်လွှာကို ကြည့်ပါတယ်။ ကြည့်ပြီး ဘာမှမပြောဘဲ ထွက်သွားတာ တနာရီ၊ တနာရီခွဲလောက် ကြာပါတယ်။ ပြန်လာတော့မှ ကျနော်တို့ လျှောက်လွှာကို လက်မခံဘူး ပြောတယ်” ဟု NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။ တရားရုံးချုပ်သို့ သွားရောက် တရားစွဲဆို ခဲ့သူများမှာ NLD ဥက္ကဌ ဦးအောင်ရွှေ၊ NLD ရှေ့နေကြီး ဦးကြည်ဝင်း၊ NLD ရှေ့နေကြီး ဦးအောင်သိန်း၊ NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းတို့ ဖြစ်ကြသည်။

နအဖ အစိုးရအနေဖြင့် ၁၉၉ဝ ရွေးကောက်ပွဲ ကာလက နဝတ အစိုးရ၏   ပြည်သူ့လွှတ်တော် ခေါ်ယူရေး ကတိကို ဖြည့်ဆည်းခြင်း မရှိသည့်အပြင် နောက်ထပ် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာလာခြင်းကြောင့် ယခုလို တရားစွဲဆိုရခြင်း ဖြစ်သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။ ယခုလို လုပ်ဆောင်နေခြင်းသည် ပြည်သူလူထု၏ ဆန္ဒ၊ မဲပေးခဲ့သည့် မဲဆန္ဒရှင်များ၏ ဆန္ဒများကို ဆန့်ကျင်ရာ ရောက်နေသည်ဟုလည်း ဆက်ပြောသည်။ အဖွဲ့ချုပ်၏ တရားစွဲဆိုခြင်းကို တထိုင်တည်းပယ်ချသူမှာ တရားစီရင်ရေး အာဏာ အပြည့်ရှိသည့် တရားသူကြီးက မဟုတ်ဘဲ လက်ထောက် ညွှန်ကြားရေးမှူး (တရားမဌာန) ဖြစ်နေခြင်းမှာလည်း သဘာဝမကျဟု ဦးဉာဏ်ဝင်းက ပြောသည်။ “အဲဒီလို လက်မခံဘူး၊ လက်ခံတယ် ဆိုတဲ့ကိစ္စ ဘယ်လို အမှုမျိုးမှာမဆို အဲဒါ တရားသူကြီးဆီမှာ ရှိတဲ့ အာဏာ။ အခု လက်ထောက် ညွှန်ကြားရေးမှူး၊ ရုံးအဖွဲ့တို့ ဆိုတာ သူတို့က ပံ့ပိုးပေးရတဲ့ အဖွဲ့အစည်းတွေ၊ သူတို့မှာ တရားစီရင်ရေး အာဏာ မရှိဘူး။ တကယ်တော့ သူတို့ ကိုယ်တိုင် ဒီလို တရားစီရင်ရေး အာဏာ မရှိတဲ့အတွက် တရားသူကြီးကသာ ဒီလိုပြောပိုင်ခွင့် ရှိတယ်လို့ ကျနော်တို့ ဒီလိုပဲ ဥပဒေအရ နားလည်ထားပါတယ်” ဟု သူက ဆက်ပြောသည်။ သူက ဆက်လက်ပြီး “တရားဥပဒေတော့ ရှိတယ်။ လက်ခံမယ့် တရားရုံးက မရှိဘူးပေါ့။ ဒီထက် မြင့်တဲ့ တရားရုံးလည်း မရှိဘူး။ နောက်ထပ် ဘယ်လိုဆောင်ရွက်ရမယ် ဆိုတာ လာမည့် အပတ်မှာ ကျနော်တို့ ဆောင်ရွက်ပါမယ်။” ဟု ပြောသည်။

 
< Prev   Next >
 
Top! Top!